
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၁၀-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၁၀ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးကျော်စွမ်းရည်ကမင်းဘူးမြို့တွင်မြို့ရှောင်လမ်းဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/ မရှိနှင့်အစီအစဉ်ရှိပါကမည်သည့်ဘတ်ဂျက်တွင်အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်မြို့ရှောင်လမ်းဖောက်လုပ်မည်ဆိုပါကစီမံကိန်းရင်းနှီးမြှပ်နှံမှုကုန်ကျငွေများမည်ဖြစ်၍ဘဏ္ဍာနှစ်အလိုက်ရန်ပုံငွေလျာထားဆောင်ရွက်ရမည်ဖြစ်ပြီးဖြတ်သန်းသွားလာရာလမ်းတစ်လျောက်၌မလွတ်ကင်းသောစိုက်ပျိုးမြေများအားမြေယာလျော်ကြေးများပေးချေရန်လိုအပ်မည်ဖြစ်ပါကြောင်း၊၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင်မင်းဘူးမြို့ရှောင်လမ်းဖောက်လုပ်ပေးရန်ရန်ပုံငွေတောင်းခံထားမှုမရှိကြောင်းနှင့်မင်းဘူးမြို့ရှောင်လမ်းဖောက်လုပ်နိုင်ရေးအတွက်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့သဘောထားမှတ်ချက်တင်ပြတောင်းခံပြီးလမ်းအူကြောင်းရှာဖွေတိုင်းတာရေးအဖွဲ့စေလွှတ်ပေးနိုင်ရေးလမ်းဦးစီးဌာန(နေပြည်တော်) သို့ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်းကုန်ကျစရိတ်များပြားပါ၍လတ်တလောအရေးတကြီးဆောင်ရွက်သင့်သည့်စီမံကိန်းမဟုတ်ပါကြောင်းဖြေကြားခဲ့ပါသည်။