ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၁၀-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၁၀ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ဆောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦကျော်မြင့်ကဆောမြို့နယ်၊ကျောက်ထုမြို့သို့ဖြတ်သန်းသွားသောပြည်ထောင်စုလမ်းမကြီး (၁၈)ပေအကျယ်တွင်တန်ပိုကားများကြောင့်လမ်းများပျက်စီးခြင်းမှထိန်းချုပ်နို်င်ရန်နှင့်တန်ပိုကားများကိုမြို့ရှောင်လမ်းမှသွားလာနိုင်ရေးမည်သို့စီမံဆောင်ရွက်မည်ကိုသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်ဂန့်ဂေါခရိုင်အတွင်းရှိမုံရွာ-ပုလဲ-ဂန့်ဂေါ-ဟားခါးလမ်းမိုင်တိုင်အမှတ် (၇၀/၄)တွင်လမ်းအသုံးပြုခကောက်ခံရေးဂိတ် (လယ်ဓမ္မဂိတ်)အားဖွင့်လှစ်ပြီးတန်ပိုယာဉ်များထိန်းချုပ်နိုင်ရေးအတွက် (Mini Weight Pad) ထားရှိပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ပခုက္ကူ-ပေါက်-ကျောက်ထု-ကံကြီး-မင်းတပ်လမ်းတွင်လမ်းအသုံးပြုခကောက်ခံရေးဂိတ်ထားရှိခြင်းမရှိပါ၍တန်ပိုယာဉ်များအားအချိန်ပြည့်ကြပ်မတ်စစ်ဆေးခြင်းများဆောင်ရွက်နိုင်ခြင်းမရှိသော်လည်းကျောက်ထုမြို့နယ်အင်ဂျင်နီယာနှင့်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးတို့မှအခါအားလျော်စွာစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ပခုက္ကူ-ပေါက်-ကျောက်ထု-ကံကြီး-မင်းတပ်လမ်းပေါ်ရှိကျောက်ထုမြို့တွင်းလမ်းသည်ကွေ့ပြီးအတက်အဆင်းခက်ခဲသောနေရာများရှိခြင်း၊မြို့တွင်းလမ်းနယ် (၂၃)ပေအကျယ်သာရှိပြီးလူနေအိမ်များနှင့်လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ရန်ခက်ခဲပါကြောင်း၊သို့ဖြစ်ပါ၍ကုန်တင်ယာဉ်ကြီးများအလွယ်တကူဖြတ်သန်းသွားလာနိုင်ရန်အတွက်မြို့ရှောင်ကွင်းလမ်းအားလမ်းအူကြောင်းတိုင်းတာထားပြီးပုံစံထုတ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊လမ်းအူကြောင်းပုံစံရရှိပါကခွင့်ပြုချက်တင်ပြတောင်းခံပြီးရန်ပုံငွေရရှိရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။