ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၃-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၃ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မင်းလှမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးမောင်ကိုကမင်းလှမြို့နယ်အနောက်ဘက်ပျဉ်းပင်-ကျောက်စားပွဲ-ပနီဆုံရွာချင်းဆက်လမ်းအားရာသီမရွေးသွားလာနိုင်သောအဆင့်မြင့်မြေသားလမ်းဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့်ရှိပါကမည်သည့်ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်အနောက်ဘက်ပျဉ်းပင်-ကျောက်စားပွဲ-ပနီဆုံရွာချင်းဆက်လမ်းအား (၄၀)ပေအကျယ်မြေသားလမ်းဖောက်၍မြေနီကျောက်စရစ်လမ်းသစ်အား၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်ရန်ပုံငွေရရှိရေးလျာထားတင်ပြသွားမည်ဖြစ်ပြီးရန်ပုံငွေရရှိပါကဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့်၎င်းလမ်းဖောက်လုပ်ပြီးပါကကျေးလက်အကျိုးပြုကျေးရွာ(၉)ရွာ၊အိမ်ခြေ (၁၁၇၃)လုံး၊လူဦးရေ(၄၈၉၀)ဦးတို့အတွက်ကျန်းမာရေး၊ပညာရေး၊စီးပွားရေး၊လူမှုရေးတို့အတွက်သွားလာမှုလွယ်ကူစေ၍အကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။