ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၃-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၃ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးဇော်မိုးအောင်ကမကွေးမြို့တွင်ပြည်သူလူထုအပန်းဖြေနားနေနိုင်သောကမ်းနားလမ်းပန်းခြံတစ်ခုဆောက်လုပ်ပေးသွားရန်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဇော်မင်းကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီး၊မကွေးမြို့၊ကမ်းနားလမ်းရှိ (မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြေနေရာတွင်ပတ်လည်အလျား(၉၅၀)၊အတိုင်းအတာရှိကင်းပန်းခြံပြုလုပ်နိုင်ရေးအတွက်၂၀၁၈ခုနှစ် (ဧပြီလမှစက်တင်ဘာလထိ) Mini Budget တွင်ခန့်မှန်းကုန်ကျငွေကျပ်(၂၀၀)သိန်းဖြင့်ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်းနှင့်အဆိုပါလုပ်ငန်းတွင် (၆၅၄၊×၄၊) အတိုင်းအတာရှိကွန်ကရစ်လမ်း (၁)လမ်း၊ (၅၊×၃၊-၉၊၊) အတိုင်းအတာရှိအုတ်ထိုင်ခုံ (၁၀)ခု၊ (၉၅၀၊×၅၊) အမြင့်ရှိအုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများပါဝင်ပြီးထပ်မံဆောင်ရွက်ရန်လိုအပ်သည့်ဆက်စပ်လုပ်ငန်းများဖြစ်သောမြေယာရှုခင်းပြုလုပ်ခြင်း၊ပန်းအလှပင်များစိုက်ပျိုးခြင်း၊မီးအလှဆင်ခြင်း၊ရေပန်းအလှဆင်ခြင်းလုပ်ငန်းများအားဘဏ္ဍာရေးနှစ်အလိုက်ထည့်သွင်းလျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။