ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၅-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၅ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးတင့်ဆန်းကပွင့်ဖြူမြို့နယ်၊မဲဇလီကျေးရွာအုပ်စု၊ဆည်ကုန်းကျေးရွာလျှပ်စစ်ဓါတ်အားလိုင်းရရှိရန်အတွက်တည်ဆောက်ပေးရန်အစီအစဉ်ရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်ကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်၊မဲဇလီကျေးရွာအုပ်စု၊ဆည်ကုန်းကျေးရွာတွင်

အိမ်ခြေ(၄၅)အိမ်ခန့်ရှိပြီး၊အဆိုပါကျေးရွာလျှပ်စစ်ဓါတ်အားရရှိရေးအတွက် (၁၁)ကေဗွီဓါတ်အားလိုင်း(၆၀၀)ပေ၊ (၁၁/ဝ.၄)ကေဗွီ၊ (၁၀၀)ကေဗွီအေထရန်စဖော်မာ(၁)လုံးနှင့် (၄၀၀)ဗို့ဓါတ်အားလိုင်း (၁၅၄၀)ပေတည်ဆောက်ပေးရမည်ဖြစ်ပြီး၊ (၁၁)ကေဗွီဓါတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့်ထရန်စဖော်မာတည်ဆောက်ခြင်းလုပ်ငန်းများအား၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မကွေးတိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေမှစတင်၍ဘတ်ဂျက်နှစ်အလိုက်လျာထားတင်ပြ၍ဘတ်ဂျက်ငွေရရှိမှုအပေါ်မူတည်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့်ကျေးရွာတွင်း (၄၀၀)ဗို့ဓါတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းအားကျေးရွာအစီအစဉ်ဖြင့်သာဆောင်ရွက်သင့်ပါကြောင်းဖြေကြားခဲ့ပါသည်။