ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၁၀-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၁၀ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဒေါ်ခင်ချိုလတ်ကတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်တင်ဒါခေါ်ယူခြင်းလုပ်ငန်းများအားBudget Year စတင်ပြီး (၆)လအတွင်းပြီးစီးအောင်ဆောင်ရွက်သွားရန်၊နောင်လာမည့်ဘဏ္ဍာနှစ်များတွင်ဆောက်လုပ်ရေးဝန်ကြီးဌာနကသာပညာရေး၊ကျန်းမာရေးတင်ဒါများကိုကြီးကြပ်ခေါ်ယူသွားရန်၊တင်ဒါအောင်သောကုမ္ပဏီစာရင်းနှင့်လုပ်ငန်းစတင်ချိန်တွင်သက်ဆိုင်ရာနယ်မြေMP များသို့အသိပေးအကြောင်းကြားသွားရန်အစီအစဉ်ရှိ/ မရှိနှင့်ကုမ္ပဏီများအားငွေထုတ်ပေးရာတွင်သက်ဆိုင်ရာMP လက်မှတ်များတောင်းခံခြင်းအားလွှတ်တော်ဥက္ကဋ္ဌကြီး၏ခွင့်ပြုချက်ရယူထားခြင်းရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီးအဆောက်အဦဦးစီးဌာနအနေဖြင့်လာမည့်ဘဏ္ဍာနှစ်များတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ပေးအပ်လာပါက

(က) ရန်ပုံငွေနှင့်တင်ဒါလုပ်ငန်းစာရင်းများအားBudget Year စတင်ပြီး (၃)လအတွင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လွှတ်တော်အသီးသီးမှအတည်ပြုပေးမည်ဆိုပါကတင်ဒါခေါ်ယူခြင်းလုပ်ငန်းများကိုBudget Year စတင်ပြီး (၆)လအတွင်းပြီးစီးအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊

(ခ) မည်သည့်ဝန်ကြီးဌာနမှစီမံခန့်ခွဲရသည်ဖြစ်စေ၊တိုင်းဒေသကြီးအစိုးရမှတာဝန်ပေးလာပါလျှင်နောင်လာမည့်ဘဏ္ဍာနှစ်များတွင်ပညာရေး၊ကျန်းမာရေးတင်ဒါများကိုဆောက်လုပ်ရေးဝန်ကြီးဌာနမှကြီးကြပ်ခေါ်ယူသွားပေးမည်ဖြစ်ကြောင်း၊

(ဂ) တင်ဒါအောင်မြင်သောကုမ္ပဏီစာရင်းနှင့်လုပ်ငန်းတန်ဖိုးစာရင်းများကိုလုပ်ငန်းစတင်ချိန်တွင်သက်ဆိုင်ရာနယ်မြေလွှတ်တော်ကိုယ်စားလှယ် (MP) များသို့အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း၊

(ဃ) ကုမ္ပဏီများအားငွေထုတ်ပေးရာတွင်သက်ဆိုင်ရာနယ်မြေလွှတ်တော်ကိုယ်စားလှယ် (MP) လက်မှတ်များတောင်းခံခြင်းအား၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်ကပင်လျှပ်စစ်မီးသွယ်တန်းရေးတင်ဒါများတွင်လွှတ်တော်ကိုယ်စားလှယ်များ၏လုပ်ငန်းပြီးစီးကြောင်းလက်မှတ်ကိုတောင်းခံခဲ့သည်ဖြစ်ပါ၍မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏သဘောတူညီချက်ရယူဆောင်ရွက်ထားသဖြင့်နောက်နောင်တွင်လွှတ်တော်ဥက္ကဋ္ဌကြီး၏ခွင့်ပြုချက်ရယူထားပါမည်ဖြစ်ကြောင်းဖြေကြားခဲ့ပါသည်။