
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၃-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၃ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ဆောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးကျော်မြင့်ကမကွေးတိုင်းဒေသကြီးအတွင်းရှိမြို့တိုင်းတွင်မိလ္လာကား(၁)စီးထားရှိပေးနိုင်ရန်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဇော်မင်းကဖြေကြားရာတွင်၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အတွင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်မကွေးတိုင်းဒေသကြီးအတွင်းရှိခရိုင် (၅)ခရိုင်အတွက်ခရိုင်(၁)ခရိုင်လျှင် (၁)စီးနှုန်းဖြင့်အီဇူဇူး(ISUZU) မိလ္လာယာဉ်အသစ်(၅)စီးဝယ်ယူပေးနိုင်ခဲ့ပါကြောင်း၊ခရိုင်များအတွင်းရှိမြို့နယ်များအတွက်လည်းလိုအပ်ချက်ရှိပါကခရိုင်တစ်ခုချင်းစီအတွက်ခွဲဝေပေးထားသောမိလ္လာယာဉ်ကိုအသုံးပြု၍ဆောင်ရွက်စေမည်ဖြစ်ပါကြောင်းနှင့်တိုင်းဒေသကြီးအစိုးရရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီးကျန်ရှိနေသောမြို့နယ်များအတွက်မိလ္လာယာဉ်အသစ်များထောက်ပံ့ပေးနိုင်ရန်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။