နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၉-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်အား (၁၉-၆-၂၀၁၉)ရက်နေ့ နံနက်(၀၇၃၀)အချိန်တွင် မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့နယ်၊ အောင်ချမ်းသာ ကျေးရွာအနီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/
ကျောင်းသူများနှင့် သစ်ပင်ချစ်သူများ၊ NGO များ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး သစ်ပင်များအား စုပေါင်းပါ၀င်စိုက်ပျိုးခဲ့ကြပါသည်။