ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၄-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၄ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဒေါ်စန်းစန်းဝင်းကသင်္ကြန်ပွဲတော်အားယဉ်ကျေးစွာဆင်နွှဲနိုင်စေရန်၊အန္တရာယ်ကင်းစွာကျင်းပနိုင်စေရန်၊သရုပ်ပျက်ဝတ်စားဆင်ယင်မှုများမရှိစေရန်နှင့်အရက်သေစာရောင်းချသူများနှင့်သောက်စားသူများကိုမည်ကဲ့သို့ထိန်းသိမ်းကြပ်မတ်စီစဉ်ဆောင်ရွက်သွားမည်ကိုသိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီးတွင်သင်္ကြန်ပွဲတော်ကျင်းပနေစဉ်ကာလအတွင်းဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ရေကစားမဏ္ဍပ်များတွင်လုံခြုံရေးဆောင်ရွက်ပေးခြင်း၊CCTVကင်မရာများတပ်ဆင်ခြင်း၊လမ်းဆုံလမ်းခွများနှင့်လူစည်ကားသည့်လမ်းများတွင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းဆောင်ရွက်ပေးခြင်း၊“ယာဉ်များမဝင်ရ”နေရာများအားသီးခြားသတ်မှတ်၍ယာဉ်ရပ်နားရမည့်နေရာများအားသတ်မှတ်ပေးခြင်းနှင့်ရပ်တန့်စေခြင်း၊အဓိကကျသည့်ယာဉ်သွားလမ်းမကြီးများတွင်သတိပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ယာဉ်မောင်းသူများအားအရက်သေစာသောက်စားထားခြင်းရှိ/မရှိစစ်ဆေးခြင်းများကိုသတ်မှတ်နေရာရွေးချယ်၍ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်အတူစစ်ဆေးခြင်း၊သင်္ကြန်ကာလမတိုင်ခင် (၁၆-၃-၂၀၁၈)ရက်နေ့မှစ၍စတင်ဆောင်ရွက်လျက်ရှိသည့်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအားသင်္ကြန်ကာလအတွင်းပိုမိုအရှိန်အဟုန်မြှင့်တင်၍စစ်ဆေးဆောင်ရွက်ခြင်းများစီစဉ်ဆောင်ရွက်ထားလျက်ရှိပြီးသင်္ကြန်ပွဲတော်ကာလနီးကပ်လာပါကအသေးစိတ်စီမံချက်များရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်မဟာသင်္ကြန်ပွဲတော်ကာလအတွင်းပြည်သူများစိတ်အေးချမ်းသာစွာရေကစားနိုင်ရေး၊အရက်သေစာသောက်စားမူးယစ်ရမ်းကားခြင်းများမရှိစေရေး၊ဆိုင်ကယ်များအိတ်ဇောဖြုတ်၍ဆူညံစွာနှင့်အရှိန်ပြင်းစွာမောင်းနှင်မှုမရှိစေရေးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုခံယူ၍ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။