
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးပထမနေ့ကို (၂၀.၂.၂၀၁၇)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၇.၀၆)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင်ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကိုလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး ကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီး(၇)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးသက်ခိုင်ကတိုင်းဒေသကြီးအတွင်းကုန်ပစ္စည်း များရောင်းချဝယ်ယူခြင်းပြုရာတွင် သုံးစွဲလျက်ရှိသော အလေး၊အချိန်အတွယ်၊တင်းတောင်းနှင့် အတိုင်းအတာ ဆိုင်ရာများကို ပုံမှန်စံကိုက်သုံးစွဲခွင့်ပြုရေး တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ် စီမံပေးရန် တိုက်တွန်းကြောင်းအဆိုကို လွတ်တော်သို့တင်သွင်းခဲ့ရာ တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းထွန်းကထောက်ခံဆွေးနွေးခဲ့ပြီးယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန်သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်က ကြေညာပါသည်။
ဆက်လက်ပြီးမကွေးတိုင်းဒေသကြီးလွှတ်တော်စိုက်ပျိုးမွေးမြူးရေးနှင့်ဆည်မြောင်းဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ရေစကြိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှဦးမင်းဟန်ကလွှတ်တော်သို့တင်သွင်းခဲ့ပြီး၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးတင့်ဆန်းကလွှတ်တော်သို့တင်သွင်းခဲ့ကြပြီးယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ဆက်လက်ဆောင်ရွက်နိုင်ရန်ပေးပို့သွားမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌကကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးပထမနေ့ကို(၁၂၀၀)နာရီအချိန်တွင်ရပ်နားကြောင်းနှင့်ဒုတိယနေ့အစည်းအဝေးကို၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ၂၁ရက်(အင်္ဂါနေ့)(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ၍အစည်း အဝေးကို ရုပ်သိမ်းခဲ့ပါသည်။