
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၄-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၄ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မင်းလှမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးလှိုင်မြင့်သန်းကမင်းလှမြို့နယ်၊ထန်းကိုင်းအုပ်စု၊ရွာသစ်ကျေးရွာအ.မ.ကကျောင်းမြေနေရာအားတရားဝင်သိမ်းဆည်းထားခြင်း၊ကျောင်းဆောက်လုပ်ရန်မြေငှားဂရန်ရရှိထားခြင်းရှိ/မရှိနှင့်သိမ်းဆည်းမြေနေရာအကျယ်အဝန်းမှန်ကန်မှုရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၊ထန်းကိုင်းကျေးရွာအုပ်စု၊ရွာသစ်ကျေးရွာအ.မ.ကကျောင်းမြေနေရာအားခြံစည်းရိုးခတ်ရာတွင်ပိုင်ရှင်ရှိသောယာမြေများအားကျူးကျော်၍ခြံစည်းရိုးခတ်ထားပါသဖြင့်ကျူးကျော်ထားသောမြေနေရာအားမူလပိုင်ရှင်ထံပြန်လည်ရရှိရေးတောင်းဆိုလာပါသဖြင့် (၂၉.၃.၂၀၁၇) ရက်နေ့တွင်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊စိုက်ပျိုးရေးဌာနတို့မှပုဂ္ဂိုလ်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖတို့စုဖွဲ့ကာလွှတ်တော်ကိုယ်စားလှယ်များဖြင့်သွားရောက်ကြည့်ရှုတိုင်းတာပေးခဲ့ပါကြောင်း၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှမြေစာရင်းပုံစံ(၁၀၅)အရကျောင်းဝိုင်းခြံစည်းရိုးသည်ကျူးကျော်မှုမရှိကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့တင်ပြသဖြင့်ဆက်လက်၍အရေးယူတိုင်ကြားခြင်းမပြုရန်တိုင်ကြားသူဒေါ်သန်းဝင်းအားချပြရှင်းလင်းရေးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှမြို့နယ်အုပ်ချုပ်ရေးမှူးထံညွှန်ကြားထားပြီးဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။