ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၁၀-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၁၀ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးဇော်မင်းထွန်းကိုယ်စား၊တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးဝင်းမြင့်လှိုင်ကတောင်တွင်းကြီးမြို့နယ်၊သစ်ပုတ်ကုန်းကျေးရွာသည်ရန်ပယ်ချောင်းရေတိုက်စားမှုနှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရပါသဖြင့်ချောင်းရေတိုက်စားမှုဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများပြုလုပ်ပေးနိုင်ရန်အစီအစဉ်ရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်သစ်ပုတ်ကုန်းကျေးရွာကမ်းပြိုကာကွယ်မှုနှင့်ပတ်သက်၍၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်Mini Budget (ဧပြီ-စက်တင်ဘာ) နှင့်Main Budget (အောက်တိုဘာ-စက်တင်ဘာ)တွင်ထည့်သွင်းလျာထားခြင်းမရှိပါသဖြင့်လတ်တလောအနေဖြင့်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင်ရန်ပုံငွေရရှိရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြေကြားခဲ့ပါသည်။