ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁) နေ့ ပဉ္စမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

          ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(ပဉ္စမနေ့)ကို (၂၂.၁.၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားမှူး အဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင် (လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူး)က ဆောင်ရွက်ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦး၊ (၉၁.၁၈) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အထူးအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စည်ပင်သာယာရေးကော်မတီ၏ ()နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီ
အဖွဲ့ဝင်ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း က လည်းကောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၏ ()နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကိုကော်မတီအဖွဲ့ဝင်ဆင်ပေါင်ဝဲမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်လွင်ကလည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော်မတီ၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းအောင်ကလည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ (၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ် အမှတ်()မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်းကလည်းကောင်း  လွှတ်တော်သို့ ဖတ်ကြားတင်သွင်း ခဲ့ကြပြီး ကော်မတီများ၏ ()နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ များကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး(/၂၀၂၁)ကို တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များ၊ သတင်းမီဒီယာများ၊ တက်ရောက်လာကြသော ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ကြပါစေလို့ နှစ်သစ်ကူး ဆုမွန်ကောင်းများ တောင်းအပ်ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော် သက်တမ်း()နှစ်တာကာလအတွင်း လွှတ်တော်၏ဆောင်ရွက်ချက် အစီရင်ခံစာများ၊ လွှတ်တော် ရေးရာကော်မတီ(၁၁)ခု၏ အစီရင်ခံစာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဌာနတစ်ခုချင်းအလိုက် အစီရင်ခံစာများ၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့၏ ()နှစ်တာအစီရင်ခံစာများကို ဖတ်ကြားတင်သွင်းပြီး လွှတ်တော်တွင် မှတ်တမ်းတင်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် လွှတ်တော် မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားရှိသွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ရေးရာကော်မတီများ၏ ပြည်သူ့ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့်ချက်များကို အလေးထားပြီး အပင်ပန်းခံကြိုးပမ်း ဆောင်ရွက်ပေး ခဲ့ကြသည့်အတွက် အထူးပဲဂုဏ်ယူပါကြောင်း၊ မိမိတို့()နှစ်တာကာလအတွင်း နိုင်ငံ့တာဝန် ကျေပွန်မှုကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆက်လက်ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ကိုယ်စိတ်နှစ်ပါး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လာမည့်လွှတ်တော်သက်တမ်းတွင် ပြန်လည်ဆုံတွေ့ရကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁) ပဉ္စမနေ့ကို
(၁၁း၀၃)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁) အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။