
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၃-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၃ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးဝင်းမြင့်လှိုင်ကတောင်တွင်းကြီးမြို့နယ်အပါအဝင်အခြားအချက်အခြာကျသည့်မြို့နယ်များတွင်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအားတာဝန်ချထားပေးရန်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦးကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်တွင်ယာဉ်ထိန်းရဲတာဝန်ချထားရန်အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍အမှတ်(၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(မကွေး)မှ (၁၂-၁၂-၂၀၁၇)ရက်နေ့တွင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)သို့တင်ပြထားရှိခဲ့ပြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်)မှ (၂၀-၁၂- ၂၀၁၇)ရက်နေ့တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ဆက်လက်တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှခွင့်ပြုချက်ရရှိပါကတောင်တွင်းကြီးမြို့နယ်အတွင်းယာဉ်မတော်တဆမှုများလျော့နည်းကျဆင်းရေး၊ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးနိုင်ရန်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် (၁+၅)ဦးချထားပေးနိုင်ရေးတင်ပြထားရှိပြီးအခြားသောအချက်အခြာကျသည့်မြို့နယ်များတွင်လည်းအထက်ဌာနအဆင့်ဆင့်သို့တင်ပြပြီးခွင့်ပြုချက်ရရှိပါကယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အားပေါ်မူတည်၍တာဝန်ချထားသွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။