ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၁၁) ပထမနေ့တွင် ပြောကြားသည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မိန့်ခွန်း

မိန့်ခွန်းများ

ယနေ့ခေါ်ယူတဲ့ တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးကို တက်ရောက်လာကြတဲ့ လွှတ်တော်ဥက္ကဋ္ဌနှင့်တကွ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

ဒီနေ့လွှတ်တော်အထူးအစည်းအဝေးကို ခေါ်ယူရတဲ့ရည်ရွယ်ချက်ကတော့ တိုင်းဒေသကြီးရဲ့ ၂၀၁၁-၂၀၁၂ ရသုံးမှန်းခြေဆိုင်ရာ ငွေစာရင်းရန်ပုံငွေကို အတည်ပြုခြင်းနှင့် ၂၀၁၂-၂၀၁၃ လျာထားချက်တွေကို အတည်ပြုဖို့ ခေါ်ယူခြင်းပဲဖြစ်ပါတယ်။ အဲလိုလွှတ်တော်ကိုယ်စားလှယ်တွေစုံညီတဲ့ကာလမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ သက်တမ်း(၆)လတိတိရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်၊ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သက်တမ်း(၆)လတာကာလအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍကြီး(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနဲ့ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဒီအစည်းအဝေးမှာဘဲ ချပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

နိုင်ငံရေးနှင့်ပတ်သက်လို့ တင်ပြရမယ်ဆိုလျှင် နိုင်ငံရေးဟာ တည်ငြိမ်အေးချမ်းလျှက်ရှိပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့တင်ပြရမယ်ဆိုလျှင် အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံထူထောင်နိုင်ဖို့နဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးဖို့ဘဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့အခါမှာ ၂၀၁၀-၂၀၁၁ ခုနှစ်က ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွင်းမှာ လူတစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေကျပ်(၆၇၉၀ဝ၀)ကျော် ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့အနေနဲ့ကျပ်(၇၁၆၀ဝ၀)ကျော် ရရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ထို့အတူပဲ ၂၀၁၂-၂၀၁၃မှာ ကျပ်(၇၆၄၀ဝ၀)ကျော်၊ ၂၀၁၃-၂၀၁၄မှာ ကျပ်(၈၂၇၀ဝ၀)ကျော်နဲ့ ၂၀၁၄-၂၀၁၅မှာ (၉၁၄၀ဝ၀)ကျော်၊ (၅)နှစ်စီမံကိန်းရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆မှာ (၁၀၃၆၂၀ဝ)ကျော် ရရှိအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလူတစ်ဦးခြင်းတစ်နှစ်ဝင်ငွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ် မူတည်ပြီးတော့ ပြည်သူတွေရဲ့ တစ်ဦးချင်းဝင်ငွေ တိုးတက်လာမူဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်မှု၊ HRD ခေါ်တဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာတဲ့ ကိန်းဂဏန်းတစ်ခုပဲ ဖြစ်တဲ့အတွက် ဒါကို အလေးအနက်ထားပြီးတော့ ကျွန်တော့်အနေနဲ့တင်ပြရခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီအစည်းအဝေးမှာ ကျွန်တော်တို့ရဲ့ ၂၀၁၁-၁၂ ကနေ ၂၀၁၅-၁၆ အထိ ရည်မှန်းချက်ထားပြီးတော့ ဆောင်ရွက်သွားမယ့် ကဏ္ဍအလိုက် ဆောင်ရွက်အကောင်အထည်ဖော်မယ့်ဟာကို ဆက်ပြီးတော့ အကျဉ်းချုံးပြီး

တင်ပြသွားမှာဘဲ ဖြစ်ပါတယ်။  ကျွန်တော်တို့အနေနဲ့ ၂၀၁၁-၁၂ မှာ ၂၀၁၀-၁၁ ရဲ့ ပုံမှန်ဈေးနှုန်းကို အခြေခံပြီးတော့ ကျွန်တော်တို့အကောင်အထည်ဖော်ရမယ့် အသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးဟာ ဘီလျံအားဖြင့် (၄၀၇၀.၈၂၃)ဘီလျံကို ကျွန်တော်တို့ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ မနှစ်က ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မှုဟာ ဘီလျံအားဖြင့် ကျပ်ဘီလျံ(၃၇၃၅.၂၇၂)ဘီလျံကို ကျွန်တော်တို့ အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့အနေနဲ့ လယ်ယာကဏ္ဍမှာ အကောင်အထည်ဖော်ရာမှာ ကျပ်ဘီလျံ(၂၀၃၇.ဝ၇)ဘီလျံ၊ စက်မှုလက်မှုကဏ္ဍမှာ (၉၉၀.၈၄၉)ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍမှာ (၁၀၄၂.၄၀)ဘီလျံ၊ စုစုပေါင်း (၄၀၇၀)ဘီလျံကို ဆက်ပြီး တော့ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ ၂၀၁၂-၁၃မှာ စုစုပေါင်းအသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးဟာ ကျပ်ဘီလျံ(၄၃၈၉)ဘီလျံ အကောင်အထည်ဖော်ရမှာဖြစ်သလို ၂၀၁၃-၁၄မှာ (၄၈၀ဝ)ဘီလျံ၊ ၂၀၁၄-၁၅မှာ (၅၃၆၂.၆၅၂)ဘီလျံ၊ ၂၀၁၅-၁၆မှာ (၆၁၃၉.၈၃၈)ဘီလျံ ရရှိအောင် အကောင်အထည်ဖော်ရမှာပဲဖြစ်ပါတယ်။ ထို့အတူပဲ ကျွန်တော်တို့အနေနဲ့ (၅)နှစ်အတွင်းမှာ ပျမ်းမျှတိုးတက်မှုနှုန်းကို (၁၀.၅)ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်ရမှာဖြစ်သလို အခြေခံနှစ်အပေါ်မှာ ဖြစ်ပေါ်လာမယ့်အဆဟာ (၈.၆၄)ဆ ရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမယ်၊ ဆောင်ရွက်သွားမယ်ဆိုတာကို ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မကွေးတိုင်းဒေသကြီးရဲ့ လက်ရှိဆောင်ရွက်နေတဲ့ အနေအထားနဲ့ ဆက်ပြီးဆောင်ရွက်ရမယ့် အနေအထားမှာ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တုန်းက ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ဟာက ပြည်နယ်နဲ့တိုင်းဒေသကြီး(၁၄) ခုရှိတဲ့အနက်မှာ ကျွန်တော်တို့တိုင်းရဲ့ GDP အကောင်အထည်ဖော်နိုင်တဲ့ငွေပေါ့၊ အဲဒီငွေရဲ့ ပြည်ထောင်စုချုပ်မှာ ပါဝင်တဲ့အချိုးအဆဟာ(၉.၃) ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းအနေနဲ့ စီးပွားရေးတိုင်း(၆)တိုင်းအနက်မှာ အဆင့်(၅)ရရှိထားတဲ့ တိုင်းတစ်တိုင်းဖြစ်တယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။ ထို့အတူပဲ တိုးတက်မှု အဆင့်အနေနဲ့ကြည့်လျှင် အဆင့်(၄)မှာ ရပ်တည်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀-၁၁ အကောင်အထည်ဖော်မှုအပေါ်မှာ အခြေခံရေးဆွဲထားတဲ့ တိုင်းဒေသကြီးရဲ့ ၂၀၁၁-၁၂ကနေ ၂၀၁၅-၁၆ ပဉ္စမကာလတို(၅)နှစ် စီမံကိန်းရည်မှန်းချက်တို့ကို ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော်နိုင်မှသာ ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ အခြားသောတိုင်းနဲ့ပြည်နယ်တွေရဲ့ အောက်ကိုမကျဘဲနဲ့ မူလအဆင့်ဖြစ်တဲ့ အဆင့်(၅)ကနေ ထပ်ပြီးတော့ ကျွန်တော်တို့အပေါ်မှာရှိနေတဲ့ စစ်ကိုင်းတိုင်းက အဆင့်(၄)ဖြစ်ပါတယ်။ သူ့ကိုကျော်လွန်အောင် ကျွန်တော်တို့ကြိုးစားပြီးဆက်ပြီးအကောင်အထည်ဖော်သွားမယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြ

လိုပါတယ်။ နောက်တစ်ချက်အနေနဲ့ စီးပွားရေးကဏ္ဍမှာပဲ တင်ပြလိုတာကတော့ အခု အထူးအစည်းအဝေးမှာ ခေါ်ယူရတဲ့အဓိကအကြောင်းအရင်းဟာ ရသုံးမှန်းခြေကို ကျွန်တော်တို့ အတည်ပြုဖို့ပဲဖြစ်ပါတယ်။ ရသုံးမှန်းခြေဆိုလို့ စာသားအရပြောရမယ်ဆိုရင် ရရှိသုံးစွဲတဲ့ရန်ပုံငွေအပေါ်မှာ မူတည်ပြီးတော့ Estimate ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့တင်ပြရရင် ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ဌာနပေါင်း(၇၀)ကျော်ရှိပါတယ်။ အဲဒီဌာနပေါင်း(၇၀)ကျော်အနက်မှာ (၂၇)ဌာနဟာ ကျွန်တော်တို့ရဲ့ ရသုံးမှန်းခြေထဲမှာ ပါဝင်တာဖြစ်ပါတယ်။ အဲဒီ(၂၇)ဌာနထဲမှာ စီးပွားရေးအဖွဲ့အစည်းဌာနတွေအနေနဲ့ ရုပ်ရှင်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝါနှင့်ပိုးချည်လုပ်ငန်း၊ နှစ်ရှည်လုပ်ငန်း၊ ကြံလုပ်ငန်းနဲ့ စက်မှု(၁)ပွင့်ဖြူ  ဆေးဝါးစိုက်ခင်း၊ ဆောက်လုပ်ရေးကဏ္ဍ(ပဆငကဏ္ဍ)ပဲ ဖြစ်ပါတယ်။ အဲဒီမှာ ပြန်ကြည့်မယ်ဆိုရင် စီးပွားရေးအဖွဲ့အစည်းဌာန(၇)ဌာနထဲမှာ ရုပ်ရှင်လုပ်ငန်းအနေနဲ့ ရသုံးမှန်းခြေရန်ပုံငွေမှာ ပိုငွေ(၁၃.၇၈၉)သန်း ဖြစ်ပါတယ်။ ထို့အတူ စိုက်ပျိုးရေးကဏ္ဍမှာ (-) လိုငွေ (၇၆၇)သန်း၊ ဝါ/ပိုးမှာ(-) လိုငွေ(၁၅၂)သန်း၊ နှစ်ရှည်မှာ(-)လိုငွေ (၁၁.၈၁)သန်း၊ ကြံလုပ်ငန်းမှာ (၉၂.၆၂၅)သန်း ဖြစ်ပြီးတော့ စက်မှု(၁)ဆေးဝါးစိုက်ခင်းအနေနဲ့ ပိုငွေ(၄.၉၂၇)သန်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးအနေနဲ့ လမ်းတံတားပြင်ထိန်းနှင့် အခွန်ကောက်ခံရရှိမှု Balance အရ ပိုငွေ(၂၉.၄၁၂)သန်း ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးဌာန (၇)ခုရဲ့ ဝင်ငွေထွက်ငွေအချိုးဟာ (-၉၇၅.၈၂၉)သန်း ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ရဲ့အစိုးရအဖွဲ့ရဲ့ဒီဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဖြစ်တဲ့ ဦးကြည်မင်းကဆက်ပြီးတော့ လွှတ်တော်မှာ အသေးစိတ်ဆွေးနွေးတင်ပြပြီးတော့မှ အတည်ပြုချက်ရယူသွားမှာ ဖြစ်ပါတယ်။ ဒါစီးပွားရေးဌာန(၇)ခုရဲ့ ရန်ပုံငွေရရှိမှု ဝင်ငွေ၊ ထွက်ငွေအချိုးကို တင်ပြခြင်းဖြစ်ပါတယ်။

ဒုတိယအနေဖြင့် ဝန်ဆောင်မှုကဏ္ဍပြုနေတဲ့ ဦးစီးဌာန အားလုံး(၂၀)ခုရှိပါတယ်။ ဒီ(၂၀)ခုကတော့ တရားရုံး၊ ဥပဒေရုံး၊ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေကြတဲ့ စာရင်းရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဌာန၊ ကုန်တင်ကုန်ချလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ စိမ်းလမ်းစိုပြေရေး၊ ငါးလုပ်ငန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်း၊ မြို့ရွာအိုးအိမ်ဌာန၊ လမ်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အိမ်တွင်းစက်မှုဌာန၊ စီမံကိန်းဦးစီးဌာန၊ ရသုံးမှန်းခြေဌာန၊ စည်ပင်သာယာရေးဌာနတို့ပဲ ဖြစ်ပါတယ်။ အဲဒီဌာန(၂၀)ခုအနေနဲ့ ဆောင်ရွက်မှုမှာ ကျပ်သန်းအားဖြင့် တရားရုံးမှာ(-၅၀ဝ)သန်း၊ဥပဒေရုံး(-၂၁၅)သန်း၊ စာရင်းရုံး(-၄၁၉)သန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (-၂၁၂၅)သန်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(-၇၀ဝ)သန်း၊ အကျဉ်းဦးစီးဌာန(-၃၇၈)သန်း၊ အားကစားနှင့် ကာယပညာဌာန (-၁၁၃)သန်း၊ ကုန်တင်ကုန်ချ(-၁၅)သန်း၊ သစ်တောဦးစီးဌာန (-၄၇၃)သန်း၊

စိမ်းစိုဦးစီးဌာန(-၄၇၆)သန်း၊ ငါးလုပ်ငန်းဦးစီးဌာန (-၂)သန်း၊ တိမွေးကုဦးစီးဌာန(-၁၂၃)သန်း၊ ပျားလုပ်ငန်းဦးစီးဌာန(-၃၆)သန်း၊ မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန(-၁၇.၂၂၁)သန်း၊ လမ်းဦးစီးဌာန(-၆၄၀၅)သန်း၊ သမဦးစီးဌာန(-၄၆၂)သန်း၊ အိမ်တွင်းစက်မှု(-၅.၅၃၂)သန်း၊ စီမံကိန်းဦးစီးဌာန(-၂၁၂)သန်း၊ ရသုံးမှန်းခြေဦးစီးဌာန(-၄၀)သန်း၊ စည်ပင်သာယာဦးစီးဌာန(-၅.၃၆၀)သန်း၊ စုစုပေါင်း(-၁၂၀၉၃)သန်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ စီးပွားရေးဌာနကလိုအပ်ငွေ(-၉၇၅)သန်းနဲ့ ဝန်ဆောင်မှုဌာန(၂၀)ခုရဲ့ (-၁၂၀၉၃)သန်း၊ စုစုပေါင်းနှစ်ရပ်ပေါင်းရဲ့ ရသုံး Balance အားဖြင့် ပြောရမယ်ဆိုရင် (၁၃)ဘီလျံအထက်ရှိတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ဒါလည်း ကျွန်တော်တို့အနေနဲ့ ဒီအစိုးရအဖွဲ့အနေနဲ့ ကျွန်တော်တို့ရရှိထားတဲ့ဌာန၊ ရသုံးမှာရရှိထားတဲ့ဌာန(၂၇)ခုရဲ့ ဝင်ငွေထွက်ငွေ အချိုးပေါ်မူတည်ပြီးတော့ ကျွန်တော့်အနေနဲ့ တင်ပြရခြင်းဖြစ်ပါတယ်။ ဒါသည် ပွင့်ပွင့်လင်းတင်ပြရမည်ဆိုလျှင် Foundation ပဲဖြစ်ပါတယ်။ ရန်ပုံငွေရှိမှ ကိုယ့်တိုင်းဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ လောလောဆယ်တော့ Budget အကူးအပြောင်းတွေ ဖြစ်နေတဲ့အတွက် ပထမဘဏ္ဍာနှစ်မှာ နိုင်ငံတော်ပြည်ထောင်စုအဆင့်ရဲ့ ခွဲဝေရရှိတဲ့ ဘဏ္ဍာငွေထဲကနေ Balance လုပ်ပြီးတော့မှ ဒီဟာကို ကျွန်တော်တို့အနေနဲ့ Work ပေါ်အောင်လို့ (၂၇)ခုရဲ့ ရသုံးအချိုးကို ကျွန်တော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ စာမျက်နှာ ၁၉၃ ဇယား(၅)မှာ ပါပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ ကောက်ခံရမည့်အခွန်အခများ ပုဒ်မ၂၅၄ကို ရည်ညွှန်းသည်ဆိုတဲ့ဟာပါတယ်။ မြေယာအခွန်၊ ယစ်မျိုးခွန်၊ ဒါက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံနေတာဖြစ်ပါတယ်။ အပိုဒ်(၃)ဖြစ်တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် ဆည်နှင့်တာတမံများကိုအရင်းခံ၍ ရေခွန်၊ တာတမံခွန်၊ ထိုဆည်များ တာတမံများ၏ ရေအားဖြင့်ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ဒါသည် ပြည်ထောင်စုအဆင့် တစ်နည်းအားဖြင့် နိုင်ငံတော်၏ရင်းနှီးမတည်မှုများဖြင့် တည်ဆောက်ခဲ့တဲ့ ဆည်တွေ၊ တမံတွေ နောက်ပြီးတော့ မြစ်ရေတင်လုပ်ငန်းတွေရဲ့ အခွန်အခများနှင့် ဒီ ရေအားလျှပ်စစ် ကျွန်တော်တို့တိုင်းထဲမှာဆိုလျှင်မုန်းရေအား လျှပ်စစ်ရှိပါတယ်။ အဲဒီသုံးစွဲခတွေဆိုတဲ့ဟာသည် ပြည်ထောင်စုအဆင့်မှာ လောလောဆယ်ရှိနေသေးတဲ့အတွက် ကျွန်တော်တို့တိုင်းဒေသကြီးမှာ (-)ရန်ပုံငွေ လိုအပ်ချက်အနေဖြင့် ပေါ်နေခြင်းပဲဖြစ်ပါတယ်။ အပိုဒ်(၄)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် လမ်းများ၊ တံတားများ၊ ဖြတ်သန်းခများ ဒါကတော့ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ပါဝင်ပြီးဖြစ်ပါတယ်။

 

ထို့အတူ ရေချိုငါးလုပ်ငန်းအပေါ် စည်းကြပ်ကောက်ခံသည့်ဘဏ္ဍာတော်ကြေး၊ သတ်မှတ်ထားတဲ့အကွာအဝေးအတွင်း ပင်လယ်ငါးဖမ်းတာ၊ ဒါကျွန်တော်တို့အနေနဲ့ ပင်လယ်ငါးဖမ်းတော့မရှိပါဘူး၊ ရေချိုငါးဖမ်းလုပ်ငန်းအနေနဲ့ ငါးလုပ်ငန်းက ကောက်ခံနေတာဖြစ်ပါတယ်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် ကုန်းလမ်း၊ ရေလမ်းသုံး ယာဉ်များဆိုင်ရာ ဥပဒေစည်းကြပ်ခွန်၊ ဒါသည် လောလောဆယ် ပြည်ထောင်စုအဆင့်မှာဘဲရှိပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင်ပစ္စည်းများ ရောင်းရငွေနှင့် ငှားရမ်းခငွေ၊ ယင်းပစ္စည်းများမှ ရရှိတဲ့အကျိုးအမြတ်များဆိုတာ ဒါသည်ကျွန်တော်တို့ရဲ့ ရန်ပုံငွေရရှိလာသည့်အပေါ် မူတည်ပြီးမှတည်ဆောက်ထားတဲ့ အပေါ်မှာမူတည်တဲ့ ရရှိလာမယ့်အခွန်အခတွေပဲဖြစ်ပါတယ်။ နောက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဝန်ဆောင်မှုလုပ်ငန်းများအတွက် သတ်မှတ် ကောက်ခံသည့် အခကြေးငွေနှင့် အခွန်အခများ ထို့အတူပဲဖြစ်ပါတယ်။ တိုင်းဒေသကြီး တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်တရားရုံးများက ချမှတ်တဲ့ဒဏ်ငွေနှင့် ဝန်ဆောင်မှုအတွက် ကောက်ခံတဲ့ အခွန်များ၊ ဒါတရားရုံးရဲ့ ဝင်ငွေ၊ ထွက်ငွေအချိုးထဲမှာ ပါပြီးဖြစ်ပါတယ်။ ထို့အတူပဲ တိုင်းဒေသကြီး ရန်ပုံငွေကထုတ်ချေး၍ ရရှိတဲ့အတိုးများ၊ ဒါတွေဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့ဆီမှာ ရန်ပုံငွေမရှိတဲ့အတွက် ဘယ်သူ့ကိုမှထုတ်လည်းမချေးနိုင်ပါဘူး။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်ရရှိသည့်အကျိုးအမြတ်များ၊ ဒါလည်းလုပ်နိုင်ခြင်းမရှိသေးပါဘူး။ နောက်အပိုဒ်(၁၂)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း သစ်တောများမှ အောက်ပါပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်အခများ ကျွန်းနှင့်သတ်မှတ်သစ်မာများမှအပ ကျန်သစ်များ အပေါ်တွင် ကောက်ခံသည့်အခွန်၊ ဒါကတော့ ကျွန်တော်တို့ သစ်တောဦးစီး ကနေပြီးတော့ ကောက်ခံနေတဲ့ဟာဘဲဖြစ်ပါတယ်။ ဒါကျွန်တော်တို့ရဲ့ ဝင်ငွေ၊ ထွက်ငွေ အချိုးထဲမှာ ထည့်သွင်းတွက်ချက်ပြီးလည်းဖြစ်ပါတယ်။ ထို့အတူ (ခ)မှာ ထင်း၊ မီးသွေး၊ ကြိမ်၊ ဝါးသစ်တောထွက်ပစ္စည်းအပေါ် ဒါတွေက ကောက်ခံသည့်အခွန်၊ ပြီးသွားတော့ အပိုဒ်(၁၃)မှ မှတ်ပုံတင်ကြေးနဲ့ပတ်သက်လို့ လောလောဆယ် ပြည်ထောင်စုအစိုးရ မှာဘဲရှိပါတယ်။ ပြီးသွားတော့ပွဲခွန်ကို ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ပါတယ်။ ဆားခွန်ကတော့ ကျွန်တော်တို့ဆီမှာမရှိပါဘူး။ (၁၆)မှာ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှရရှိသည့် ဘဏ္ဍာငွေများ ဒါ ကျွန်တော်အကြမ်းဖျင်းသိတဲ့ဟာတွေက ၂၀၁၂-၁၃ မှာ ကျွန်တော်တို့ကို ရန်ပုံငွေ မတည်ငွေထည့်ပေးပြီးမှ ဆောင်ရွက်ပေးနိုင်မည့် အနေအထားများရှိပါတယ်။ ကျွန်တော်တို့ ၂၀၁၂-၁၃ဆိုတာ ရှေ့ဘတ်ဂျက် ကျမှ ဖြစ်လာမယ့်ဟာဖြစ်ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ စည်ပင်သာယာအဖွဲ့အစည်းများမှ ထည့်ဝင်ငွေများ၊ ဒါလည်း ထည့်သွင်းတွက်ချက်ထားပါတယ်။ ပိုင်ရှင်

မပေါ်သောသွင်းထားငွေနှင့် ပစ္စည်းများ၊ ဒါတရားရုံးကနေ သတ်မှတ်တဲ့ဟာပဲဖြစ်ပါတယ်။ဒါလည်း ထည့်သွင်းတွက်ချက်ပြီးဖြစ်ပါတယ်။ ရတနာသိုက်များဆိုတာ ကျွန်တော်တို့မှာမရှိပါဘူး၊ ကျွန်တော်တို့အနေနဲ့အခုနက တင်ပြသလိုဘဲ ဒီနှစ်ဘဏ္ဍာနှစ်သည် Frame Work ကိုချနေခြင်းဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့်မှခွဲဝေပေးတဲ့ ရန်ပုံငွေအပေါ်မှာမူတည်ပြီးတော့ ဌာနဆိုင်ရာများရဲ့ ရရှိတဲ့အခွန်ကောက်ခံ၊ ပြီးလျှင်သုံးစွဲတယ်။ အဲဒီကနေဝင်ငွေ၊ ထွက်ငွေအချိုးနဲ့ သတ်မှတ်ပြီးတော့ (-၁၃)ဘီလျံဒီဟာကိုကျွန်တော်တို့အနေနဲ့ အတည်ပြုပြီး ဘဏ္ဍာရေးကော်မရှင် ကိုဆက်လက်တင်ပြပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်ပြီးတော့ ပြည်ထောင်စုအဆင့်မှဆက်ပြီး အတည်ပြုသွားမယ့်ဟာဘဲဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့အတည်ပြုဖို့အတွက် ဒီအစည်းအဝေးကို အထူးစည်းအဝေးအဖြစ် ခေါ်ယူခြင်းဖြစ်ပါတယ်။

နောက်တစ်ချက်အနေဖြင့် လူမှုရေးကဏ္ဍကို ဆက်ပြီးတင်ပြပါမယ်၊ ကျွန်တော်တို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ကျရေးကို စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါကိုလည်း နားထဲမှာ ရိုးရိုးရှင်းရှင်းပြောကြေးဆိုလျှင် တစ်ချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးကို မူ(၅)ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာရှိပါတယ်။ ဒါတွေကတော့ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်ဖို့၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ ဒါ့အပြင် ကျေးလက်မီးလင်းရေးကိုပါ တစ်ချိန်က ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါထက်အသေးစိတ်ပြီးတော့ ဆက်လက်ပြီးတော့မှ ကျွန်တော်တို့အနေနဲ့ဒါကို တိုင်းဒေသကြီးအဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကိုလည်းလုပ်ငန်းစတင်ဆောင်ရွက်နိုင်ဖို့အတွက် Survey လုပ်ထားပြီးတော့မှ စပြီးတော့အကောင်အထည်ဖော်နေတာပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုလျှင် ကျွန်တော်တို့အနေနဲ့ မကွေးတိုင်းအနေနဲ့ ကြည့်မယ်ဆိုလျှင် တိုင်းအတွင်းရှိ ပြည်သူ(၅၆)သိန်းခန့်ထဲမှ (၈၀)ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူတွေဖြစ်ပါတယ်။ ကျေးလက်နေပြည်သူတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ ဒါကိုဇောက်ချပြီး တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီတော့ကျွန်တော်တို့အနေနဲ့ အခုနကတင်ပြတဲ့ GDPနဲ့လည်း ပြန်ပြီးတော့ပတ်သက်ပါတယ်။

စီးပွားရေးစီမံကိန်းလျာထားချက်အရ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ ကျွန်တော်အခုနကတင်ပြသလိုဘဲ စီမံကိန်းရည်မှန်းချက်ထဲမှာ သြဂုတ်လကုန်အထိ အကောင်အထည်ဖော်နိုင်မှုစာရင်းအရ ဘီလျံအားဖြင့် (၁၃၃၉)ဘီလျံ၊ ကျွန်တော်တို့(၄၀ဝ၀)ကျော် အကောင်

အထည်ဖော်ရမယ့်အထဲမှာ (၁၃၃၉)ဘီလျံအကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အကောင်အထည် ဖော်နိုင်မှုရာခိုင်နှုန်းမှာ(၃၂.၉)ရာခိုင်နှုန်းဖြစ်ပြီး တိုးတက်မှုနှုန်းဟာ (၁၂.၃)ရာခိုင်နှုန်း ရှိပါတယ်ဆိုတာ ကျွန်တော့အနေနဲ့ တင်ပြလိုပါတယ်။ ကျွန်တော်တို့ တိုင်းအလိုက် စီးပွားရေးမှာ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ အဲဒီမှာပါဝင်မှု အချိုးအစားကို ကျွန်တော့အနေဖြင့် အကြမ်းဖျင်းတင်ပြလိုပါတယ်။လယ်ယာကဏ္ဍမှာ ၂၀ဝ၅-ဝ၆မှာ လယ်ယာကဏ္ဍပါဝင်မှုအချိုးအစားဟာ GDP ရဲ့(၅၆.၅)ရာခိုင်နှုန်းဖြစ်ပြီး၊ စက်မှုကဏ္ဍဟာ(၁၆.၉)ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍ(၁၆.၆)ရာခိုင်နှုန်း ဖြစ်ပါတယ်။ မနှစ်က ၂၀၁၀-၁၁ဘဏ္ဍာနှစ်မှာ လယ်ယာကဏ္ဍပါဝင်မှု(၅၂.၆)ရာခိုင်နှုန်း၊ စက်မှုကဏ္ဍက(၁၉.၃)ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍက(၂၈.၁)ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မကွေးတိုင်းရဲ့စီးပွားရေးပုံစံသည် လယ်ယာ၊ ဝန်ဆောင်၊ စက်မှုဆိုတဲ့အသွင်နဲ့ သွားနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်လယ်ယာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရင်းနဲ့ အခြားကဏ္ဍတွေဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆက်ပြီးဆောင်ရွက်သွားရမယ်ဆိုတာ ကျွန်တော့အနေနဲ့ တင်ပြလိုပါတယ်။

ထို့အတူ လူတစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေအနေနဲ့ပြောရလျှင် ၂၀ဝ၄-ဝ၅ ခုနှစ်က ကျွန်တော်တို့တိုင်းချုပ် လူတစ်ဦးချင်းတစ်နှစ်ဝင်ငွေ (၁၉၀၃၈၆)ကျပ် ဖြစ်ပါတယ်။ ယခု ၂၀၁၀-၁၁ခုနှစ်မှာ (၆၇၉၂၂၂)ကျပ် ဖြစ်ပါတယ်။ဒီနှစ်လျာထားချက်ကတော့ (၇၂၉၀၁၉)ကျပ်ဖြစ်ပါတယ်။ ဒါရအောင်လို့ အခုနကတင်ပြတဲ့ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို ရည်မှန်းချက်ကျော်လွန်အောင် တော်တော်ကြိုးစားပြီးတော့ ကျွန်တော်တို့လုပ်ရတယ်။ ဖြစ်အောင်လည်း ဆောင်ရွက်သွားပါမယ်ဆိုတာ ကျွန်တော့အနေနဲ့တင်ပြချင်ပါတယ်။ ဆင်းရဲမှုနဲ့ပတ်သက်၍ စစ်တမ်း ကောက်ယူချက်များကို၊ တိုင်းရဲ့ Progress ကို ကျွန်တော်တင်ပြလိုပါတယ်။ ဒါလည်း ြီ့ဏနဲ့ပေါင်းစပ်ပြီးတော့မှ မြေပြင Survey လုပ်ပြီးတော့ရရှိလာတဲ့ ကိန်းဂဏန်းတွေအရ ရရှိတဲ့စစ်တမ်းကောက်ယူချက်ပဲ ဖြစ်ပါတယ်။ ၂၀ဝ၅ ခုနှစ်မှာ မြို့ပြနဲ့ကျေးလက်ဆင်းရဲမှုရာခိုင်နှုန်းမှာ မြို့ပြမှာ လူ(၁၀ဝ)မှာ(၂၆)ရာခိုင်နှုန်းဆင်းရဲပြီး၊ ကျေးလက်မှာ (၄၄)ရာခိုင်နှုန်း ဆင်းရဲပါတယ်။ ဒါကြောင့် မြို့ပြနဲ့ကျေးလက် Average ပြန်ကြည့်လျှင် (၄၂.၁)ရာခိုင်နှုန်း၊ ကျွန်တော်တို့မကွေးတိုင်းအနေနဲ့ ဆင်းရဲမှုရှိပါတယ်။ ၂၀၁၀ခုနှစ် စစ်တမ်းအရဆိုလျှင် မြို့ပြမှာလူ(၁၀ဝ)လျှင် (၁၅.၈) ရာခိုင်နှုန်းဆင်းရဲပြီး၊ ကျေးလက်မှာ (၂၈.၂)ရာခိုင်နှုန်းဆင်းရဲပါတယ်။ ဒါကြောင့် မြို့ပြနှင့်ကျေးလက်ဆင်းရဲမှု Average ဟာ (၂၇)ရာခိုင်နှုန်းဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။ လုပ်ငန်းအမျိုးအစားအလိုက်ဆင်းရဲမှုကို ကြည့်မယ်ဆိုလျှင် စိုက်ပျိုးရေးလုပ်ငန်းမှာ လူဦးရေထောင်ပေါင်း(၇၄၀) တစ်နည်းအားဖြင့်(၇၄၀ဝ၀ဝ)၊ မွေးမြူရေးလုပ်ငန်း

ဆောင်ရွက်နေတဲ့ထဲမှ (၂၄၁၀ဝ၀)ကျော်၊ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေတဲ့ (၈၆၀ဝ၀)ကျော်၊ ခေါင်းရွက်ဗျတ်ထိုးထဲက (၃၉၁၀ဝ၀)ကျော်၊ စုစုပေါင်း(၁၄၅၈၀ဝ၀)ကျော် ဆင်းရဲမှုရှိနေတယ်ဆိုတာ ကိန်းဂဏန်းတွေအရ တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုအစိုးရက ချမှတ်ပေးထားတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်(၈)ရပ်ကို တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွေဖွဲ့စည်းပြီးတော့ လုပ်ငန်းစဉ် (၈)ရပ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒါတွေကတော့ လယ်ယာထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူးရေးနှင့် သားငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ဆိုပြီးတော့ လုပ်ငန်းစဉ်(၈)ရပ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါတယ်။  လယ်ယာထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူသားငါးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်ကို ကျွန်တော်တို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ပေး ဆောင်ရွက် လျက်ရှိပါတယ်။ ကျေးလက်အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်လို့ လျှပ်စစ်၊ စက်မှုဝန်ကြီးကို တာဝန်ပေးအပ်ထားသလို၊ အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းအတွက် စီမံ/စီးပွားဝန်ကြီးကို တာဝန်ပေးထားပါတယ်၊ သမလုပ်ငန်းများအတွက်လည်း စီမံ/စီးပွားဝန်ကြီးကို တာဝန်ပေးထားပြီး၊ ကျေးလက်လူမှုစီးပွားအတွက် လူမှုရေးဝန်ကြီးကို တာဝန်ပေးအပ်ထားပါတယ်၊ ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်၊ စက်မှုဝန်ကြီးကို တာဝန်ပေးထားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တော၊ သတ္တုနဲ့ စွမ်းအင်ဝန်ကြီးကို တာဝန်ပေးအပ်ပြီး လုပ်ငန်းစဉ်(၈)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။ အဲဒီမှာ လယ်ယာထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအနေနဲ့ (၅)ခရိုင်ထဲမှာ အသင်းပေါင်း (၉၂)သင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အသင်းသားဦးရေ(၁၀၇၅၈)ဦး၊ ပိုင်ဆိုင်မှု စပါးစိုက်လယ်ဧက(၁၇၈၉၈)ဧက၊ ငွေပိုင်ဆိုင်မှုအနေနဲ့(၆၆၉)သိန်း ပိုင်ဆိုင်မှုရှိပါတယ်။ ဒါ့ကြောင့် အသေးစားငွေချေးဘဏ်စနစ်တွေ ပေါ်ပေါက်လာဖို့ လယ်ယာကုန်ထုတ် အသင်းတွေ ပေါ်ပေါက်လာဖို့အတွက် ငွေချေးငွေယူကိစ္စ ဥပဒေတစ်ရပ်ပေါ်ပေါက် လာမည်ဆိုလျှင် ကျွန်တော်တို့ဆက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက် သွားမယ်ဆိုတာ တင်ပြလိုပါတယ်။

 

မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုတိုးတက်ရေးအနေနဲ့ အသင်းတွေဖွဲ့စည်းဖို့ လျာထားတာ(၉၈)ဖွဲ့ရှိပြီးတော့  ဖွဲ့စည်းပြီးတာ (၅၄)ဖွဲ့ရှိပါတယ်။ အသင်းဝင်အားဖြင့် (၈၄၄)ဦးပါဝင်ပြီး၊ ဆိတ်၊ ဝက်၊ နို့စားနွား၊ ခိုင်းနွားတွေကို မွေးမြူလျက်ရှိပါတယ်။ မွေးမြူရေးချေးငွေအနေနဲ့ ဆိတ်မွေးမြူရေးအတွက် ကျပ်သိန်းပေါင်း(၄၈၅၀)သိန်း ချေးငှားထားခဲ့ပြီး ဝက်မွေးမြူရေးအတွက် ကျပ်သိန်းပေါင်း(၄၅၀)ချေးငှားပေးထားပြီး ဖြစ်ပါတယ်။ ငါးမွေးမြူရေးအနေဖြင့် တစ်ရွာတစ်ကန်စနစ်ဖြင့် (၆၈)အုပ်စုမှာ(၉၁)ကန်ကို မွေးထားပြီး၊ စီးပွားဖြစ်မွေးမြူသူ(၂၇၄)ဦးမှာ (၄၂၉.၆၅)ဧကကန် မွေးမြူထားပြီး ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။ ကျေးလက်အသေးစားကုန်ထုတ်လုပ်ငန်းများနှင့် ပတ်သက်လို့ ကျောက်သွေး၊ ပန်းပဲ၊ထန်းလျက်၊ စားသောက်ကုန်နဲ့ ချည်ထည်လုပ်ငန်း စတဲ့အစုအဖွဲ့(၁၂)ဖွဲ့ ဖွဲ့စည်းထားပြီး ရင်းနှီးထားမှုတန်ဖိုးကျပ်(၆၆.၅၀)သိန်းဖိုး ရင်းနှီးဆောင်ရွက်လျက်ရှိပါတယ်။ ဒါကိုလည်း ပိုပြီး Investment များအောင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများမှ အမြတ်များများရမှာဖြစ်ပါတယ်။ အသင်းကိုလည်း တိုးချဲ့ဖွဲ့စည်းနိုင်မှာဖြစ်တဲ့အတွက် ငွေစုငွေချေးဆိုင်ရာကိစ္စတွေကို ဥပဒေတစ်ရပ် ပေါ်ပေါက်လာတဲ့အခါ ပိုပြီးဖိဖိစီးစီးဆောင်ရွက်သွားမယ်ဆိုတာ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများအနေနဲ့ ပတ်သက်လျှင် လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေဘီလျံအားဖြင့် (၂၂)ဘီလျံချေးထားပြီးတော့ သမဝါယမအသေးစားချေးငွေက (၂.၉)ဘီလျံချေးထားပြီးဖြစ်ပါတယ်။ NGO နှင့် INGO တွေ၊ အထူးပြုအဖွဲ့တွေရဲ့ ချေးထားတဲ့ငွေတွေဟာ ဒီကဏ္ဍတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် (၉.၉၀)ဘီလျံ ချေးထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ခုနတင်ပြထားတဲ့ကဏ္ဍတွေအတွက်(၃၅)ဘီလျံဖိုးချေးထားပြီး ဖြစ်တယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။ သမဝါယမလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့နှင့် ပတ်သက်လို့ တိုင်းအတွင်းမှာ သမဝါယမအသင်း(၉၇၅)သင်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာအောင်မြင်မှုရှိတဲ့အသင်းဟာ(၃၉၃)သင်းရှိပြီးတော့ Function မရှိဘဲ ရပ်တန့်နေတဲ့အသင်း (၅၈၂)သင်းရှိပါတယ်။ ဒါကိုလည်း ဆက်ပြီးတော့ ပုံစံတကျ အကောင်အထည်ဖော်နိုင်အောင် ဆက်ပြီးကြိုးပမ်းဆောင်ရွက်ရဦးမယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။ ဆက်ပြီးကျေးလက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်ပြီးဆောင်ရွက်မှုကို တင်ပြလိုပါတယ်။ အဆင့်မြင့်ပညာပိုင်းဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတွေအနေနဲ့ ကျွန်တော်တို့တိုင်းအတွင်းမှာ ပြည်သူများ အဆင့်မြင့်ပညာကို လက်လှမ်းမီသင်ယူနိုင်ရေးအတွက် ကျောင်းပေါင်း (၁၇)ကျောင်းကနေ ကျောင်းသားဦးရေ (၂၃၀၉၃)ဦးကို သင်ကြားပေးလျက်ရှိပါတယ်။ ထို့အတူပဲ အဝေးသင်ကျောင်းသားပေါင်း(၂၈၆၁၀)ဦးကို မွေးထုတ်ပြီး သင်ကြား ပေးလျှက်ရှိတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။ အထက်တန်းပညာအနေနဲ့ တိုင်းအတွင်းမှာ

၁၀

ကျောင်းပေါင်း(၄၇၂၂)ရှိပြီး ကျောင်းသားဦးရေ(၆၃၉၀ဝ၀)ကျော် တက်ရောက်သင်ကြားလျက်ရှိပါတယ်။ အထက်ကျောင်းပေါင်း (၇၈)ကျောင်း၊ အလယ်တန်းကျောင်းပေါင်း(၁၉၇)ကျောင်း၊ မူလွန်(၈၄၂)ကျောင်း၊ မူလတန်းကျောင်း (၃၆၀၅)ကျောင်းဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့တိုင်းအတွင်းမှာ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းနေမှုရာခိုင်နှုန်း (၈၈.၅၃)ရာခိုင်နှုန်း ရှိပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုအနေနဲ့ မနှစ်က ၂၀၁၀မှာ အောင်ချက်ရာခိုင်နှုန်း (၃၄.၆၁)ရာခိုင်နှုန်းရှိပြီးတော့  ၂၀၁၁ ခုနှစ်မှာ (၃၉.၆၈)ရာခိုင်နှုန်းရရှိလာပြီဖြစ်ပါတယ်။ ဒါသည်လည်းအဆင့်မြင့်ပညာမှ တက္တသိုလ်ပါချုပ်ကြီးများ၊ Lecture များရဲ့ အကူအညီတွေရယူပြီးတော့ ဆရာ၊ ဆရာမများက ဖြေဆိုနည်းတွေကို အသေအချာ သင်ကြားပြသပေးနိုင်တဲ့အတွက်၊ အနီးကပ်သင်ကြားပြသပေးနိုင်တဲ့အတွက် အောင်မြင်မှုတိုးတက်လာတယ်ဆိုတာကို ကျွန်တော့အနေနဲ့တင်ပြလိုပါတယ်။ ထို့အတူပဲ ၂၀၁၁-၂၀၁၂ မှာ ကျောင်းနေအရွယ်ကလေးကျောင်းအပ်နှံရေးနဲ့ အတန်းကူး၊ အတန်းပြောင်းကိစ္စ ဒါတွေကို ကျွန်တော်တို့စဉ်ဆက်မပြတ် စောင့်ကြည့်ပြီးဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ ကျောင်းအပ်နှံမှုရာခိုင်နှုန်းကို ပြန်ကြည့်မည်ဆိုလျှင် ကျွန်တော်တို့တိုင်းတစ်တိုင်းလုံးအချုပ် (၆၇.၉၅)ရာခိုင်နှုန်း ကျောင်းအပ်နှံမှုရရှိတယ်ဆိုတာ တင်ပြလိုပါတယ်။

ဆက်ပြီး ကျန်းမာရေးကဏ္ဍအနေနဲ့ပတ်သက်လို့ တင်ပြရလျှင် တိုင်းတစ်တိုင်းလုံးအတွင်းမှာ ခုတင်(၂၀ဝ)ဆေးရုံ (၄)ရုံ၊ ခုတင်(၁၀ဝ)ဆေးရုံ(၂)ရုံ၊ ခုတင်(၅၀)ဆေးရုံ(၄)ရုံ၊ ခုတင်(၂၅)ဆေးရုံ(၁၆)ရုံ၊ တိုက်နယ်ဆေးရုံ(၄၅)ရုံ ရှိပါတယ်။ ဒေသန္တရဆေးခန်း(၃)ခန်း၊ ကျောင်းကျန်းမာရေးဌာန(၆)ခု၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန(၂၈)ခု၊ ကျေးလက်ကျန်းမာရေးဌာန(၁၆၇)ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ (၇၃၈)ခုနဲ့ ပြည်သူတွေရဲ့ Medical Cover ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးလျက်ရှိပါတယ်။ သို့သော် ဆရာဝန်ဦးရေနှင့် လူဦးရေအချိုး ပြန်ကြည့်လျှင် ဆရာဝန်အချိုး (၁:၁၈၉၂၅)ဦး ရှိပါတယ်၊ သူနာပြုအချိုး (၁:၇၄၈၈)ဦး၊ သားဖွားဆရာမအချိုး (၁:၅၉၀၉)ဦး ရှိပါတယ်။ မွေး/သေ နှုန်းကြည့်လျှင် ကျွန်တော်တို့တိုင်းမှာ လူ(၁၀ဝ၀)မှာ (၁၇.၇၆)ရာခိုင်နှုန်းမွေးတာကို တွေ့ရပါတယ်။ ထို့အတူ သေဆုံးနှုန်းအနေနဲ့ လူ(၁၀ဝ၀)မှာ (၆.၁၄)ဦး ရာခိုင်နှုန်း သေဆုံးတာကို တွေ့ရပါတယ်။ (၁)နှစ်အောက်ကလေးတွေ အရှင်မွေး(၁၀ဝ၀)ဦးမှာ သေဆုံးမှု (၁၈.၈၉)ဦးနှုန်းရှိပြီး (၅)နှစ်အောက်ကလေးသေဆုံးမှုဟာ (၂၂.၅၃)ဦးနှုန်းရှိပါတယ်။ လူတစ်ဦးချင်း ပျမ်းမျှသက်တမ်းအနေဖြင့် ကျား(၆၄)နှစ်၊ မ(၆၆)နှစ် ဖြစ်ပါတယ်။ တိုင်းရဲ့အဓိကဖြစ်တဲ့ ရောဂါတွေမှာ TRI နဲ့ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက်၊ တီဘီရောဂါတွေဖြစ်ပါတယ်။

ဒါကိုကျွန်တော်တင်ပြရခြင်းသည် HRD ခေါ်တဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒီကိန်းဂဏန်းတွေပေါ်မှာမူတည်တဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေဖြင့် မပြတ်

၁၁

စောင့်ကြည့်ပြီး လူဦးရေဖွား/သေနှုန်းတွေ၊ အသက်ရှင်နှုန်းတွေမြင့်မားလာမှ ကျွန်တော်တို့ရဲ့တိုင်းဒေသကြီးအတွင်း လုပ်အားတွေဟာ ကဏ္ဍအသီးသီးမှာ ပါဝင်လာမှာဖြစ်တဲ့အတွက် ဒါကို စောင့်ကြည့်ပြီးတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များသိရှိပြီး ဝိုင်းဝန်းကူညီနိုင်အောင် ကျွန်တော့်အနေဖြင့်တင်ပြရခြင်းဖြစ်ပါတယ်။ တိုင်းအတွင်းမှာ ကျန်းမာရေးအထူးကုဆရာဝန်တွေရဲ့ လိုအပ်ချက်ကိုတင်ပြပါမယ်၊ အချို့သော ပုဂ္ဂိုလ်များဟာ ဆရာဝန်လိုအပ်ချက်၊ ဆရာမလိုအပ်ချက်၊ ကျောင်းဆရာလိုအပ်ချက် များကို မပြတ်စာရေးနေတဲ့ဟာ နေ့စဉ်နှင့်အမျှကျွန်တော်ဖတ်ရပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့လည်းသိရှိပြီးဖြစ်ပါတယ်။ အမြဲတမ်း သိရှိပြီး ဖြစ်တဲ့အတွက် အဲဒီလိုအပ်ချက်ကို ကျွန်တော်တင်ပြရလျှင် တစ်တိုင်းလုံးချုပ်အနေဖြင့် အထူးကုဆရာဝန်ကြီးတွေ ခန့်အပ်ဖို့အတွက်ခွင့်ပြုထားတာ(၃၀)ဦးဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းအတွင်းမှာ ခန့်နိုင်တာ(၁၀)ဦးပဲဖြစ်တဲ့အတွက် (၂၀)ဦးလစ်လပ်လျက်ရှိပါတယ်။ ထို့အတူပဲ အထူးကုဆရာဝန်အနေနဲ့ ခွင့်ပြု(၆၀)ဦးမှာ ခန့်အပ်တာ(၃၆)ဦး၊ လစ်လပ်တာ(၂၄)ဦးဖြစ်ပါတယ်။ ထို့အတူပဲ မြို့နယ်ကျန်းမာရေးဦးစီးမှူးအနေနဲ့ ခွင့်ပြုတာ(၂၅)ဦး၊ ခန့်အပ်တာ(၂၄)ဦးနဲ့ လစ်လပ်နေတာ(၁)ဦးဖြစ်ပါတယ်။ ဂန့်ဂေါမှာ (၁)ဦးလစ်လပ်နေပါတယ်။ လက်ထောက်ဆရာဝန်အနေနဲ့ ခွင့်ပြုတာ(၂၄၃)ဦး၊ ခန့်အပ်တာ(၁၄၂)ဦး၊ လစ်လပ်နေတာ(၁၀၁)ဦးရှိပါတယ်။ တိုက်နယ်ဆရာဝန်အနေနဲ့ ခွင့်ပြု(၄၄)ဦး၊ ခန့်အပ်တာ(၃၃)ဦး၊ လစ်လပ်တာ(၁၁)ဦးဖြစ်ပါတယ်။  သွားဆရာဝန်အနေနဲ့ ခွင့်ပြုတာ(၃၃)ဦး၊ ခန့်အပ်တာ(၂၃)ဦး၊ လစ်လပ်တာ(၁၀)ဦး ဖြစ်ပါတယ်။ သူနာပြု၊ သားဖွားအနေနဲ့ ခွင့်ပြုတာ (၂၂၁၇)ဦး၊ ခန့်အပ်တာ(၁၉၁၉)ဦး၊ လစ်လပ်တာ(၂၉၈)ဦးရှိပါတယ်။ ဒါတွေကိုလည်း မပြတ်ဖြည့်ဆည်းပေးနိုင်ရေး မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဆောင်ရွက်ပေးနေတယ်ဆိုတာ ကျွန်တော့်အနေဖြင့် တင်ပြလိုပါတယ်။ ထို့အတူ ရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်လို့ ဒေသန္တရကျန်းမာရေး (၅)ဌာနမှာ (၃)ဌာနခန့်အပ်ထားနိုင်ပြီး၊ လစ်လပ်တာ(၂)ဌာနရှိပါတယ်။မိခင်နှင့်ကလေးကျန်းမာရေးဌာနမှာ ခွင့်ပြုတာ(၄)နေရာ၊ ခန့်အပ်တာ(၁)နေရာ၊ လစ်လပ်တာ(၃)နေရာ ရှိပါတယ်။ ကျောင်းကျန်းမာရေးဌာနမှာ ခွင့်ပြုတာ(၁၀)ဦးရှိပြီး၊ ခန့်အပ်တာ(၈)ဦး၊ လစ်လပ်တာ(၂)ဦးရှိပါတယ်။ မြို့နယ်ကျန်းမာရေးအရာရှိအနေနဲ့ ခွင့်ပြုတာ(၅)ဦး၊ ခန့်အပ်တာ(၁)၊ လစ်လပ်တာ(၄)ဦးရှိပါတယ်။ ရောဂါတိုက်ဖျက်ရေးအနေနှင့် ခွင့်ပြုတာ(၁၄)ဦး၊ ခန့်အပ်တာ(၅)ဦး၊ လစ်လပ်တာ(၉)ဦးရှိပါတယ်။ ဒီဟာတွေကို ဖြည့်ဆည်းနိုင်ရေးအတွက် တင်ပြတောင်းခံထားတယ်ဆိုတာ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။

ထို့အတူပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်နဲ့ တောင်သူတွေအများစုဖြစ်တဲ့ မကွေးတိုင်းအတွင်းမှာ မြွေကိုက်လူနာတွေ အသက်ဆုံးရှုံးရတာများပါတယ်။ မြွေကိုက်လူနာတွေကို

၁၂

အချိန်မီကုသနိုင်ရေး၊ ကျောက်ကပ်ကိုထိသွားပြီဆို ကျောက်ကပ်ဆေးစက်၊ မကွေးမြို့ဆေးရုံကြီးမှာ(၂)လုံးတည်ထားပြီး ဖြစ်ပါတယ်။  ပခုက္ကူမှာလည်း(၁)လုံး အလှူရှင်ရှာပြီးဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ မြွေကိုက်လူနာတွေရဲ့အသက်ကို (၈၀)ကျော်ကယ်တင်ပြီးဖြစ်ပါတယ်။ ဒါကိုတင်ပြရခြင်းဟာလည်း လူဦးရေအားဖြင့် (၈၀)ကျော်ကို ကယ်တင်တယ်ဆိုပေမယ့် တောင်သူ(၈၀)ကျော်ကိုမှီခိုနေတဲ့ မိသားစုတွေရဲ့ဘဝကို ကယ်တင်ပေးခဲ့တယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။

ထို့အတူပဲ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးမှာ သောက်သုံးရေ ရရှိရေးသည်လည်း၊ ရေသန့်ရရှိဖို့က အဓိကပဲဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ ကိန်းဂဏန်းတွေအရ တင်ပြရမယ်ဆိုလျှင် တိုင်းအတွင်းမှာ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိရေးအတွက် လွှမ်းခြုံမှုရာခိုင်နှုန်း(၉၃)ရာခိုင်နှုန်းရှိတယ်ဆိုတာ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ အဲဒီဟာ ရေရရှိရေးနည်းလမ်းများအရ စက်ရေတွင်း (၅၉၈၁)တွင်း၊ တွင်းတိမ်(၅၃၄၅၈)တွင်း၊ မိုးရေလှောင်ကန်(၂၂၉၂)ခု၊ လက်တူးတွင်း(၂၂၆၁၂)တွင်း၊ မြစ်ရေချောင်းရေ ရေတင်စနစ်နဲ့(၈၁၃)ခု ဆောင်ရွက်ပေးထားနိုင်တယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။ ဆက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ သန့်ရှင်းတဲ့သောက်သုံးရေကို ရာနှုန်းပြည့်လွှမ်းခြုံနိုင်မှုရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့်တင်ပြရလျှင် ကျွန်တော်တို့တိုင်းအတွင်းမှာရှိတဲ့ ကျေးလက်တွေမှာ သန့်ရှင်းတဲ့သောက်သုံးရေရရှိရေး၊ နောက်ပြီးတော့ နွေရာသီ ရေရှားပါးတဲ့အချိန်မှာရေရရှိရေး၊ အဝန်းအဝိုင်းအားဖြင့်ပြောရမယ်ဆိုလျှင် (၃)မိုင်ပတ်လည်မှာ သန့်ရှင်းတဲ့သောက်သုံးရေကိုရရှိပါတယ်။ ဒါရဲ့ အဖြေက ဘာလဲဆိုတော့ လွန်ခဲ့တဲ့(၁)နှစ်မှာဖြစ်ခဲ့တဲ့ အပူရှိန်မြင့်ကာလ Heat Stoke ဖြစ်ပြီးတော့ လူတွေအသက်ဆုံးရှုံးမှုတွေ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ ဖြစ်ခဲ့ပါတယ်။ လူတွေထင်ကြတာက မကွေးတိုင်းထဲမှာ တော်တော်ဖြစ်မယ်၊ ရေလည်းတော်တော် ရှားသွားလိမ့်မယ်လို့ထင်ပါတယ်။ သို့သော်လည်း Heat Stoke ခေါ်တဲ့ အပူရှိန်မြင့်တဲ့ ခံစားရမှုကို အားလုံး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နှင့် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါသည် ကျွန်တော်တို့ တစ်ချိန်ကစွမ်းဆောင်နိုင်ခဲ့မှုရဲ့ အမှတ်သညာ သင်္ကေတပဲဖြစ်ခဲ့ပါတယ်။ ဒါကိုလည်း ဒီအစိုးရကာလမှာ ဆက်ပြီးရာနှုန်းပြည့်ရရှိအောင် ကျွန်တော်တို့ကြိုးစားဆောင်ရွက်သွားမယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။ ဆက်ပြီးသောက်သုံးရေရရှိရေးအတွက် ဒီနှစ် Budget အရ မြို့နယ်(၁၅)မြို့နယ်မှာရှိတဲ့ ကျေးရွာ(၁၈၃)ရွာမှာ စက်ရေတွင်း(၁၈၃)တွင်းကို ဒီBudgetမှာ ကျပ်သိန်းပေါင်း (၃၂၂၇.၇၀၅)သိန်းကို ကုန်ကျခံပြီးတော့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။

၁၃

ထို့အတူပဲ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်လို့ စည်ပင်သာယာရန်ပုံငွေ ရရှိတဲ့အထဲကနေ ကျေးလက်ဖွံ့ဖြိုးရေးလမ်းတွေ ဆောင်ရွက်ပေးဖို့အတွက် ကတ္တရာ လမ်းကို (၁)မိုင်နှင့်(၇)ဖာလုံ၊ အမာခံကျောက်လမ်းကို(၁၈)မိုင်(၂)ဖာလုံ၊ ဂဝံလမ်းကို (၂၃)မိုင်(၆)ဖာလုံ၊ မြေသားလမ်းကို(၄၃)မိုင်(၆)ဖာလုံ စုစုပေါင်းအားဖြင့်  ကျေးရွာချင်း ဆက်လမ်း (၈၇)မိုင်နဲ့ (၆)ဖာလုံခွဲကို ခွင့်ပြုရန်ပုံငွေ(၇၄၄)သန်းဖိုး အကုန်အကျခံပြီးတော့ ဒီBudget Yeat မှာ ဆက်ပြီးအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားပါမယ် ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။

အလားတူပဲ စံ(၅)ချက်ညီတဲ့ စာကြည့်တိုက်တွေကိုလည်း ပြည်သူတွေရဲ့ အသိအမြင် တိုးတက်ဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ဆက်ပြီး အကောင်အထည်ဖော် သွားပါမယ်၊ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဖွင့်လှစ်ပြီးစာကြည့်တိုက်ပေါင်း (၄၇၇၃)ခု ရှိပါတယ်။ အဲဒီထဲမှာ စံ(၅)ရပ်ညီတဲ့စာကြည့်တိုက်ပေါင်း (၃၇၅၅)ကို ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ဒါတွေကိုလည်းဆက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားပါမယ် ဆိုတာ ပြောလိုပါတယ်။

ကျေးလက်မီးလင်းရေးနှင့်ပတ်သက်လို့ တင်ပြရမယ်ဆိုလျှင် တိုင်းအတွင်း ကျေးရွာပေါင်း(၄၇၉၅)ရွာ ရှိပါတယ်။ အဲဒီထဲမှာမီးလင်းရေးဆောင်ရွက်နိုင်မှုသည် ရေအားလျှပ်စစ်အနေနဲ့(၈၄)ခု၊ ဇီဝဓာတ်ငွေ့စီမံချက်အနေနဲ့ (၁၂)ခု၊ စပါးခွံနဲ့လည်ပတ်တဲ့ ဟာ(၄၃)ခု၊ လေအားနဲ့လည်ပတ်တဲ့ဟာ(၁)ခု၊ နေရောင်ခြည်နဲ့(၁)ရွာ၊ ဓာတ်အားစနစ် ဆိုတာ ဒီCurrentအကြီးထဲကနေ National Grid ထဲကနေရယူပြီးတော့(၂၈၅)ရွာ၊ မီးလင်းအောင်ဆောင်ရွက်နိုင်ပါတယ်။ နောက်ပြီးတော့ ဒီဇယ်အင်ဂျင်နဲ့(၁၉၅၅)ရွာ ဖြစ်တဲ့အတွက် (၄၇၉၅)ရွာထဲမှာ (၂၃၈၁)ရွာကို မီးလင်းအောင် ဆောင်ရွက်နိုင်ခဲ့ ပြီးလည်းဖြစ်ပါတယ်။ National Grid တွင်းကနေပြီးတော့ ကျွန်တော်တို့အနေနဲ့ (၁၁၇)ရွာနဲ့ အခြားနည်းနဲ့ (၂၂၇၄)ရွာ စုစုပေါင်း(၂၄၁၄)ရွာ ကျန်ရှိတာကို မီးလင်းအောင် ဆောင်ရွက်ပေးသွားမယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးအနေနဲ့တော့ ကျွန်တော်တို့ လူထုဖြန့်ပျိုးပင်တွေ ဖြန့်ဝေပြီးတော့ စိုက်ပျိုးတာဖြစ်သလို ဌာနတွင်းမှာလည်း စိုက်ပျိုးလျက်ရှိပါတယ်။ လူထုဖြန့်ပျိုးပင်အနေနဲ့ ၂၀၁၀ ခုနှစ်အတွင်းမှာ (၂၈၈၂၀ဝ၀)ကျော် ပင်ရေစိုက်ပျိုးနိုင်ပြီး ဒီနှစ်မှာ (၂၅)သိန်း စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ထို့အတူပဲ စီးပွားရေးကျွန်းစိုက်ခင်း ဌာနကစိုက်တာ မနှစ်က (၂၇၅၄၀ဝ)ကျော် အပင်ရေစိုက်ပျိုးနိုင်ခဲ့ပြီး ဒီနှစ်မှာ(၂၂၅၀ဝ၀ဝ)ကျော် ဒီစိုက်ရာသီအတွင်းမှာ စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအနေနဲ့ တစ်ချိန်က Semi Desert ခေါ်တဲ့ အသေးစားသဲကန္တာရအသွင် ဖြစ်နေတဲ့ဘဝကနေအရင်အစိုးရကာလမှာ ဆောင်ရွက်ခဲ့သလို ကျွန်တော်တို့ သစ်တောများစိမ်းလန်းစိုပြည်ရေးနဲ့ထိန်းသိမ်းရေး ဆက်ပြီးတော့မှ

၁၄

စိုက်ပျိုးနိုင်ဖို့အတွက်လည်း တစိုက် မတ်မတ် ဆောင်ရွက်ပေးသွားပါမယ်ဆိုတာ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ထို့အတူပဲ ဆင်းရဲမှုလျှော့ချရေးမှာ ကျွန်တော်ခုနကတင်ပြခဲ့သလိုပဲ ချေးငွေတွေ ပေးတယ်၊ လယ်ယာကုန်ထုတ်အသင်းတွေ၊ မွေးမြူရေးကုန်ထုတ်အသင်းတွေ စသဖြင့် ဘယ်လိုပဲဆောင်ရွက်ဆောင်ရွက် ကျွန်တော်တို့ရဲ့ကျေးလက်နေပြည်သူတွေကို အဓိကဒုက္ခပေးနေခြင်းသည် လောင်းကစားမှုပဲဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော့်အနေနဲ့ ပြည်ထောင်စုအဆင့် အစည်းအဝေးမှာလည်းတင်ပြခဲ့ပါတယ်။ဆိုလိုတာကတော့ တောင်သူတွေသီးနှံပေါ်ချိန်၊ စိုက်စရိတ်ထုတ်ပေးချိန်မှာ လောင်းကစားမှု ပေါင်းစုံသည် အသွင်မျိုးစုံရယူပြီးတော့မှ တောင်သူတွေရဲ့ဝင်ငွေကို နှိုက်ယူသွားတာပဲ ဖြစ်ပါတယ်။ ဒါတွေပပျောက်ရေးအတွက် ကျွန်တော်တို့သည် အထူးအဖွဲ့များ ဖွဲ့ပြီးတော့မှ (၁)ရက် (၆)လကစပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီမှာ အမှုပေါင်း(၃၈)မှုဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းမိတရားခံ ကျား(၁၅၁)ဦး၊ မ(၄၃)ဦး၊ ပေါင်း(၁၉၄)ယောက်ကို ကျွန်တော်တို့ ဖမ်းဆီး နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အမှုအမျိုးစားအနေနဲ့ ချဲထီ၊ နှစ်လုံးထီ၊ ဖဲ၊ ဂျင်၊ ဘောလုံးနဲ့အခြားလောင်းကစားများဖြစ်ပါတယ်။ အဲဒီအထဲမှာ ဒိုင်ချုပ်အနေနဲ့ (၁၁)ဦး ကျွန်တော်တို့ဖမ်းဆီးနိုင်ခဲ့ပြီး ကျော်စောစာရင်းဝင် တရားခံ(၁)ဦး ဖမ်းဆီးရရှိပါတယ်။ ကျော်စောစာရင်းမှာမပါတဲ့ တရားခံ(၉၀)ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခြားထိုးသားအနေနဲ့ (၉၂)ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီဟာကို ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြရခြင်းသည် ကျွန်တော်တို့ဒီမှာတွေ့ကြုံနေရတဲ့ မြေပြင်အခြေအနေအရ ကြည့်မည်ဆိုလျှင် ကျွန်တော်ခုနကတင်ပြသလိုပဲ တောင်သူတွေသီးနှံပေါ်ချိန်၊ စိုက်စရိတ်ထုတ်ပေးချိန်မှာ နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့လောင်းကစားမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် တောင်သူတွေရဲ့ဝင်ငွေကို ထိခိုက်စေပါတယ်။ ဒါလည်း ကျွန်တော်တို့မျက်စိထဲမှာ အားလုံးအမြင်အတွေ့ပဲဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ တိုက်ခိုက်နိုင်မှ၊ ဒီဟာကိုပြေပျောက်သွားအောင်လုပ်နိုင်မှ ကျွန်တော်တို့အနေနဲ့ ဆင်းရဲမှုလျှော့ချရေးကို တစ်ဖက်ကနေ များစွာအထောက်အကူ ပြုနိုင်မယ်ဆိုတာ ဝိုင်းဝန်းပူးပေါင်းတဲ့အင်အားနဲ့ ဆောင်ရွက်ပေးကြပါလို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ဒါဟာ လူမှုရေးကဏ္ဍဆောင်ရွက်မှုဖြစ်ပါတယ်။

အုပ်ချုပ်ရေးကဏ္ဍဆောင်ရွက်မှုအနေဖြင့် ကျွန်တော်ဆက်ပြီး တင်ပြသွားပါမယ်။ ကျွန်တော်တို့ဆီမှာ အောက်ခြေမှာရှိတဲ့ ရပ်/ကျေးအဆင့်၊ မြို့နယ်၊ ခရိုင်၊တိုင်းဒေသကြီးအဆင့် အုပ်ချုပ်ရေးစနစ်တွေအဆင့်ဆင့် ရှိပါတယ်။ ဒါကျွန်တော်တို့ အခြခံဥပဒေအရ Committee Voice ကနေ Single Command အသွင်နဲ့  မြို့နယ်အဆင့်မှာသွားတယ်၊ ခရိုင်မှာသွားတယ်။ ဆိုလိုဒါကတော့ တစ်ချိန်က မြို့နယ်နဲ့ ခရိုင်မှာ  မြို့နယ်အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီ၊

၁၅

ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလို့ ဖွဲ့ခဲ့စဉ်ကမြို့နယ်အုပ်ချုပ်ရေးမှူးရှိတယ်။ အတွင်းရေးမှူးအဖြစ် မြို့နယ်နဲ့ ခရိုင်စီမံကိန်းဦးစီးမှူးက ဆောင်ရွက်တယ်။ ပြီးရင်အဖွဲ့ဝင်အနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးက အဖွဲ့ဝင်အနေနဲ့ပါဝင်ပြီးတော့မှ ကော်မတီရဲ့ Command အနေနဲ့သွားပါတယ်။ အခုအချိန်မှာတော့ Single Command အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးတစ်ဦးတည်းကသာ၊ ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦးတည်းကသာ ဌာနအားလုံးကိုပေါင်းစပ်ပြီးတော့ အုပ်ချုပ်မှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေရတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ အခက်အခဲကို ပွင့်ပွင့်လင်းလင်းတင်ပြရမယ်ဆိုလျှင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ညအိပ်ညနေခရီးထွက်မယ်ဆိုလျှင်တောင်မှ ဘယ်သူ့ကိုလွှဲခဲ့ရမလဲဆိုတာ ကျွန်တော်တို့မှာတော်တော်ကြုံပါတယ်။ ဒါကိုကျွန်တော်ပွင့်ပွင့်လင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ တစ်ချိန်တုန်းက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးခရီးထွက်မယ် ညအိပ်၊ ညနေသွားမယ်ဆိုရင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက တာဝန်ယူပြီးတော့ ခရိုင်နဲ့၊ မြို့နယ်ရဲ့ထူးခြားဖြစ်စဉ်အနေနဲ့ ဆောင်ရွက်ရမယ့်ကိစ္စတွေကို အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်သွားကြတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတစ်ယောက်ကနေပြီးတော့ ဌာနပေါင်းစုံကို ဆက်စပ်ပြီးဆောင်ရွက်မှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ညအိပ်၊ ညနေခရီးသွားမည်ဆိုလျှင် တော်တော်ကို ကျွန်တော်တို့ဖိဖိစီးစီးအာရုံထားပြီး အဲဒီမြို့နယ်တွေ၊ ခရိုင်တွေသတိထားပြီးတော့ တော်တော်ဆောင်ရွက်ရပါတယ်။ ထို့အတူပဲ ကျေးလက်အဆင့်မှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းအဆင့်မှာတော့ ဒါပြသနာမရှိပါဘူး။ ကျွန်တော်တို့မှာ တိုင်းအဆင့်အစိုးရအဖွဲ့အနေနဲ့ ဝန်ကြီးများဖွဲ့စည်းထားတာရှိတယ် တိုင်းအဆင့် အစိုးရအဖွဲ့မှာ  တိုင်းအုပ်ချုပ်ရေးမှူးသည် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်နေတဲ့အတွက် ပုံမှန်အတိုင်း Run ဖြစ်အောင်ဆောင်ရွက်နိုင်ပြီး၊ ခရိုင်နဲ့မြို့နယ် တွေမှာတော့ ကျွန်တော်တို့အတွက်နည်းနည်းအခက်အခဲရှိတယ်။ သို့သော်လည်း လုပ်လို့မရဘူးတော့မဟုတ်ပါဘူး။ ဖြစ်အောင် ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။

ထို့အတူပဲ အခုကာလအတွင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး(၁၀)ဦး တစ်ပြိုင်နက်တည်းပြောင်းမိန့်ထွက်ပါတယ်။ ဟိုကပြောင်းလာလို့ ဒီကရွှေ့ရတာ မဟုတ်ဘဲနဲ့ ဒုဦးစီးကိုလွှဲခဲ့ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးသည် တာဝန်ကျမြို့နယ်ကို ပြောင်းပါလို့ အမိန့်ထွက်လာပါတယ်။ ထွက်လာတဲ့အခါ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာရှိတဲ့  ဒုဦးစီးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတွေရဲ့ ရာထူးအဆင့်အရ အောက်မှာဖြစ်နေပါတယ်။ ဒါကြောင့် မြို့နယ်ကိုကိုင်တွယ်ဖို့ဆိုတာကျွန်တော်တို့တော်တော်ဂရုစိုက်ပြီး(၁၀)မြို့နယ်ကိုလုပ်နေတဲ့အရှိန်မပျက်အောင်ကျွန်တော်တို့

၁၆

တော်တော်ဂရုစိုက်ဆောင်ရွက်ပေးနေပါတယ်ဆိုတာ  ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ဒါသည်လည်း ဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရတဲ့ အခြေခံဥပဒေအရ အားလုံးအတည်ပြုပြီးသားဖြစ်တဲ့အတွက်  ကျွန်တော်တို့ကြိုးစားပြီး လုပ်နေတယ် ဆိုတာကို သိရှိအောင်လို့ ကျွန်တော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ နောက် ကျွန်တော်တို့အနေနဲ့ ဆက်ပြီးတင်ပြချင်တာက အုပ်ချုပ်ရေးစနစ်မှာ နိုင်ငံတော် သမ္မတကြီးအနေနဲ့လည်း တရားဝင်အတိအလင်း First Speech ပေါ့လေ၊ ပထမဦးဆုံး နိုင်ငံတော်ကိုပြောကြားတဲ့ မိန့်ခွန်းမှာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါ ဘာလည်းဆိုတော့ ကျွန်တော်တို့အစိုးရကာလမှာ သန့်ရှင်းတဲ့အစိုးရနှင့် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်ရေး၊ ဒါကို ကျွန်တော်တို့အစွမ်းကုန် ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ သန့်ရှင်းတဲ့အစိုးရဆိုတဲ့ဟာက Clean Government အဂတိလိုက်စားမှုကင်းရှင်းရေးပဲဖြစ်ပါတယ်။ အဂတိလိုက်စားမှု ဆိုတဲ့ဟာမှာ လူတစ်ဦးချင်းမြင်ကြတာသည် လာဘ်ပေးလာဘ်ယူမှုလို့ပဲမြင်ပါတယ်။ အမှန်ကတော့ လာဘ်ပေးလာဘ်ယူမှုတစ်ခုတည်းမကဘဲနဲ့ မိမိရာထူးနဲ့လျော်ညီတဲ့ လုပ်ငန်းတာဝန်ကို တာဝန်ယူရဲရမယ်။ တာဝန်ခံရဲရမယ်။ လုပ်ရမယ့်အလုပ်ကိုလည်း ပြည့်ပြည့်ဝ၀လုပ်နိုင်ရမှာပဲဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ တစိုက်မတ်မတ် သတိထားပြီးတော့မှ တွန်းအားပေးပြီးပြုပြင်ပြီးဆောင်ရွက်ပေးနေတယ်။ ဆိုလိုတာကတော့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အတွင်းမှာ ပြည်သူကိုညစ်ပတ်တဲ့ဟာတွေ၊ စာတင်စာချကအစ မလုပ်ပေးဘဲနဲ့  ကပ်ထားတဲ့ဟာတွေ၊ လုပ်နိုင်တာ တစ်ထိုင်တည်း လုပ်လိုက်ရမယ့်ဟာကို ရက်ချိန်းရွှေ့ပေးလိုက်တဲ့ဟာတွေ၊ ဒါတွေက အစမရှိအောင် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွေကို ကျွန်တော်တို့ မပြတ်ကြီးကြပ်ပြီး ဆောင်ရွက်ပေးနေတယ်။

ထို့အတူပဲ ရာထူးနဲ့လျော်ညီတဲ့ခံစားခွင့်ကိုတော့ ခံစားတယ်၊ လုပ်ရမယ့် အလုပ်တော့မလုပ်ဘူး၊ မလုပ်တဲ့အတွက် တာဝန်လည်းမယူရဲဘူး၊ တာဝန်လည်း မခံရဲဘူး၊ ဒါဟာဌာနတိုင်းမှာရှိပါတယ်။ ဒါကျွန်တော် ပွင့်ပွင့်လင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ ဒီအကျင့်စရိုက်တွေကအစ ကျွန်တော်တို့ ပြုပြင်ပြီးတော့မှ ခုနကပြောတဲ့ Clean Government နဲ့ Good Government ဖြစ်ဖို့အတွက်ကို ကျွန်တော်တို့  ကြိုးစားဆောင်ရွက်နေတယ်။ အလားတူပဲဖြစ်ဖို့ လုပ်ပိုင်ခွင့်အတွင်းက ပြည်သူကို ညစ်ပတ်တာဟာ မရှိဖို့အတွက်လည်း ကျွန်တော်တို့တစိုက်မတ်မတ်ကြည့်ပြီး ဆောင်ရွက်ပေးနေပါတယ်ဆိုတာ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော်တင်ပြလိုတာကတော့ တိုင်းဒေသကြီးရဲ့ ပခုက္ကူခရိုင်အတွင်းမှာဖြစ်သွားတဲ့ အောက်တိုဘာလ(၁၉)ရက်နေ့၊ (၂၀)ရက်နေ့မှာ O2B မုန်တိုင်းရဲ့ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးနဲ့ နေရာချထားရေး ထူထောင်ရေးကိစ္စဆောင်ရွက်ပေးနိုင်မှုကို ကျွန်တော့်အနေနဲ့တင်ပြသွားမှာဖြစ်ပါတယ်။ဒါအကျဉ်းချုံးပြီးတင်ပြသွားခြင်းဖြစ်ပါတယ်။

၁၇

ထိခိုက်ဆုံးရှုံးမှုအနေနဲ့ နိုင်ငံတော်အနေနဲ့လည်း တရားဝင်သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီမှာကျေးရွာပေါင်း(၁၀၆)ရွာ၊ ရပ်ကွက်(၇)ခုရေဘေးသင့်ပါတယ်။ အိမ်ခြေအားဖြင့် ရှိတာက မူလအားဖြင့်(၂၄၃၀ဝ)ကျော်ရှိတဲ့အထဲမှ ရေလွှမ်းမိုးခံလိုက်ရတာ၊ ရေဆိုတာ ရေတင်မဟုတ်ပါဘူး နုန်းတွေပါပါတယ်။ နုန်းတွေပါအိမ်ပေါ်မှာတင်ပါတယ်။စာသင်ကျောင်းပေါ်တင်ပြီးတော့ ဖြစ်နေတာပါ၊ အဲဒါ(၉၅၀၂၃) ရေမြုပ်တဲ့အိမ်ခြေ ဖြစ်ပြီးတော့ အဲဒီထဲကမျောပြီးပါသွားတာ(၂၅၃၅)အိမ်မျောပါသွားတယ်။ သေဆုံးပျောက်ဆုံးမှုအနေဖြင့် သံဃာ(၃)ပါးပါသွားတယ်။ ထို့အတူပဲ ကျား(၆၆)၊ မ(၉၂)၊ စုစုပေါင်းသေဆုံးပျောက်ဆုံး(၁၆၁)ဦးရှိပါတယ်။ သည်အလောင်းမရဘဲ အပါအဝင်ပါ အားလုံးဖြစ်ပါတယ်။ ဒါသည် ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်မှာ ထိခိုက်ခဲ့တဲ့ဟာပဲ ဖြစ်ပါတယ်။ ပျက်စီးမှုအနေနဲ့ပြန်ကြည့်ရင် ဘုန်းကြီးကျောင်း(၁၉)ကျောင်း၊ စာသင်ကျောင်းအားဖြင့် (၅)ကျောင်း၊ စာသင်ကျောင်းဆောင်သည်(၁၀)ခု၊ ဓမ္မာရုံ(၁၄)ရုံ ပျက်စီးပါတယ်။ ထို့အတူ တိရစ္ဆာန် သေဆုံးမှုအနေနဲ့ နွား(၉၀၂)ကောင်နှင့် သိုး/ဆိတ်(၁၇၀၅)ကောင်၊ ကြက်(၄၅၅)ကောင်၊ ဝက်(၃၂၂)ကောင်ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း(၁၅၄၄၅)သိန်းဖိုး ဆုံးရှုံးပါတယ်။ ပြည်သူအားဖြင့်ရေဘေးသင့်ပြည်သူ(၂၉၇၅၁)ဦးရေဘေးသင့်တာ ရှိပါတယ်။ ဒီဟာတွေနဲ့ပတ်သက်၍ ဖြစ်စဉ်အနေနဲ့ အကြမ်းဖျင်းတင်ပြရလျှင် ပခုက္ကူမှာ အသက်ဆုံးရှုံးမှုများပါတယ်။ ပခုက္ကူမြို့ပေါ်မှာအသက်ဆုံးရှုံးမှုသည် အားလုံး(၁၂၀)ဦး ရှိပါတယ်။ ဘုန်းကြီး(၁)ပါး၊ ကျား(၄၆)ဦး၊ မ(၇၄)ဦး၊ (၁၂၀)ဦးရှိပါတယ်။ ကျန်တာကတော့ မြိုင်မှာ(၇)ဦး၊ ပေါက်မှာ(၂၁)ဦး၊ ဆိပ်ဖြူမှာ(၁၂)ဦး၊ အားလုံး(၁၆၁)ဦး အသက်ဆုံးရှုံး/ပျောက်ဆုံး လျက်ရှိပါတယ်။ အဲဒီတော့ ကျွန်တော့အနေနဲ့တင်ပြချင်တာ ပခုက္ကူမှာ အသက်ဆုံးရှုံးမှုသည် ရွှေချောင်းဆိုတဲ့ကောနေတဲ့ ချောင်းရှိပါတယ်။ အဲဒီကောနေတဲ့ချောင်းအတွင်းမှာ ရေလွှမ်းမိုးမှုခံလိုက်ရတာ  ကျူးကျော်အဖြစ် ဝင်ရောက်အိမ်ဆောက်ပြီးနေထိုင်ကြတဲ့ နှစ်ပေါင်းမြောက်များစွာကြာပြီး လက်ပြောင်း လက်လွှဲတွေလုပ်ပြီး အရောင်းအဝယ်တွေတောင်ဖြစ်နေကြတဲ့ အိမ်ခြေ(၂၅၀) ရှိတယ်။ အလားတူ ဂရန်ပေါက်နေတဲ့ရပ်ကွက် (၃)ခုထဲမှာ(၇၇)လုံးရှိတယ်။ အဲဒီအိမ်များသည် ချောင်းရေကျများတဲ့အတွက် မျောပါသွားတာပေါ့၊ ဒါသည် ကျွန်တော်တို့အနေနဲ့ ပြောရလျှင်မုန်တိုင်းသတင်းအနေနဲ့ ရေဒီယိုကထုတ်ပြန်သလို ရပ်/ကျေးတွေမှာလည်း Loud Speaker နဲ့လိုက်အော်ပြီးတော့သတိရှိရေး၊ မုန်တိုင်းနဲ့ကင်းလွတ်တဲ့နေရာတွင် နေထိုင်ရေးတို့ကို သတိပေးခဲ့သော်လည်း ရွှေချောင်းသည် တင်ပြရလျှင် တစ်ခါမှ မကြုံဖူးပါဘူး၊ ကျွန်တော်ကြုံတွေ့ခဲ့တဲ့ဟာအရလည်း တစ်ခါမှရွှေချောင်းမှာရေကျတာ မရှိပါဘူး။ ချင်းတွင်းရေတောင့်ပြီးတော့ တံတားခြေကိုရေဝင်တာပဲရှိပါတယ်။အပေါ်က ရေကျတာမရှိပါဘူး၊ မရှိတဲ့အတွက် ပြည်သူများအနေဖြင့် လွတ်လွတ်လပ်လပ်ပဲ၊ မိုးတော့ရွာတယ် Heavy Rain (၆)လက်မကျော်ရွာတယ်၊ သို့သော်လည်း မြိုင်ဘက်မှာ(၇)လက်မကျော်တယ်၊ ပေါက်မှာ(၇)လက်မကျော် ရွာတယ်။ ပခုက္ကူမှာ (၆)လက်မကျော်တာ Heavy Rain ရွာတာသည်မုန်တိုင်းအသွင် လေပြင်းတိုက်ပြီးတော့မှ လာတာမဟုတ်တဲ့အတွက် ကြောက်လန့်မှုမရှိဘူး၊ ဂရုမပြုမိဘဲ၊ အဲဒီတော့ အပေါ်ကစီးဆင်းလာသောရေသည် အလုံးလိုက်ဆင်းလာတယ်၊ စပြီးတော့ ရေကျလာတာ မနက်(၅)နာရီခွဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ပြောကြေးဆိုရင် လင်းနေပြီ ဖြစ်ပါတယ်။ လင်းနေပြီဖြစ်တဲ့အတွက် သတိဝီရိယရှိတဲ့အိမ်ထောင်စုသည် ပစ္စည်းဆုံးရှုံးတယ်၊ အသက်မပါသွားဘူး၊ သတိဝီရိယမရှိတဲ့ အိမ်ထောင်စုအများစုသည် ရပါတယ်ကွာဆိုပြီးတော့ ရေကျလာတာကို ဂရုမစိုက်ဘဲနဲ့နေလိုက်တဲ့အတွက် အသက်ဆုံးရှုံးရခြင်းဖြစ်ပါတယ်။ပခုက္ကူဘက်ကဖြစ်တဲ့ ဖြစ်စဉ်ပါ၊ ကျန်တဲ့မြိုင်မှာတော့ ဒေသသဲချောင်းတွေ ရေကျလာတဲ့အတွက် ဆုံးရှုံးခြင်းဖြစ်တယ်။ ပေါက်နဲ့ဆိပ်ဖြူကတော့ ယောချောင်းသည် ကျောက်ထုဘက်၊ ချင်းပြည်နယ် မင်းတပ်ဘက်မှ အခြေခံပြီး ယောချောင်းစီးဆင်းလာခြင်း ဖြစ်ပါတယ်။ ထို့အတူကျောချောင်း၊ ပုံတောင်၊ ပုံညာကြားထဲကနေ စစ်ကိုင်းတိုင်းက အလောင်းတော်ကဿဖ ဘက်အထိကို စီးဆင်းလာသောချောင်းဖြစ်ပါတယ်။ ချောင်းနှစ်ချောင်းက ဘယ်ရွာမှာပေါင်းသလဲဆိုရင်  ပေါက်မြို့အောက် အုန်းတောဆိုတဲ့နေရာရှိတယ်၊ အဲဒီနားမှာလာပြီးတော့မှ ချောင်းနှစ်ချောင်းပေါင်းမိပါတယ်၊ ကျောချောင်းလည်းရေကြီးတယ်၊ ချင်းပြည်နယ်မှာလည်း မိုးများတယ်၊ ဂန့်ဂေါဘက်လည်းမိုးများတယ်၊ စစ်ကိုင်းတိုင်း အောက်ပိုင်းလည်း မိုးများတယ်၊အဲဒီလိုဖြစ်တဲ့အတွက် ရေကချောင်းထဲမှာ မကြုံဘူးလောက်အောင် ရေကျလာပြီးတော့မှ တိုက်စားသွားခြင်းခံရတယ်၊ အဲဒါကြောင့် ပေါက်နဲ့ဆိပ်ဖြူ၊ ပခုက္ကူမြို့နယ်တွေလည်း ပါပါတယ်။ အဲဒီမှာရေတိုက်စားမှုဒဏ်ကို ခံခဲ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့တင်ပြချင်တာက ပခုက္ကူ အသက်ဆုံးရှုံးခြင်းသည် ရာသီဥတုအရဖြစ်လာတာမှန်တယ်၊ အလေးမမူမိတဲ့အတွက် ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်၊ ဒါလည်း ကယ်ဆယ်ရေးစခန်းမှာရှိတဲ့ ပြည်သူများကို ထောက်ပံ့ရင်းနဲ့ ပွင့်ပွင့်လင်းလင်းပဲ ညီအစ်ကိုမောင်နှမလို ကျွန်တော်ပြောပြ ဆွေးနွေးပြီးဖြစ်ပါတယ်။ နောက်သူတို့ကလည်း မှန်ပါတယ်။ ဒါကိုဂရုမပြုမိတဲ့အတွက် ဒီလိုဆုံးရှုံးသွားရတာဖြစ်တယ်။အလားတူပဲ ယောချောင်း၊ ကျောချောင်းနဲ့ပတ်သက်လို့ တင်ပြရမယ်ဆိုလျှင် အဲဒီနားမှာရှိတဲ့ ပေါက်မြို့နယ်က ချောင်းနားဆိုတဲ့ရွာကို ရောက်ခဲ့တယ်။ သက်တော်(၉၁)နှစ်ရှိ ဆရာတော်ရှိသေးတယ်၊ သတိလည်းကောင်း၊ ကျန်းမာရေးလည်းကောင်းတယ်၊ သူ့ဟာသူလည်းထထသွားသွားလုပ်နိုင်တယ်။ အဲဒီဆရာတော်ကြီးကိုဖူးရင်းနဲ့ ဆရာတော်ကြီးကဒီသက်တော်အတွင်းမှာ ဒီလိုတစ်ခါမှ မကြုံဖူးဘူးလို့ပြောတယ်။ ဒါသက်တော်(၉၁)နှစ်ရှိတဲ့ ဆရာတော်ကြီးရဲ့ပြောကြားချက်၊ ဆိုလိုတာကတော့ ဖြစ်ချင်လို့ဖြစ်လာတယ်၊ သို့သော်လည်းဖြစ်လာတဲ့ဟာအပေါ်မှာ  ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ ဒါတွေကို ကျွန်တော်တို့ ဆောင်ရွက် ပေးနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း First Step အားလုံးပြီးပြီဖြစ်ပါတယ်။ စာရင်းတွေအားလုံးငြိမ်သွားပြီဖြစ်ပါတယ်။အဲဒီတော့ ကျွဲ၊ နွားဆုံးရှုံးမှုကအစ ခိုင်းနွားလား၊ လွှတ်ကျောင်းနွားလား   စာရင်းအသေးစိတ်ကို ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အဲဒီတော့ ကယ်ဆယ်ရေးအပိုင်းအနေနဲ့ပြီးပြီဖြစ်ပါတယ်။နောက် နေရာချထားရေးအပိုင်းဆိုင်ရာသည်လည်း တစ်ကယ့်မြေပြင်မှာဖြစ်တာမှန်တယ်။ ဒီချောင်းဘေးတွင် ရွာမနေချင်တော့ပါဘူး၊ ရေလွတ်တဲ့နေရာမှာနေချင်ပါတယ်။ ဒါကိုကျွန်တော် နိုင်ငံတော်သမ္မတကြီးကို တင်ပြတဲ့အတွက် နိုင်ငံတော်သမ္မတကြီးက ယာမြေဘဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားလုပ်ပေးနိုင်တဲ့ဟာအကုန်လုံး မြေပြင်မှာ ရွှေ့ပေးလိုက်ပါဆိုလို့ ဒီအမိန့်လည်းရပြီးဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော် ဆက်ပြီးတော့ နေရာချထားရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းအနေနဲ့တော့ ပေါက်မြို့နယ်၊ ရေပြာကျေးရွာအုပ်စုမှာ မြစ်ရေတင်လုပ်ငန်းရှိပါတယ်။ အဲဒီမှာ မိုးစပါးစိုက်ဧက (၁၀ဝ၀)ကျော်ရှိပါတယ်။  အောင်ရေတောင်မလိုတော့ပါဘူး။ အခု စပါးများမှည့်နေပါပြီ၊ အဲဒါတွေက အချို့သည် သဲလွှမ်းသွားတဲ့အတွက်၊ နုန်းတွေတင်သွားတဲ့အတွက်   သီးနှံအထွက်နှုန်းကျသွားမယ့်အနေအထားရှိပါတယ်။ ဒီဟာအပေါ်မူတည်ပြီးတော့မှ ကျွန်တော်တို့ လယ်ယာသမ ဆက်လက်ထူထောင်ဖို့အတွက် CB Bank ခေါ်တဲ့ သမဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး နဲ့ဆက်သွယ်ပြီးတော့ မကြာခင် သူတို့ရောက်လာပြီးတော့မှ ဒီတောင်သူတွေကို၊ ဧက(၁၀ဝ၀)ကို လယ်ယာသမအသွင်နဲ့ ဒါကိုဖော်ထုတ် ပြီးတော့မှ စက်မှုလယ်ယာအသွင်နဲ့ဖြစ်လာအောင်ဆက်ပြီး ပညာပေးမှုဆောင်ရွက်ပေးသွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ အလားတူပဲ ပြန်လည်ထူထောင်ရေးမှာ ယောချောင်း၊ ကျောချောင်းတစ်ဝိုက်တောင်သူများသည် ကြက်သွန်တောင်သူများပါတယ်။ ကြက်သွန်တောင်သူများတဲ့အတွက် အခုချိန်သည် ဥစိုက်ပျိုးရမယ့် အချိန်ဖြစ်တယ်။ ဒီဇင်ဘာလကုန်တွင် အစေ့ပျိုးစိုက်ပျိုးရမယ့်အချိန်ဖြစ်တယ်။ သို့သော် မျိုးတွေဆုံးရှုံးသွားပြီ၊ ဒါတွေနဲ့ပတ်သက်လို့ ကြက်သွန်ကုန်သည်ကြီးများအသင်းနှင့် ပေါင်းစပ်ပြီးတော့မှ သီးနှံပေါ်ပေးစနစ်နဲ့  မျိုးရရှိရေး၊ စိုက်စရိတ်ရရှိရေး၊ သွင်းအားစု ရရှိရေး၊ ဒါတွေကို ဆောင်ရွက်ပြီးတော့မှ လက်လွတ်မဖြစ်သွားအောင် ဒီစိုက်ရာသီကို ကျွန်တော်တို့လုပ်ပေးရပါမယ်။  ရွာတွေမှာ အလားတူပဲ ပြည်သူများရဲ့ ကလေးတွေဖြစ်တဲ့ စာသင်ကျောင်းများယာယီကျောင်းဖွင့်နိုင်အောင်ကို ပျက်စီးသွားတဲ့ ကျောင်းတွေ ပြန်ပြီးဆောက်လုပ်ရေး ပြုလုပ်နိုင်အောင်ရော ဒါတွေကို  ဆောင်ရွက် ပေးနေတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ချို့ ဆရာ၊ ဆရာမတွေရှိတယ်။ အခြားနေရာကလာပြီးတော့ဆရာ၊ ဆရာမတွေ၊ ဒီလိုပဲ ရွာမှာရေကြီးတော့ကြောက်လန့်ပြီးထွက်ပြေးတယ်။ သူ့တို့အိမ်ရောက်သွားကြတယ်၊ ကျွန်တော်တို့ Parade State စစ်ရတာပေါ့၊ တန်းစီဇယားနဲ့စစ်ရတယ်၊ စစ်ပြီးတော့ မရောက်သေးတဲ့ ဆရာ၊ ဆရာမတွေကို ချက်ချင်းခေါ်၊ ချက်ချင်းလာပြီး တနင်္လာနေ့ ကျောင်းပြန်ဖွင့်၊ Taxe Book တွေရရှိရေး၊ သင်ရိုးညွှန်းတမ်းစာအုပ်များရရှိရေး၊ ဗလာစာအုပ်များရရှိရေး၊ ချက်ချင်းဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုကျွန်တော်တို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

ကယ်ဆယ်ရေးအပိုင်းအနေဖြင့်ပြောရလျှင် နိုင်ငံတော်သမ္မတကြီးရဲ့စေတနာ၊ အစိုးရအဖွဲ့ရဲ့စေတနာအရ ကျွန်တော်သွားကြည့်တယ်၊ ကြည့်တဲ့အချိန်မှာ ကျွန်တော်တို့နေ့ရော၊ ညရောသွားရသောနေရာသည် ကားဝင်၍မရတော့ပါဘူး၊ နုန်းမြေများ၊ ရွှံ့မြေများပို့ခဲ့တယ်၊ လုံးဝသွားမရဘူး၊ ရဲတပ်ဖွဲ့အားစေလွှတ်ရာတွင် ည ၁၀နာရီ၊ ၁၂နာရီ လူရောက်ရှိအောင်မနည်းသွားနေရတယ်၊ လတ်တလောစားဖို့ဝတ်ဖို့အတွက်၊ နေဖို့အတွက် ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ဖို့လိုအပ်တယ်၊ တပ်ဖွဲ့တောင် မနည်း သွားနေရရင် ရိက္ခာပစ္စည်းပို့ဖို့အတွက် တော်တော်ခက်ပါတယ်၊ ဒါကို ရဟတ်ယာဉ် အကူအညီ ကျွန်တော်တင်ပြတောင်းခံပါတယ်၊ သမ္မတကြီးအနေနဲ့လည်း သုံးချင် သလောက်သုံး မင်းလိုတဲ့နေရာ ငါအကုန်ချပေးမယ်လို့ ဆိုပြီးတော့ အကုန်လုံး လုပ်ပေးပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ရှင်းရှင်းပြောရရင် ပြန်လည်ထူထောင်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းလည်း ကျွန်တော်မှန်းထားတာ ဖြစ်စဉ်ဖြစ်ပွားတဲ့ (၂၀.၁၀.၂၀၁၁)ရက်နေ့မှ (၂၁.၁၁.၂၀၁၁)မှာ အားလုံးကင်းရှင်းသွားပြီ၊ လုပ်ငန်းတွေပြန်ပြီး လည်ပတ်နိုင်ပြီဆိုတဲ့အဆင့်ဖြစ်အောင် အင်နဲ့အားနဲ့ ကျွန်တော်ဆက်ပြီးလုပ်သွားပါမယ်။ အကောင်အထည်ဖော် ဆောင်ရွက်မှုကို ပွင့်ပွင့်လင်းလင်းနဲ့ ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။ အချို့သော ကိုယ်စားလှယ်များဟာ ထင်ယောင်ထင်မှားဖြစ်နေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ကိုယ်တိုင်လည်းလုပ်ခဲ့တယ်။ ကျွန်တော်(၃၁)ရက်နေ့ည(၁၀)နာရီလောက်မှ အိမ်ပြန်ရောက်တာ၊ မနေ့ကပြင်ဆင်ချိန်လုပ်ပြီး ဒီနေ့လွှတ်တော်ခေါ်တာပါ၊ နောက်ပြီးသွားရင် ကျွန်တော်ပြန်တက်သွားဦးမှာပါ၊ ဘာလို့လဲဆိုတော့ အစိုးရ ကိုယ်စား ဒီလိုလွှတ်တော်မှာ ကျွန်တော်တို့၏ဆောင်ရွက်မှု၊ ဆက်ပြီး ဆောင်ရွက်မှု အခြေအနေတွေကိုတင်ပြ Drive လုပ်မှရတာ၊ ဒါမှမြန်မြန်ဖြစ်လာမယ်၊ ဒါကို ကျွန်တော်ရှင်းရှင်းလင်းလင်းနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်မှာ တာဝန်ရှိပါတယ်၊ တာဝန်လည်းရှိသလို စေတနာလည်းရှိတဲ့အတွက် လာရောက်ပြောကြားခြင်း ဖြစ်တယ် ဆိုတာပြောကြားရင်း နိဂုံးချုပ်ပါတယ်။