ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၉-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၉ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဒေါ်ညိုညိုဦးကချောင်းမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် သဲကျောက်များထုတ်လုပ်နေမှုကိုတားမြစ်နေခြင်းမှဖြေလျှော့ပေးရန်အစီအစဉ်ရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမကွေးတိုင်းဒေသကြီးအတွင်းသဲ၊ကျောက်စရစ်ထုတ်ယူမှုများအားမြစ်ချောင်းများအတွင်းမြေပြင်ကွင်းဆင်းတိုင်းတာကာသက်ဆိုင်ရာဌာနများသို့ထောက်ခံချက်များပေးလျက်ရှိပါကြောင်း၊မြစ်အတွင်းသဲ၊ကျောက်စရစ်ထုတ်ယူမှုများအနေဖြင့်မကွေးတိုင်းဒေသကြီးအစိုးရထံတင်ပြကာအစည်းအဝေးဆုံးဖြတ်ချက်ရရှိပါကထောက်ခံချက်ပေးလျက်ရှိပြီးချောင်းအတွင်းသဲ၊ကျောက်စရစ်ထုတ်ယူမှုများအားလိုအပ်ပါကကွင်းဆင်းတိုင်းတာကာဌာနမှတိုက်ရိုက်ထောက်ခံချက်ပေးလျက်ရှိပါကြောင်း၊မကွေးတိုင်းဒေသင်္ကြီးရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်မြစ်သဲကျောက်စရစ်၊ချောင်းသဲကျောက်စရစ်ထုတ်ယူမှုနှင့်ပတ်သက်၍ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ဒေသတွင်းသဲ၊ကျောက်စရစ်ဈေးများတည်ငြိမ်စေရန်နှင့်တိုုင်းဒေသကြီးအတွက်အခွန်ငွေရရှိစေရန်အတွက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့်တင်ပြလာသောသဲ၊ကျောက်စရစ်လုပ်ငန်းရှင်များ၏လုပ်ကွက်နေရာများအားထောက်ခံချက်များအမြန်ဆုံးထုတ်ပေးလျက်ရှိပါကြောင်းဖြေကြားခဲ့ပါသည်။