နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၉ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားနှင့်ကံမမြို့နယ်၊ အထက(အင်းဘဲ)ကျောင်းအဆင့်တိုးမြှင့်ပွဲအခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌသည် (၁၉-၆-၂၀၁၉)ရက်နေ့ နံနက်(၀၈ဝဝ)နာရီအချိန်တွင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၉-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားကို ကံမမြို့နယ်၊ အင်ဘက်တောကျေးရွာနှင့် အလယ်ကျေးရွာ ဆက်သွယ်ရေးလမ်း လမ်းဘေးဝဲ/ယာတွင် စုပေါင်းသစ်ပင်စိုက်ပွဲတက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိန်ဟန်၊ တိုင်းဒေသကြီးလွွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်အတူ သစ်ပင်များအား စုပေါင်း စိုက်ပျိုးခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဟန်၊
တိုင်းဒေသကြီးလွွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ အထက(အင်းဘဲ) ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို နံနက်(၀၈၄၅)အချိန်တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ အဖွင့်အမှာစကားပြောကြားခဲ့ကာ၊ အထက(အင်းဘဲ)ကျောင်းအတွက် အလှူငွေကျပ်(၅)သိန်းလှူဒါန်းခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံများရိုက်ခဲ့ကြပါသည်။