ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို (၁၁.၁၀.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၅၈)ဦးတက်ရောက်၍ (၈၅.၂၉)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ မိန့်ခွန်းပြောကြားခဲ့ကာ အဆိုပါမိန့်ခွန်းအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ဆက်လက်၍ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးနှင့် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်(၂)ဦးက ပြန်လည် ဖြေကြားခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီများအနက်မှ ကျန်ရှိသည့်ကော်မတီ (၅)ခုအား ပြည်လည်ပြင်ဆင်သည့် ကော်မတီဝင်များစာရင်းကို မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းက ဖတ်ကြားတင်သွင်းခဲ့ပြီး ယင်းကော်မတီ(၅)ခု ပြင်ဆင်ဖွဲ့စည်းမှုအား လွှတ်တော်၏ အတည်ပြုချက် ရယူ၍ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပ ပြီးစီးကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပြီး ဒသမနေ့ အစည်းအဝေးကို (၁၁၅၅)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်