ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁) နေ့ စတုတ္ထနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

          ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(စတုတ္ထနေ့) ကို (၂၁.၁.၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူး အဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင် (လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူး)က ဆောင်ရွက်ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦး၊ (၉၁.၁၈) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အထူးအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ ()နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်၊
ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် ကလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏  ()နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်၊ စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကလည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ၊ ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်း ကလည်းကောင်း လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဆက်လက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်၊ ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင်ကလည်းကောင်း၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၏ ()နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်၊ မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးလှိုင်ဦးကလည်းကောင်း၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီ၏ ()နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး၊ချောက် မြို့နယ်မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းကလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ()နှစ်တာလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်၊ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းကလည်းကောင်း လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ကြပြီး ကော်မတီများ၏ ()နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာများကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် ၂၀၁၉၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ဌာနများသို့ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းစာရင်းများနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)စတုတ္ထနေ့ကို
(၁၁း၄၀)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေးကို ၂၀၂၁ခုနှစ်
ဇန်နဝါရီလ(၂၂)ရက် (သောကြာနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လွှတ်‌တော်ဥက္ကဋ္ဌမှ ကြေညာ၍ အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်။