
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၅-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၅ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးသက်နိုင်ကမြိုင်မြို့နယ်၊မကျီးကန်အုပ်စု၊ကန်ကြီးရွာမှမြို့ခင်းသာရွာ၊စိုတောရွာ၊ဆယ်တောရွာ၊ဘုန်းကြီးကံရွာ၊ကျောက်ကန်ရွာသို့ (၈.၅)မိုင်ခန့် (၁၁)ကေဗွီဓါတ်အားလိုင်းတည်ဆောက်ပေးရန်အစီအစဉ်ရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်ကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊မြိုင်မြို့နယ်၊မကျီးကန်ကျေးရွာအုပ်စု၊ကန်ကြီးကျေးရွာမှမြို့ခင်းသာ၊စိုတောကျေးရွာများလျှပ်စစ်ဓါတ်အားရရှိရေးအတွက် (၁၁)ကေဗွီဓါတ်အားလိုင်း (၄)မိုင်တည်ဆောက်ခြင်းလုပ်ငန်းအား၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မကွေးတိုင်းဒေသကြီးထည့်သွင်းလျာထားဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ကျန်ကျေးရွာများဖြစ်သောဆယ်တောကျေးရွာ၊ဘုန်းကြီးကန်ကျေးရွာ၊ကျောက်ကန်ကျေးရွာများလျှပ်စစ်ဓါတ်အားရရှိရေးအတွက် (၁၁)ကေဗွီဓါတ်အားလိုင်း (၄.၅)မိုင်တည်ဆောက်ခြင်းလုပ်ငန်းအား၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မကွေးတိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေမှစတင်၍ဘတ်ဂျက်နှစ်အလိုက်လျာထားတင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီးဘတ်ဂျက်ငွေရရှိမှုအပေါ်မူတည်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။