ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၅-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၅ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဒေါ်မြင့်စန်းကပေါက်မြို့နယ်၊သမားတော်ကျေးရွာအုပ်စု၊ရေပြာကျေးရွာတိုက်နယ်ဆေးရုံမြေနေရာသိမ်းယူခဲ့စဉ်ကတောင်သူ(၄)ဦးအတွက်အစားထိုးမြေဖော်ဆောင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်ဆက်စပ်ပြဿနာများကိုဖြေရှင်းပေးရန်အစီအစဉ်ရှိ/ မရှိသိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးကဖြေကြားရာတွင်ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပေါက်မြို့နယ်မြေယာစီမံခန့်ခွဲရေးကော်မတီနှင့်တိုက်နယ်ဆေးရုံဖြစ်မြောက်ရေးကော်မတီတို့မှပေါက်မြို့နယ်၊ရေပြာကျေးရွာတွင် (၁၆)ကုတင်ဆ့ံ့စံကိုက်တိုက်နယ်ဆေးရုံဆောက်လုပ်ပေးရန်မူလလျာထားသည့်ကွင်းအမှတ်(၁၅၆)ရေပြာကွင်းအတွင်းရှိပုသိမ်-မုံရွာအနောက်ဘက်ခြမ်းတွင်ရှိသောOA မြေဖြစ်သောဦးအောင်မြသန်းနှင့်ဒေါ်နှင်းဝေပိုင်မြေဧက (၁.၂၅)နှင့်ဦးတင်ရှိန်ပိုင်မြေဧက (၁.၀၂)ဧက၊စုစုပေါင်းဧက (၂.၂၇)မြေကိုဦးဝင်းနိုင်ပါ (၄)ဦးအားနစ်နာမှုမရှိအောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့်သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့တို့မှအစားထိုးမြေအဖြစ်ပေးအပ်ရန်ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်းညှိနှိုင်းမှုမှာအောင်မြင်ခြင်းမရှိခဲ့ပါကြောင်း၊ယခုအချိန်တွင်ရေပြာတိုက်နယ်ဆေးရုံကိုစံကိုက်တိုက်နယ်ဆေးရုံအဆောက်အဦနှင့်အညီဦးဝင်းနိုင်ပါ(၄)ဦး၏မြေယာပေါ်တွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက်အဆိုပါ(၄)ဦး၏ပိုင်ဆိုင်မှုယာမြေကိုလျော်ကြေးငွေများထောက်ပံ့ပေးလျော်နိုင်ရေးအတွက်စိစစ်မှုများကိုအဆင့်လိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။