
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၉-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၉ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးအေးကျော်ကအောင်လံမြို့နယ်၊အောင်လံ-ပြည်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်၊၂၀၀/၆နှင့်၂၀၀/၇အကြားရှိကသစ်ကန်ရေကျော်အားသံကူကွန်ကရစ်တံတားအဖြစ်အဆင့်မြှင့်တင်ပေးရန်အစီအစဉ်ရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်အောင်လံ-ပြည်ကားလမ်းပေါ်ရှိမိုင်တိုင်အမှတ်၊၂၀၀/၆နှင့်၂၀၀/၇အကြားရှိကသစ်ကန်ရေကျော်အားသံကူကွန်ကရစ်တံတားအဆင့်မြှင့်တင်တည်ဆောက်ပေးရန်အတွက်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့်ကုမ္ပဏီ၏လုပ်ငန်းစီမံချက်၌ပါဝင်မှုမရှိပါကြောင်းနှင့်မက်(စ်)ဟိုင်းဝေးကုမ္ပဏီနှင့်ညှိနှိုင်း၍လမ်းဦးစီးဌာန (ရုံးချုပ်)သို့တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။