ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၄-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၄ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးအေးကျော်ကပြလို့ကျေးရွာအုပ်စု၊ပြလို့မြင့်ကျေးရွာအနီးရှိသစ်သားတံတားအားသံကူကွန်ကရစ်တံတားအဖြစ်အဆင့်မြှင့်တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်ရှိပါကမည်သည့်ဘဏ္ဍာနှစ်တွင်တည်ဆောက်ပေးမည်ကိုသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊အောင်လံမြို့နယ်၊ပြလို့-ပြလို့မြင့်-ပြကြီး-စီရွာ-ဆင်တုတ်-အင်းတောသာ-အင်းရွာကြီး-ကျောက်စောင်းလမ်းသည်အရှည်(၁၅/ဝ)မိုင်ရှိ၍ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းဖြစ်ပြီးကျေးရွာ(၁၈)ရွာ၊အိမ်ခြေ(၂၇၉၃)၊လူဦးရေ(၁၁၈၈၇)ဦးအကျိုးပြုသည့်လမ်းဖြစ်ပါကြောင်း၊အဆိုပါလမ်းပေါ်ရှိမိုင်တိုင်(ဝ/၀)မိုင်နှင့် (ဝ/၁)မိုင်အတွင်းပြလို့မြင့်တံတားသည် (၁၆.၂.၂၀၁၈)ရက်နေ့တွင်တံတားကြမ်းခင်းများပျက်စီးကျိုးပေါက်ခဲ့သဖြင့်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရန်အတွက်အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှအသေးစားပြင်ဆင်မှုအားပြုလုပ်ထားရှိပါကြောင်း၊အဆိုပါတံတားသည်သစ်သားတံတားအဆင့်သာရှိပြီးကြံ့ခိုင်မှုအားနည်းနေပါသဖြင့်သံကူကွန်ကရစ်တံတားတည်ဆောက်ရန်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်၊ပြည်ထောင်စု(၁၂)လရန်ပုံငွေဖြင့်ဆောင်ရွက်ရန်လျာထားပါကြောင်းဖြေကြားခဲ့ပါသည်။