
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၆-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၆ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးကျော်စွမ်းရည်ကမင်းဘူး(စကု)မြို့နယ်မှပြောင်းရွှေ့ခံခဲ့ရသည့်ROC ကျေးရွာသားများအတွက်နေရာအစားပြန်လည်ရရှိနိုင်ရေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကူညီဆောင်ရွက်ပေးနိုင်ခြင်းအစီအစဉ်ရှိ/မရှိ
သိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦးကဖြေကြားရာတွင်ROC ကျေးရွာရှိကျေးရွာသူ/ ကျေးရွာသားများသည်နေရာအတည်တကျမရှိအနှံ့အပြားရောက်ရှိနေရာမှကျေးရွာ(၁)ရွာအဖြစ်အတည်တကျနေထိုင်နိုင်ရေးအတွက်မင်းဘူး(စကု)မြို့နယ်၊မင်းဘူး-မင်းလှကားလမ်းမိုင်တိုင်အမှတ်(၈/၁)နှင့်
(၈/၃)ကြား၏အရှေ့ဘက်ခြမ်းရှိကွင်းအမည်စိုင်ရှင်ကွင်း၊ကွင်းအမှတ်(၁၄၁၅)၊တောင်သူဒေါ်လှရီပိုင်ဆိုင်သော
ဦးပိုင်အမှတ်(၃၈/၃)၊မြေဧရိယာ(၇.၂၅)ဧကအားမြေ(၁)ဧကလျှင်ကျပ်(၂၀)သိန်းနှုန်းစုစုပေါင်းငွေကျပ်(၁၄၅)သိန်း
ဖြင့်ဝယ်ယူရန်လျာထားဆောင်ရွက်မှုရှိနေပြီးငွေပေးချေနိုင်မှုမရှိသဖြင့်ကျေးရွာအဖြစ်ရွာတည်၍နေထိုင်နိုင်ရန်အခက်အခဲဖြစ်ပေါ်နေကြောင်း၊သို့ဖြစ်ပါ၍၁၉၉၂ခုနှစ်တွင်ပြောင်းရွှေ့ခဲ့ရသည့်ROC ကျေးရွာအားနေရာအစားပြန်လည်ရရှိနိုင်ပြီးကျေးရွာသူ/သားများတည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရန်မြေနေရာအတွက်ကျသင့်ငွေ (၁၄၅)သိန်းအားတိုင်းဒေသကြီးအခွန်ဝေစုရငွေမှကျခံပေးသွားရန် (၃-၄-၂၀၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်သည့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၈)၊ဆုံးဖြတ်ချက်အပိုဒ်(၄)အရခွင့်ပြုပြီးဖြစ်ပါသဖြင့်ရွာသာယာကျေးရွာအုပ်စု၏ရွာခွဲတစ်ရွာအဖြစ်ရှိစေရေးအတွက်လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပေးနိုင်ရေးမြို့နယ်အဆင့်မှအမှုတွဲတည်ဆောက်ပြီးဆက်လက်တင်ပြပေးသွားရန်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်