ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၆-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၆ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဒေါ်သက်မွန်အေးကဝန်ချောင်းတမံတည်ဆောက်ရာတွင်ပါဝင်သွားသောလယ်ယာမြေများ၏နစ်နာကြေး၊လျော်ကြေးများကိုတောင်သူများရရှိနိုင်ရေးဆောင်ရွက်ပေးနိုင်ခြင်းရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်ကဖြေကြားရာတွင်ဝန်ချောင်းတမံအား၁၉၈၃-၁၉၈၄ခုနှစ်တွင်ဒေသခံများမှကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ပြီး၁၉၉၁ခုနှစ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေပိုလွှဲပျက်စီးမှုဖြစ်ပေါ်ခဲ့ပါသဖြင့်ဆည်မြောင်းဦးစီးဌာနမှစီမံကိန်းတစ်ရပ်အနေဖြင့်၁၉၉၂-၁၉၉၃ခုနှစ်တွင်ပြန်လည်ပြုပြင်တည်ဆောက်ပေးခဲ့ရာ၁၉၉၃-၁၉၉၄ခုနှစ်တွင်ပြီးစီးခဲ့ပါကြောင်း၊အဆိုပါဝန်ချောင်းတမံသည်၁၉၉၂-၁၉၉၃ခုနှစ်ကာလအပိုင်းအခြားတွင်ဆောင်ရွက်ခဲ့သောကြောင့်၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေ၊နည်းဥပဒေများမပြဌာန်းခဲ့စဉ်ကဆောင်ရွက်ခဲ့သောလုပ်ငန်းများဖြစ်ခြင်း၊ဒေသ၏လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်အခြေခံအဆောက်အအုံများအဖြစ်အကောင်အထည်ဖော်တည်ဆောက်ပေးခဲ့သောလုပ်ငန်းများဖြစ်ခြင်းတို့ကြောင့်လယ်ယာမြေနစ်နာဆုံးရှုံးမှုများကိုလျော်ကြေးပေးချေနိုင်ခြင်းမရှိခဲ့ပါကြောင်း၊သို့ဖြစ်ပါ၍၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေ၊နည်းဥပဒေများမပြဋ္ဌာန်းခင်ကဆောင်ရွက်ခဲ့သောလုပ်ငန်းများအတွက်လျော်ကြေးပေးချေရန်အစီအစဉ်မရှိပါကြောင်းဖြေကြားခဲ့ပါသည်။