ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၅-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၅ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မင်းလှမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးလှိုင်မြင့်သန်းကမင်းလှမြို့နယ်အတွင်းရှိတလုပ်ပင်ကိုင်းကျေးရွာမူလတန်းကျောင်းအားကျောင်းဆောင်အသစ်ဆောက်လုပ်ပေးနိုင်ရေးကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ/ မရှိသိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်အတွင်းရှိတလုပ်ပင်ကိုင်းကျေးရွာမူလတန်းကျောင်းတွင် (၄၀×၁၈)ပေသွပ်မိုး၊ထရံကာ၊မြေသားခင်းတစ်ထပ်ကျောင်းဆောင်တစ်ဆောင်နှင့်စုစုပေါင်းကျောင်းသားဦးရေ (၁၇)ဦးရှိပါကြောင်း၊အဆိုပါကျောင်းဆောင်သည်၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင်တည်ဆောက်ရန်ကျန်အန္တရာယ်ရှိကျောင်းများစာရင်းတွင်ပါရှိပြီးဖြစ်ပါသည်။သို့ဖြစ်ပါ၍ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် (၆၀×၃၀)ပေType-C တစ်ထပ်ကျောင်းဆောင်ဆောက်လုပ်ရန်မြို့နယ်ဦးစားပေးအစီအစဉ်အရလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။