ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၃-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၃ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဒေါ်ညိုညိုဦးကနိုင်ငံသားစိစစ်ရေးအခွန်အခနှုန်းထားများအားခေတ်နှင့်လျော်ညီသောနှုန်းထားများအဖြစ်ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးကဖြေကြားရာတွင်အဆိုပါအခငွေနှုန်းထားများအားခေတ်ကာလနှင့်လျော်ညီမှုရှိစေရန်ပြောင်းလဲသတ်မှတ်ရေးနှင့်ပတ်သက်၍မြန်မာနိုင်ငံသားဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများအားလိုအပ်သလိုပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက်ပြည်ထောင်စုဝန်ကြီးရုံးတွင်မြန်မာနိုင်ငံသားဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများပြင်ဆင်ရေးအဖွဲ့အားဖွဲ့စည်းစိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်ပြင်ဆင်ချက်များအားပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့အတည်ပြုထောက်ခံချက်ရရှိပါကမြန်မာနိုင်ငံသားဥပဒေပုဒ်မ၇၅နှင့်အညီပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ၍အမိန့်ကြော်ငြာစာထုတ်ပြန်ဆောင်ရွက်သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုသိရှိရပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။