
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၄-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၄ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးစန်းကြူကပဒါန်းအခြေခံပညာအထက်တန်းကျောင်းအတွက်လိုအပ်သောအထက်တန်းပြဆရာ/ဆရာမများတိုးမြှင့်ခန့်ထားပေးရန်အစီအစဉ်ရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်၊ပဒါန်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင်အထက်တန်းအဆင့်သင်ကျောင်းသား/သူဦးရေ (၉၁၈)ဦးနှင့်အထက်တန်းပြခွဲဝေ (၁၁)ဦး၊ခန့်ထား(၁၁)ဦးဖြင့်ပညာသင်ကြားလျက်ရှိပါကြောင်း၊သို့သော်ကျောင်းသား၊ဆရာအချိုးအရဆရာကန့်သတ်အင်အား (၂၀)ဦးဖြစ်သောကြောင့်အထက်တန်းပြဆရာ (၉)ဦးလိုအပ်နေပါသဖြင့်မကွေးတိုင်းဒေသကြီးအတွင်းရှိအခြေခံပညာအထက်တန်းကျောင်းများတွင်လိုအပ်လျက်ရှိသောအထက်တန်းပြဆရာ/ ဆရာမများအားဖြည့်ဆည်းခန့်ထားပေးနိုင်ရန်အတွက်စည်းမျဉ်းစည်းကမ်း၊မူဘောင်များနှင့်အညီလုပ်သက်များ/ နည်းအလိုက်တန်းစီဇယားများပြုလုပ်ဆောင်ရွက်၍ (၃၁.၃.၂၀၁၈)ရက်နေ့တွင်အခြေခံပညာဦးစီးဌာန၊နေပြည်တော်သို့တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။