ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၃-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၃ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးဇော်ဝင်းကအုပ်ဖို – ပုထိုးလမ်းအားတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ပြင်ဆင်ပေးရန်အစီအစဉ်ရှိ/မရှိ၊သို့မဟုတ်ပါကပြည်ထောင်စုအဆင့်သို့ဆက်လက်တင်ပြ၍စီမံဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်ရှိအုပ်ဖို – ပုထိုးလမ်းအားပြုပြင်ဆောင်ရွက်ပေးမည်ဆိုပါကကျေးရွာ(၁၆)ရွာ၊အိမ်ခြေ (၁၆၆၇)၊လူဦးရေ (၈၄၈၄)ဦးအကျိုးပြုမည်ဖြစ်ပြီးအုပ်ဖို – ပုထိုးလမ်း (၉/၇)မိုင်အားပြုပြင်၍မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်ပေးရန်အတွက်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်ပြည်ထောင်စု (Main)ဘတ်ဂျတ်တွင်ထည့်သွင်းလျာထားပြီဖြစ်ကြောင်းရန်ပုံငွေရရှိမှုပေါ်မူတည်၍ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။