ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၉-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၉ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးသက်ခိုင်ကတိုင်းဒေသကြီးအစိုးရအနေဖြင့်ဒေသန္တရစီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်စီမံကိန်းရည်ရွယ်ချက်များအတိုင်းအကျိုးရလာဒ်များကိုပြည်သူများပြည့်ဝစွာရရှိစေရေးသက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်းဆောင်ရွက်ရန်မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကိုသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဇော်မင်းကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီးအစိုးရအနေဖြင့်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအဆင့်ဆင့်အစည်းအဝေးများပြုလုပ်၍ဆွေးနွေးရုံသာမကမကွေးတိုင်းဒေသကြီး၏စီးပွားရေးမူဝါဒများနှင့်ဆီလျော်ကိုက်ညီသည့်စီးပွားရေးလုပ်ငန်းကဏ္ဍများကိုဖွံ့ဖြိုးတိုးတက်စေရန်၎င်းကဏ္ဍများတွင်ပါဝင်နေမည့်သက်ဆိုင်ရာဌာနများကိုစုဖွဲ့၍ဆွေးနွေးစေပြီးစီမံကိန်းများကိုပူးပေါင်းရေးဆွဲရန်နှင့်ထိုစီမံကိန်းများကိုတိုင်းဒေသကြီးအဆင့်တွင်ဆွေးနွေးခြင်း၊ပြည်ထောင်စုသို့တင်ပြခြင်း၊နောက်ဆုံးတွင်သက်ဆိုင်ရာဌာနတို့ကမိမိနှင့်သက်ဆိုင်သောအပိုင်းကဏ္ဍကိုမိမိတို့၏ဌာနစီမံကိန်းထဲတွင်ထည့်သွင်းခြင်း၊ဘတ်ဂျက်တွင်ထည့်သွင်းခြင်းများကိုဆောင်ရွက်အကောင်အထည်ဖော်နိုင်ရန်အစုလိုက်အဖွဲ့လိုက်စီမံကိန်းများရေးဆွဲရန်၊ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုများကိုပြုလုပ်လျက်ရှိပါကြောင်း၊မကွေးတိုင်းဒေသကြီးအစိုးရအနေဖြင့်ဒေသန္တရစီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်စီမံကိန်းရည်ရွယ်ချက်များအတိုင်းပြည်သူများပြည့်ဝစွာရရှိစေရေးသက်ဆိုင်ရာဌာနများပါဝင်သည့်ခရိုင်အဆင့်/ မြို့နယ်အဆင့်စီမံခန့်ခွဲရေးကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူကဏ္ဍအသီးသီးမှပါဝင်ရမည့်သူများအားလုံးကျယ်ကျယ်ပြန့်ပြန့်နှင့်ကျွမ်းကျွမ်းကျင်ကျင်နားလည်သိရှိလာပြီးယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့်ထိုကဲ့သို့ပိုမိုပူးပေါင်းဆောင်ရွက်ပါမှပိုမိုအားကောင်းသော၊ပိုမိုစွမ်းရည်ပြည့်သော၊ပိုမိုအကျိုးသက်ရောက်မှုရှိသောဒေသန္တရစီမံကိန်းများအကောင်အထည်ဖော်မှုများဖြစ်လာမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။