ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၂-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၂ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးသိန်းလှကမကွေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှအငြိမ်းစားပင်စင်ယူထားသောဝန်ထမ်းများအားနေထိုင်ရေးအတွက်တန်ဖိုးနည်းတိုက်ခန်းများဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအငြိမ်းစားယူပါကနေထိုင်ရေးအဆင်ပြေစေရန်အတွက်နိုင်ငံ့ဝန်ထမ်းအရောင်းအိမ်ရာများကို မြေနေရာရရှိမှုအပေါ်မူတည်၍ဖော်ထုတ်သွားရန်အစီအစဉ်ရှိပါကြောင်း၊၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင်လည်း စက်မှုဝန်ကြီးဌာနမှစွန့်လွှတ်မည့်မကွေးတိုင်းဒေသကြီး၊မကွေးမြို့ရှိဆေးဆိုးပန်းရိုက်စက်ရုံဟောင်းမြေနေရာ အကျယ်(၂၁.၉၂)ဧကပေါ်တွင်အငြိမ်းစားယူမည့်နိုင်ငံ့ဝန်ထမ်းများအတွက်နိုင်ငံ့ဝန်ထမ်းအရောင်းအိမ်ရာ(၈)ခန်းတွဲ (၆)ထပ် (၂)လုံးစတင်ဆောက်လုပ်ရန်လျာထားပြီးဖြစ်ပါကြောင်း၊၎င်းမြေနေရာကို(၁၀-၃-၂၀၁၈)ရက်နေ့ကဝန်ကြီးချုပ် ကိုယ်တိုင်သွားရောက်ကြည့်ရှှုပြီးလုပ်ထုံးလုပ်နည်းများနှင့်အညီမြေယာကိစ္စများကိုမည်သူမျှမနစ်နာရအောင်ဆောင်ရွက်ရန်လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊မကွေးမြို့၊ချမ်းမြေ့သာယာရပ်ကွက်၊မကွေး-နတ်မောက်လမ်းဘေးတွင်လည်းချမ်းမြေ့သာယာတန်ဖိုးသင့်ကိုတိုက်(၁၆)လုံး၊အခန်းပေါင်း(၃၀၄)ခန်းတည်ဆောက်ခဲ့ပြီးနိုင်ငံ့ဝန်ထမ်းများနှင့်အခြားအိမ်ရာလိုအပ်သောပြည်သူများအား (၁၀)နှစ်အရစ်ကျစနစ်ဖြင့်ရောင်းချပေးလျက်ရှိပါကြောင်းဖြေကြားခဲ့ပါသည်။