ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၂-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ ၂ ရက်နေ့တွင် ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် သရက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်အေးယုမော်က သရက်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ထန်းရုံကျေးရွာတွင် ရေလွှဲဆည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့်မေးခွန်း မေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်က ဖြေကြားရာတွင် ယခုနှစ်မိုးရာသီကာလအတွင်း ရေစီးရေလာနှင့် မြေပြင်စူးစမ်းလေ့လာမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆည်တည်ဆောက်နိုင်ခြင်း ရှှိ/မရှိ အသေးစိတ်လေ့လာမှုများ ဆောင်ရွက်၍ ဖြစ်မြောက်နိုင်စွမ်းရှိပါက ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ တင်ပြတောင်းခံ၍ သဲနုန်းတားဆည် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။