
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၂-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ ၂ ရက်နေ့တွင် ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် မင်းတုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးလှိုင်ဦးက မင်းတုန်းမြို့နယ်၊ ပန်းတုန်းတမံကို တည်ဆောက်ပြီးချိန်မှစ၍ ယခုအချိန်အထိ အသုံးပြုနိုင်ခြင်းမရှိ ဖြစ်နေခြင်းအပေါ် ပြန်လည်စိစစ်ပြီး ပြင်ဆင်မွမ်းမံပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်က ဖြေကြားရာတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပန်းတုန်းကျေးရွာရှိ ပန်းတုန်းတမံသည် ပုသိမ် – မုံရွာကားလမ်းအနီး တည်ရှိပြီး ပန်းတုန်းတစ်ဖက်ပိတ်ကန် တည်ဆောက်သည့်နေရာ၏ အောက်ခံမြေသည် သဲဆန်သော ရေစိမ့်လွှာဖြစ်သဖြင့် ရေဝင်ရောက်နိုင်မှုနည်းသည့်နှစ်များတွင် ဝင်ရောက်လာသော ရေများကို သိုလှောင်ရေအဖြစ် ကြာရှည်ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ သဲဆန်သော ရေဝပ်ဧရိယာအတွင်း စိမ့်ဝင်သွားပါ သောကြောင့် ယခုနှစ် မိုးရာသီကာလ- ပန်းတုန်းတစ်ဖက်ပိတ်ကန်၏ ရေဝင်ရောက်မှု အခြေအနေကို စောင့်ကြည့်လေ့လာပြီး ပြန်လည်ပြုပြင်ပေးရန် လိုအပ်ချက်များကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိပါက ပြုပြင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။