ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၅-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၅ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးအောင်သန်းကပေါက်မြို့နယ်၊သီးခြောက်-ဒေါင်းသာရေလွှဲမြောင်းမှစွယ်စုံလက်တံနှင့်မင်းလက်တံတို့အားရေပေးသွင်းနိုင်သည့်ပင်းတားကြီးအောက်ဘက်ပေ(၁၅၀/၂၀၀)ခန့်အကွာတွင်လက်တံအောက်ခြေမှရေစားကျိုးပေါက်နေရာလယ်သမားထုလုပ်အားဖြင့်ခက်ခဲမှုကြီးစွာပိတ်ဆို့နေရသည့်အတွက်၎င်းစွယ်စုံလက်တံရင်းနံရံအပေါက်ကိုကွန်ကရစ်ဖြင့်ပိတ်ဆို့ပေးရန်တင်ပြလာမှုအပေါ်မည်သို့ဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်ကဖြေကြားရာတွင်သီးခြောက်တူးမြောင်းမကြီး၏လက်တံများရှိရေထိန်းတံခါးအဆောက်အဦများနှင့်ရေတံခါးများအားပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအား၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရဒုတိယ(၁၂)လရန်ပုံငွေတွင်ထည့်သွင်းတင်ပြတောင်းခံပြီးရန်ပုံငွေရရှိမှုအပေါ်မူတည်၍ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊သပွတ်စုကျေးရွာအဝင်လမ်း၏အောက်ဘက်မှစ၍မြောင်းမကြီးအရှေ့ဘက်နှင့်တောင်ဘက်မြောင်းတာပေါင်လမ်း၊ဒေါင်းသာကျေးရွာနှင့်တောင်ချိုကျေးရွာတောင်ဘက်ရှိအရှေ့ဘက်မြောင်းပေါင်အားယာယီအစီအစဉ်ဖြင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီးမူလသတ်မှတ်ထားသည့်မြောင်းပေါင်အကျယ် (၁၄)ပေရရှိအောင်အခိုင်အမာဆောင်ရွက်ခြင်းလုပ်ငန်းအားလည်းကောင်း၊သီးခြောက်မြောင်းပေတိုင် (၂၈၅၀၀)ရှိဒေါင်းသာကွင်းနှင့်သပွတ်စုကွင်းအတွက်ရေပေးဝေသည့်စွယ်စုံလက်တံနှင့်မင်းလက်တံမြောင်းတို့ကိုရေပေးဝေနေသည့်ပင်းတားအားပြုပြင်ခြင်းလုပ်ငန်းအားလည်းကောင်း၊စွယ်စုံလက်တံနှင့်မင်းလက်တံအတွင်းသို့အဆင်ပြေချောမွေ့စွာ

ရေပေးဝေနိုင်ရေးအတွက်စွယ်စုံလက်တံထိပ်ရှိပင်းတားအနီးလက်တံအောက်ခြေမှရေစား၍ချိုင့်ဖြစ်နေသောနေရာအားမြေပြန်ဖို့ခြင်း၊လက်တံမြောင်းပေါင်အားဖြည့်ခြင်းနှင့်စွယ်စုံလက်တံရင်းမြောက်ဘက်နံရံအပေါက်ကိုကွန်ကရစ်ဖြင့်ယာယီပြုပြင်လျက်ရှိပြီးအခိုင်အမာပြုပြင်ခြင်းလုပ်ငန်းများကိုလည်းကောင်း၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ်၊တိုင်းဒေသကြီးအစိုးရဒုတိယ(၁၂)လရန်ပုံငွေစာရင်းတွင်တင်ပြတောင်းခံ၍ရရှိပါကဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။