
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးဒုတိယနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးဒုတိယနေ့ကို (၂၁.၂.၂၀၁၇)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၇.၀၆)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင်ကြယ်ပွင့်ပြမေးခွန်း(၁၃)ခုကိုလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး ကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီး(၆)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေပြင်ဆင်ချက်အဆိုနှင့် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊သင်္ဘာဆိပ်များ၊ဆိပ်ခံများ နည်းဥပဒေပြင်ဆင်ချက်အဆိုတို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရေစကြိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမင်းဟန်ကလွှတ်တော်သို့တင်သွင်းခဲ့ပြီး ယင်းပြင်ဆင်ချက် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း လွှတ်တော်က ကြေညာပါသည်။
ဆက်လက်ပြီးမကွေးတိုင်းဒေသကြီးလွှတ်တော်ပညာရေး၊ကျန်းမာရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကိုကော်မတီအဖွဲ့ဝင် ထီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှဒေါ်ယဉ်ယဉ်အောင်နှင့်မကွေးတိုင်းဒေသကြီးလွှတ်တော်ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကိုကော်မတီအဖွဲ့ဝင်ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးစန်းကြူကလွှတ်တော်သို့တင်သွင်းခဲ့ပြီးယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့်မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ဆက်လက်ဆောင်ရွက်နိုင်ရန်ပေးပို့သွားမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌကကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးဒုတိယနေ့ကို(၁၂၀၀)နာရီအချိန်တွင်ရပ်နားကြောင်းနှင့်တတိယနေ့အစည်းအဝေးကို၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ၂၂ရက်(ဗုဒ္ဓဟူးနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ၍အစည်း အဝေးကို ရုပ်သိမ်းခဲ့ပါသည်။