
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၆-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၆ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဒေါ်ခင်ချိုလတ်ကမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်NEP စီမံကိန်းအားမည်သည့် အချိန်တွင်စတင်ဆောင်ရွက်ရန်မည်သို့ပြင်ဆင်ထားသည်ကိုလည်းကောင်း၊ပြင်ထိန်းလုပ်ငန်းများနှင့်ငွေစာရင်းလုပ်ငန်းများရေရှည်ဆောင်ရွက်နိုင်ရန်မူဝါဒ၊စည်းမျဉ်းစည်းကမ်းများ၊ညွှန်ကြားချက်များတစ်သမတ်တည်းရှိနိုင်ရေးရေးဆွဲထုတ်ပြန်သွားရန်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်ကဖြေကြားရာတွင်NEP စီမံကိန်းသည်ချေးငွေရရှိနိုင်ရေးအတွက်စီမံကိန်းဆိုင်ရာအချက်အလက်များရေးဆွဲတင်ပြခြင်း၊ချေးငွေကိစ္စရပ်များဆွေးနွေးခြင်းများကိုအစိုးရသစ်မတက်မီကာလများတွင်ရေးဆွဲကြရပြီးအတည်ပြုချက်ရရှိချိန်မှစ၍ငါးနှစ်အတွင်း၂၀၁၅-၂၀၁၆မှ၂၀၁၉-၂၀၂၀အထိ(၂)မိုင်အတွင်းကျေးရွာများအား (၁၁)ကေဗွီဓာတ်အားလိုင်းနှင့်ထရန်စဖော်မာတည်ဆောက်ခြင်းလုပ်ငန်းများကိုပထမအဆင့်အဖြစ်အကောင်အထည်ဖော်ရန်စီစဉ်ဆောင်ရွက်
နေခြင်းဖြစ်ပါကြောင်း၊ယခုအခါတွင်လိုအပ်နေသောဓါတ်အားလိုင်း၊ခွဲရုံပစ္စည်းများအားတင်ဒါခေါ်ယူ၍ဝယ်ယူပြီး
ဖြစ်ရာအဆိုပါပစ္စည်းများဒေသအရောက်ပို့ဆောင်နိုင်ရေး၊ပစ္စည်းများထားရှိမည့်နေရာများကိုလည်းဆက်လက် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ (၁၁)ကေဗွီဓါတ်အားလိုင်းနှင့်ထရန်စဖော်မာများတည်ဆောက်ရန်အတွက်Survey တိုင်းတာခြင်းလုပ်ငန်းများလည်းပြီးစီးနေပြီဖြစ်ပါကြောင်း၊တည်ဆောက်ရေးလုပ်ငန်းများတာဝန်ပေးနိုင်ရေးအတွက်တင်ဒါခေါ်ယူရွေးချယ်ရန်သာကျန်ရှိပါကြောင်း၊ကျေးရွာတွင်း (၄၀၀)ဗို့လိုင်းများအားကျေးရွာများမှကိုယ့်အားကိုယ်ကိုးကြိုတင်ဆောင်ရွက်ထားရှိရန်ညွှန်ကြားထားရှိပြီးဖြစ်သဖြင့်အချို့ကျေးရွာများမှကော်မတီများဖွဲ့စည်းပြီး (၄၀၀)ဗို့လိုင်းများကြိုတင်တည်ဆောက်နေပြီဖြစ်ပါကြောင်း၊မီးလင်းပြီးနောက်တွင် (၁၁)ကေဗွီဓါတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကိုသက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ပြီးကျေးရွာမီးလင်းရေးကော်မတီများမှထရန်စဖော်မာနှင့်ကျေးရွာတွင်းလိုင်းထိန်းပြင်လုပ်ငန်းများကိုသာဆောင်ရွက်ရမည်ဖြစ်ရာမိမိတို့ကျေးရွာအလိုက်စုဆောင်းထားရှိသည့်ရန်ပုံငွေများအားအများပြည်သူသို့ချပြ၍ အများနားလည်သဘောပေါက်စေရေး၊ရှင်းလင်းချပြထားရှိရေးတို့အားအသိပေးညွှန်ကြားဆောင်ရွက်ထားရှိပြီး
ဖြစ်ပါကြောင်းနှင့်မူဝါဒအနေဖြင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှမီးလင်းရေးကော်မတီများလိုက်နာရမည့်အချက်များအတိုင်းတစ်သမတ်တည်းလိုက်နာဆောင်ရွက်စေခြင်းဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။