
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၂၈.၉.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦးတက်ရောက်၍ (၉၁.၁၈)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး ဒုတိယနေ့တွင် မင်းတုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးလှိုင်ဦး တင်သွင်းခဲ့သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်သည့် ဌာနဆိုင်ရာများမှ ခန့်ထားခြင်းမရှိသေးသည့် ခွဲဝေရာထူးနေရာလပ်များ၊ လစ်လပ်ရာထူးနေရာများနှင့် နေ့စားရာထူး နေရာလပ်များအနက် မဖြစ်မနေခန့်ထားသင့်သော ရာထူးနေရာလပ်များအား ခန့်ထားနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၄)ဦးမှ ထောက်ခံဆွေးနွေးကာ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုရှင်၏ သဘောထားရယူ၍ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၂း၀၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် (သောကြာနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။