
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၄-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၄ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဒေါ်ခင်ချိုလတ်ကမကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့အနေဖြင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအားကျေးရွာများအထိမည်သို့စီမံဆောင်ရွက်ထားပြီးမီးသတ်ကားများအလွယ်တကူဝင်ရောက်နိုုင်သောကျေးရွာတွင်းလမ်းများအားစနစ်တကျစီမံဆောင်ရွက်သွားရန်အစီအစဉ်ရှိ/မရှိနှင့်တိုင်းဒေသကြီးအတွင်းရှိကျေးရွာများအားမီးသတ်ဆေးဗူး (သို့) ဒိုင်းရှင်းစက်များပံ့ပိုးကူညီသွားရန်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီးတွင်သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊အရန်မီးသတ်ခေါင်းဆောင်များပါဝင်သောမီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးများပြုလုပ်ပြီးမီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍မီးငြှိမ်းသတ်ရေးအတွက်ရေလုံလောက်စွာရရှိရေး၊မီးသတ်ယာဉ်ဝင်/ထွက်လမ်းများကောင်းမွန်စေရေး၊ရပ်ကွက်/ကျေးရွာများတွင်မီးကင်းများချထားနိုင်ရေး၊အရေးပေါ်ဖြစ်ပွားပါကမီးသတ်ဦးစီးဌာနသို့အချိန်မီဆက်သွယ်ဆောင်ရွက်နိုင်ရေးတို့ကိုပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှကျေးရွာများသို့မီးသတ်ဆေးဗူး (သို့) ဒိုင်းရှင်းစက်များပံ့ပိုးကူညီနိုင်ရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံဘဏ္ဍာရေးနှစ်အလိုက်ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီးခွင့်ပြုပါကမီးဘေးအန္တရာယ်စိုးရိမ်ရသောဒေသများသို့ဖြည့်တင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။