ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၄-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၄ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ထီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးဌေးဝင်းကထီးလင်းမြို့နယ်၊တောင်အင်းရွာ(၂)ရွာကူးဘေလီတံတားဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်၊တောင်အင်းကျေးရွာ၊တောင်အင်းရွာလယ်လမ်းသည်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းမဟုတ်ဘဲရွာတွင်းလမ်းသာဖြစ်ပါကြောင်း၊အဆိုပါလမ်းအားဒေသလိုအပ်ချက်ရှိပါကကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းအဖြစ်သိမ်းသွင်းနိုင်ရေးအထက်ဌာနအဆင့်ဆင့်သို့တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီးလမ်းစာရင်းအမည်ပေါက်ပြီးပါကတောင်အင်းကျေးရွာ၊ရွာလယ်တံတားခန့်မှန်းပေအရှည် (၂၀၀)ပေခန့်မှန်းကုန်ကျငွေကျပ် (၄၄၀)သန်းအတွက်ရန်ပုံငွေတင်ပြတောင်းခံ၍ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီးဦးစားပေးလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။