ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၅-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၅ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဒေါ်ညိုညိုဦးကဝါးမထွက်ရှိသောဒေသများမှသစ်တောဝန်ထမ်းများသည်ဝါးထွက်ရှိသောစေတုတ္တရာမြို့နယ်မှလာသောဝါးကားများကိုအခွန်ငွေကောက်ခံနေမှုအားအမြန်ဆုံးတားဆီးပေးရန်အစီအစဉ်ရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်ကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီးစေတုတ္တရာမြို့နယ်သည်ဝါးပေါက်ရောက်မှုကောင်းမွန်ပါသဖြင့်ဝါးထုတ်လုပ်ရန်လျှောက်ထားလာသူများရှိပါကဝါးတောဧရိယာများသို့ကွင်းဆင်းစစ်ဆေးပြီးအမှန်ထုတ်လုပ်နိုင်မှု

ရှိပါက (၂)ဆ၊(၃)ဆနှုန်းအထိပိုမိုထုတ်လုပ်နိုင်ပါကြောင်း၊ပိုမိုထုတ်လုပ်ပါကတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေပိုမိုရရှိမည်ဖြစ်၍ခွင့်ပြုပေးနေလျက်ရှိပါကြောင်းနှင့်စေတုတ္တရာမြို့နယ်မှအခွန်ဆောင်ပြီးခွင့်ပြုစာရွက်စာတမ်းများနှင့်အတူသယ်ဆောင်လာသည့်ဝါးကားများအားဝါးထွက်ရှိမှုမရှိသည့်မြို့နယ်များမှထပ်မံ၍အခွန်တော်ကောက်ခံနေမှုမရှိပါကြောင်း၊ဝါးထုတ်သည့်မြို့နယ်တွင်အခွန်တော်ငွေပေးဆောင်ခြင်းမရှိဘဲအခြားပစ္စည်းများနှင့်အတူတင်ဆောင်လာသောယာဉ်များပေါ်ပါရှိသည့်ကိုယ်ပိုင်သုံးဝါးများကိုသာအခြားမြို့နယ်များမှဝါးအခွန်တော်ငွေဖြတ်ပိုင်းဖြင့်စီးပွားရေးကုန်သွယ်ရန်မဟုတ်သည့်ဝါးအလုံးအရေအတွက်သတ်မှတ်ချက်အတိုင်းသစ်တောဦးစီးဌာန၏လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များနှင့်အညီကောက်ခံဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြားခဲ့ပါသည်။