ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၇) ပထမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်အထူးအစည်းအဝေးများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၇) ပထမနေ့ကို (၂၃.၁.၂၀၁၇)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦးတက်ရောက်၍ (၉၁.၁၈)ရာခိုင်နှုန်း တက်ရောက် သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာပါသည်။

မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ၊ ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခြင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာအား လွှတ်တော်သို့တင်သွင်းခြင်းနှင့် ရေးရာကော်မတီ(၅)ခုတို့မှ ဆွေးနွေးခဲ့ကြပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၇)ပထမနေ့ကို

(၁၀၅၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ၂၄ ရက် (အင်္ဂါနေ့)(၁၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။