ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၄-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၄ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်နတ်မောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးသောင်းရွှေကမကွေးတိုင်းဒေသကြီး၊မြို့နယ်(၂၅)မြို့နယ်အတွင်းရှိမြို့တွင်းလမ်း၊လမ်းမကြီးများတွင်လမ်းညွှန်သတိပေးဆိုင်းဘုတ်များမြို့တွင်းမောင်းနှင်ရမည့်သတ်မှတ်မိုင်နှုန်းပါဆိုင်းဘုတ်များစိုက်ထူပေးနိုင်ခြင်းရှိ/မရှိနှင့်ယာဉ်အသီးသီးအားဥပဒေနှင့်အညီစောင့်ကြည့်ထိန်းကျောင်းနိုင်ခြင်းရှိ/မရှိသိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များ၏စည်ပင်သာယာရေးနယ်နိမိတ်များရှိမြို့တွင်းလမ်းများ၊လမ်းမကြီးများ၌ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှလမ်းညွှန်သင်္ကေတဆိုင်းဘုတ်(၁၉၅)ခု၊အရှိန်ထိန်းလျှပ်စစ်မီးသီး(၃၉)ခု၊အရှိန်ထိန်းတုံး(၃၅)ခု၊မီးပွိုင့်(၁၇)ခုနှင့်လူကူးမျဉ်းကျား(၁၇)ခုတို့ကိုဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊၂၀၁၈ခုနှစ်Mini Budgetကာလတွင်လည်းထပ်မံတပ်ဆင်ရန်လိုအပ်သည့်နေရာများအားအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊မြို့မိမြို့ဖများ၊NGO အသင်းအဖွဲ့များနှင့်ညှိနှိုင်းကာဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်လက်ရှိတပ်ဆင်ထားသောအချက်ပြမီးများ၊ဆိုင်းဘုတ်များကိုလည်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုသက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ရန်ပုံငွေဖြင့်လည်းကောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့မှခွင့်ပြုရန်ပုံငွေဖြင့်လည်းကောင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်လမ်းများပေါ်တွင်သွားလာနေသောအများပြည်သူများအသက်အန္တရာယ်နှင့်ယာဉ်အန္တရာယ်အမျိုးမျိုးမှကင်းဝေးစေရေးအတွက်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကိုယာဉ်အသွားအလာများသောနေရာများ၌နေ့စဉ်တာဝန်ချထားပြီးယာဉ်လမ်းရှင်းလင်းရေးအားစနစ်တကျဆောင်ရွက်နေသည့်အပြင်စည်းကမ်းဖောက်ဖျက်သောယာဉ်များအားစောင့်ကြည့်ထိန်းသိမ်း၍မော်တော်ယာဉ်ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြားခဲ့ပါသည်။