ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁) တတိယနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

         ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(တတိယနေ့) ကို (၂၀.၁.၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူး အဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင် (လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူး)က ဆောင်ရွက်ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦး၊ (၉၁.၁၈) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အထူးအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဝန်ကြီး ဦးတင်နွယ်ဦးမှလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဝန်ကြီး ဦးဝင်းမော်ဋ္ဌေးမှလည်းကောင်း၊ အလုပ်သမားရေးရာ ဝန်ကြီးဌာန၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဝန်ကြီး ဦးမြင့်ဆွေမှ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဝန်ကြီး ဦးမြင့်အောင်မှလည်းကောင်း ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဝန်ကြီး ဦးဆလိုင်းလှထွန်းမှလည်းကောင်း လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာများအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)တတိယနေ့ကို
(၁၂း၁၃)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် စတုတ္ထနေ့အစည်းအဝေးကို ၂၀၂၁ခုနှစ်
ဇန်နဝါရီလ(၂၁)ရက် (ကြာသပတေးနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လွှတ်‌တော်ဥက္ကဋ္ဌမှကြေညာ၍ အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်။