
မကွေးတိုင်းဒေသကြီးမြေယာခွန် ဥပဒေ(မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပခုက္ကူမြို့နယ်တွင် ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များမကွေးတိုင်းဒေသကြီးလွှတ်တော်နှင့် ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် မကွေးတိုင်းဒေသကြီးမြေယာခွန်ဥပဒေ(မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန်တွင် ပခုက္ကူမြို့၊ အောင်သရဖူဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မကွေးခရိုင်အတွင်းရှိ ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေစာရင်းဦးစီးမှူးများ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေနံချောင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်) ဦးတင့်လွင်၊ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ ရေစကြိုမြို့နယ်မြေစာရင်းဦးစီးမှူး ဦးကျော်ဝင်းနိုင်၊ ဂန့်ဂေါမြို့နယ်မှ တောင်သူလယ်သမားကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းတို့က ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဦးဆောင်ဆွေးနွေးခဲ့ကာ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များအား မေးမြန်းဖြေကြားခြင်းနှင့် အစုအဖွဲ့အလိုက် ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။