ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး တတိယနေ့တွင် ပြောကြားခဲ့သည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏မိန့်ခွန်း
မိန့်ခွန်းများအားလုံးပဲမင်္ဂလာပါ။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအနေနဲ့ ပြီးခဲ့တဲ့ (၃၁) ရက်နေ့ ပတ်ဝန်းကျင် မှာ သဘာဝဘေးဒဏ်ကျရောက်ခဲ့ရတဲ့ အဓိက ဦးစားပေးနေရာဖြစ်တဲ့ မုန်းချောင်းရေကြီးဒဏ်ကို ခံရတဲ့ပြည်သူတွေ အပေါ်မှာ ကျွန်တော်တို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ အခုအချိန်ကတော့ ကယ်ဆယ်ရေးအပိုင်းက ပြီးသွားပြီဖြစ်ပါတယ်။ ပြန်လည်တည်ဆောက်ရေး အပိုင်းကို မူလအနေအထားအပြင်၊ မူလထက်ပိုမိုကောင်းမွန်တဲ့ အနေ အထားမျိုးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း ပဏာမ ပြောကြား လိုပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ဦးစားပေး(၁)၊ (၂) ရှိပါတယ်။ ဦးစားပေး(၁)ကတော့ အခုလို Unnormal Flood အဲဒါမျိုးဖြစ်တဲ့ ရေဘေးသင့်ပြည်သူတွေကို ဦးစားပေး(၁)အနေနဲ့ ကျွန်တော်တို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ရပါတယ်။ ဦးစားပေး(၂) ကတော့ Normal Flood ပေါ့နော်။ဥပမာ ဧရာဝတီမြစ်ရေဝင် တယ် ဧရာဝတီမြစ်ရေတက်တယ်ဆိုတာမြစ်ကမ်းပါးမှာရှိတဲ့မြို့တွေ၊ ရွာတွေ အဲဒီရွာတွေအနေနဲ့ ဒါကိုခံစားရတာဖြစ်ပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ ဦးစားပေး(၂)အနေနဲ့ ကယ်ဆယ်ရေးနဲ့တည်ဆောက်ရေးလုပ်ငန်းများ လုပ်ရ တာဖြစ်ပါတယ်။ ကျွန်တော်တို့ဦးစားပေး(၂) အနေနဲ့ဆောင်ရွက်ရမယ့်မြို့နယ်ပေါင်းဟာ တိုင်းအတွင်းမှာဆို မြောက်ဘက်အစွန်ဆုံး ရေစကြို ရှိတယ်၊ ပခုက္ကူရှိတယ်၊ စလင်း၊ပွင့်ဖြူ၊မင်းဘူး အရှေ့ဘက်ကမ်းဆိုရင် ရေနံချောင်း၊ ချောက်၊ မကွေး ထို့အတူဘဲ အောက်ကို ဆက်ဆင်းသွားမယ်ဆိုရင် မင်းလှ၊ ဆင်ပေါင်ဝဲ၊သရက်၊အောင်လံ၊ ကံမ အဲဒီအထိကိုပြန်တွက်ကြည့်ရင် ဧရာဝတီ နှင့် ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ မြို့နယ်ပေါင်း (၈)မြို့နယ်တို့ဟာ ဦးစားပေး (၂)ပေါ့နော်။ Normal Flood ကိုခံစားရတဲ့ မြို့နယ်တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခု Unnormal Flood ဖြစ်တဲ့ မုန်းရေ ကြီးမြင့်မှုကို ကယ်ဆယ်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကျွန်တော်အနေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြဖို့လည်း ကျွန်တော့်မှာ တာဝန်လည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ လာရောက်တင်ပြခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ ပခုက္ကူမှာ O2B ဖြစ်ခဲ့ပါတယ်။ ဒီ O2B တုန်းကဆိုလို့ရှိရင် ကျွန်တော်တို့ ခုလိုဘဲ လွှတ်တော်မှာ တင်ပြခဲ့ဖူး ပါတယ်။ အခုလည်း မုန်တိုင်းဒဏ်ခံရတဲ့အတွက် ကျွန်တော်တို့ဆောင်ရွက်မှု များကို အကျဉ်းချုံးပြီးတော့ (Power Point)ဖြင့်တင်ပြသွားမှာ ဖြစ် ပါတယ်။ ဒါကတော့ ကျွန်တော်တို့ မင်းဘူးခရိုင်ရဲ့ အခြေပြမြေပုံ ဖြစ်ပါတယ်။ အောက်ဆုံးကတော့ မင်းဘူးမြို့နယ်ဖြစ်ပြီးတော့ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာ၊ ငဖဲ ဆိုပြီးတော့ (၅)မြို့နယ် ရှိပါတယ်။ အဲဒီတော့ စလင်းမြို့နယ်ထဲမှာ စလင်းချောင်းဟာ ချင်းပြည်နယ်၊ မင်းတပ်ကို Guesstimate ဧရိယာ ယူပြီးတော့ စီးဆင်းပါတယ်။ ထို့အတူပဲ မုန်းချောင်းဟာ စေတုတ္တရာနှင့် ပွင့်ဖြူကို ဖြတ်ပြီးတော့မှ Guesstimate ဧရိယာ မတူပီကို ခံပြီးတော့မှ ဆင်းလာတာ ဖြစ်ပါတယ်။ ထို့အတူဘဲ အောက်ဘက်က မန်းချောင်းကလည်း ရခိုင်ရိုးမကိုခံပြီးတော့မှ ငဖဲနှင့် မင်းဘူးကို ဖြတ်ပြီးတော့ စီးဆင်းလာတာ ဖြစ်ပါတယ်။ အဲဒီတော့ မိုးဦးကာလမှာ ရခိုင်ဘက်က မိုးရေချိန် မြင့်မားမှုကြောင့် မန်းချောင်းမှာ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပထမဦးစွာ မိုးဦးကာလမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ထို့အတူဘဲ (၃၁) ရက်နေ့မှာ ဖြစ်ခဲ့တာက မုန်းချောင်းမှာ ချင်းပြည်နယ်မှာ မိုးရေချိန်များတဲ့ အတွက် မုန်းချောင်း Unnormal Flood ဖြစ်ပြီးတော့မှ အဓိကကတော့ စေတုတ္တရာ မြို့နယ်နဲ့ ပွင့်ဖြူမြို့နယ် (၂)မြို့နယ်ကို အဓိကထိခိုက်သွားတာဖြစ်ပါတယ်။ ထို့အတူဘဲစလင်းမြို့နယ်မှာလည်း စလင်းချောင်းဟာ မင်းတပ်ကိုခံထားပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်တဲ့နေ့မှာဘဲ စလင်းချောင်းရဲ့ ရေပြည့်မှတ်ရောက်ဖို့ဟာ ပေ ၅၀ လောက်သာလိုပေမယ့် ကျွန်တော်တို့ ဖြစ်စဉ်ဖြစ်တဲ့ တစ်ပြိုင်နက် တည်းမှာဘဲ Fill Wall ကို၇ပေလောက်ကျော်ကျတဲ့အဖြစ်မျိုးဖြစ်ပါတယ်။သို့သော်လည်းမုန်းချောင်း လောက်မဖြစ်တဲ့အတွက် စလင်းမြို့နယ်မှာတော့ ဒီလောက်ကြီးထိခိုက်မှုမရှိပါဘူး။ သို့သော် ဧရာဝတီ မြစ်ရေဟာလည်း အဲဒီအချိန်မှာလပြည့်ရက်ဖြစ်တဲ့အတွက်တောင့်နေပါတယ်။တောင့်နေတဲ့ အတွက် ဘေးကိုနည်းနည်း Flood ဖြစ်တာတော့ ရှိတာပေါ့။ ရေတော့နည်းနည်း ကြီးသွားတဲ့ ဒဏ်ခံရပါတယ်။ ဒါ စလင်း မြို့နယ်ရဲ့ မြေပုံနဲ့ ယေဘုယျအခြေအနေပဲ ဖြစ်ပါတယ်။ အားလုံး ရပ်ကွက်(၄)ခုနှင့် ကျေးရွာ အုပ်စု (၄၈)ခုရှိပါတယ်။ လူဦးရေ (၂)သိန်းကျော် ရှိပါတယ်။ စေတုတ္တရာမြို့နယ်ရဲ့ အခြေပြမြေပုံနဲ့ ယေဘုယျအခြေအနေ ဖြစ်ပါတယ်။ ရပ်ကွက်(၂)ခုနဲ့ ကျေးရွာအုပ်စု (၄၆)အုပ်စုနဲ့ကျေးရွာ(၁၁၈)ရွာ နဲ့ အိမ်ခြေ (၈၅၇၅) အိမ်ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ မုန်းချောင်း တမံရဲ့ နေရာပြမြေပုံ ဖြစ်ပါတယ်။ တင်ပြပါအတိုင်း မုန်းချောင်း တစ်လျောက်မှာ စေတုတ္တရာအနီးမှာ မုန်းတမံရှိပါတယ်။ ထို့အတူဘဲ ပွင့်ဖြူနဲ့ စေတုတ္တရာ နယ်စပ်နားမှာ ကြီးအုံကြီးဝတမံရှိပါတယ်။ အဲဒီ အောက်မှာ မဲဇလီဝီရာ ပုသိမ်-မုံရွာလမ်းရဲ့အောက်မှာရှိပါတယ်။ အဲဒီနေရာမှ မြောက်မုန်းမြောင်းမကြီးနှင့် တောင်မုန်းမြောင်းမကြီး ခွဲပြီးတော့မှ မဲဇလီ ရေသောက်အဖြစ် ပေးထားခြင်းဖြစ်ပါတယ်။ ရေသောက်စိစစ်ပြီးဧက အားလုံးပေါင်း (၈) သောင်းကျော်ရှိကြောင်း တင်ပြအပ်ပါတယ်။ မိုးရေချိန် လက်မကတော့ တင်ပြပါအတိုင်းပဲ ပွင့်ဖြူမှာ ရွာခဲ့တာသည် (၁.၅၀) လက်မ ပဲရွာပါတယ်။ စေတုတ္တရာမှာ (၂၇) ရက်နေ့မှာ (၄.၂၇) လက်မ ရွာတယ်။ (၃၀)ရက်နေ့မှာ (၄.၉၆) လက်မရွာတယ်။ (၃၁)ရက်နေ့မှာ (၂.၆၀)လက်မပဲ ရွာသွန်းခဲ့ပါတယ်။ သို့သော်လည်း ခုနကတင်ပြသလိုပဲ မုန်းချောင်းကို ခံထားတဲ့ မတူပီမှာ မိုးရွာသွန်းမှုဟာ တင်ပြပါအတိုင်း (၂၆)ရက်နေ့မှာ (၄.၅၅) လက်မ၊ (၃၀) ရက်နေ့မှာ (၄.၀၅) လက်မ၊ (၃၁) ရက်နေ့မှာ (၉.၂၀) လက်မ ရွာခဲ့ပါတယ်။ ထို့အတူဘဲ စလင်းချောင်းဖျားဖြစ်တဲ့ မင်းတပ်မှာ တင်ပြပါအတိုင်း (၃၀)ရက်နေ့မှာ(၄.၉၂)လက်မ၊ (၃၁)ရက်နေ့မှာ (၃)လက်မအထိ ရွာသွန်းခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ အဲလိုဖြစ်တဲ့အတွက် အဓိကကတော့ မုန်းချောင်းကိုခံထားတဲ့ မုန်းတမံမှာ (၃၀)ရက်နေ့မှာ Fill Wall ပေါ့ Full Tank Level ရဲ့အပေါ် (၂၉)ပေထိ ကျော်ခဲ့ပါတယ်။ ထို့အတူဘဲ ကြီးအုံကြီးဝမှာ(၂၅)ပေထိကျော်ခဲ့ပါတယ်။(၃၁)ရက်နေ့မှာတော့ Full Tank Level ရဲ့အပေါ် မုန်းမှာ (၃၅)ပေနဲ့ ကြီးအုံကြီးဝမှာ (၃၂) ပေထိ ကျော်ခဲ့ တယ်ဆိုတာ တင်ပြအပ်ပါတယ်။ဒါဟာ မုန်းတမံရဲ့ရေဝင်ရောက်နေမှု အခြေအနေပါ။ Full Tank Level ရဲ့အောက် အကြမ်းဖျင်းတမံထိပ်ရဲ့အောက် (၅)ပေနဲ့ (၁၀)ပေကြားမှာ ရောက်ရှိနေတာကို တင်ပြခြင်းဘဲဖြစ်ပါတယ်။ ဒါတော့ ရေပြည့်မှတ်ကျော်ပြီးတော့မှ ရေပြည့်မှတ်ရဲ့ (၃၅.၈) ပေ ကျော် ပြီးတော့မှ Fill Wall ပေါ်ကနေ ကျော်ပြီးတော့ကျနေတဲ့မှတ်တမ်းဓါတ်ပုံ ဖြစ်ပါတယ်။ ဒါ ကြီးအုံကြီးဝတမံပါ။ ကြီးအုံကြီးဝတမံ မှာလည်း Over Topple မဖြစ်အောင်လို့ တမံရဲ့အပေါ်မှာ ထပ်ပြီးတော့မှ သဲအိတ်တွေ တင်ပြီးတော့ ကာထားတဲ့ဓါတ်ပုံဖြစ်ပါတယ်။ အပေါ်ဆုံးပုံကတော့ Fill Wall က ကျတာပါ။ ဒါကတော့ (၃၁)ရက်နေ့ည (၁၂)နာရီမှာ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ Fill Wall ရဲ့အပေါ်မှာ Shutter ရှိပါတယ်။ အဲဒီ Shutter ရဲ့အပေါ်မှာ ကျော်ပြီးတော့ (၃၃.၃) ပေကျော်ပြီးတော့မှ ရေကျနေတဲ့ မှတ်တမ်းဓါတ်ပုံဖြစ်ပါတယ်။ အဲလိုဖြစ်တဲ့အတွက် တင်ပြပါအတိုင်းပဲ ပွင့်ဖြူမြို့နယ်မှာ အနီစက်တွေ ပြထားတာကတော့ ကျေးရွာပေါင်း(၁၅၄)ရွာ နဲ့ ရပ်ကွက်(၄)ခု၊ အိမ်ထောင်စု(၂၅၈၀)ကျော် ရေဘေးသင့်တဲ့ဒဏ်ကို ခံစားရပါတယ်။ ထို့အတူပဲ စေတုတ္တရာမှာ အနီစက် တွေပြထားတဲ့ ကျေးရွာ (၂၈)ခုနဲ့ ရပ်ကွက်(၂)ခု၊ အိမ်ထောင်စု(၂၂၅၈)ခု ရေဘေးသင့်တဲ့ဒဏ်ကို ခံစားရပါတယ်။ ပထမဦးစွာ လူ၊ တိရစ္ဆာန်၊ ကျွဲ၊ နွား အသက်ရှင်ဖို့ကို ဦးစားပေးပြီး ဆောင်ရွက်ရပါတယ်။ အဲဒီတော့ စခန်းပေါင်း တင်ပြပါအတိုင်း (၂၄) ခုမှာ ဖွင့်လှစ်ပြီးတော့ ချက်ချင်း (၃၁) ရက်နေ့ ကတည်းကစပြီးတော့ စခန်းတွေခွဲဖွင့်ဖို့ ပြီးတော့မှ နံပါတ်(၁) အချက် အသက်အန္တရာယ်ကင်းရှင်းရေးလုပ်ရပါတယ်။ (၂) အချက် စားဖို့၊ နေဖို့ ကိုဆောင်ရွက်ရပါတယ်။ (၃)အချက်ကျမှ ဝတ်ဖို့ကိုရတဲ့ အဝတ်အထည်တွေပေးပြီးတော့မှ ဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ အိမ်ထောင်စုနဲ့ လူဦးရေစာရင်းဘဲဖြစ်ပါတယ်။ အဲလိုဖြစ်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုကို ပြန်ကြည့်ရင် Early Warning ရပါတယ်။ (၃၀)ရက်နေ့က ကျွန်တော် မုန်းကို တက်သွားပြီး ကန်ပြားဘဲရောက်ပါတယ်။ရေကျော် (၃) ခုက ရေကျနေတဲ့အတွက် တက်လို့မရပါဘူး။ တက်လို့မရတဲ့ အတွက် ကြီးအုံကြီးဝကို ဆက်တက်သွားပြီး ကြီးအုံကြီးဝမှာ ကြည့်ပါတယ်။ ကြည့်တဲ့အချိန်မှာတော့ ပုံမှန်အနေအထားလောက်ပဲ ရေကျော်နေသေးတာ တွေ့ရပါတယ်။ Fill Wall ကတော့ ရေကျော်နေပြီဖြစ်ပါတယ်။ ကျေးရွာ တွေကို Warning တွေထုတ်တယ်။ ရွှေ့ပြောင်းဖို့အတွက်ပြောတယ်။ အဲလိုပြောတာဖြစ်တဲ့အတွက် ရေကလည်း တအိအိတက်လာတယ်။ O2B တုန်းကတော့ဝုန်းဒိုင်းဆိုပြီး ထိုးချသွားတာပါ။ အခုကတော့ တအိအိ တက်လာတာဖြစ်တဲ့အတွက် လူ၊ တိရစ္ဆာန် ကျွဲ၊ နွား သေဆုံးပျောက်ဆုံးမှုကို ပြန်ကြည့်ရင် ပွင့်ဖြူမှာ (၁) ဦးပဲဖြစ်ပါတယ်။ (၁)ဦးကလည်း ကျွန်တော်တို့ ရောက်ပြီး ကျွန်တော်တို့ဘေးတင်ပဲဖြစ်တာပါ။ နွားကလူအုပ်ကြီးနဲ့ ပြေးလာတဲ့ဟာကို လန့်ပြီးတော့မှ ရေရှိတဲ့ဘက်ကို ခုန်ဆင်းတာပေါ့။ လူကလည်း ရေမကူးတတ်ဘဲ လိုက်သွားပြီးတော့မှ မျောပါသွားတာ။ နွားနဲ့လူနဲ့ ချည်ရက်ကြီးပါသွားတဲ့ သဘောပါ။ ဒါပဲ ဖြစ်ပါတယ်။ ကျန်တာ လူတွေသေဆုံးမှုမရှိပါဘူး။ ရေဘေးသင့်တဲ့ အိမ်ထောင်စုနဲ့ လူဦးရေကတော့ တင်ပြပါအတိုင်းဘဲဖြစ်ပါတယ်။ အိမ်(၃၆၉)လုံး ပျက်စီးသွားတယ်။ (၃၆၉)လုံး ကလည်း တင်ပြရမယ် ဆိုရင် မြေစိုက်တဲတွေဘဲဖြစ်ပါတယ်။ ခိုင်ခိုင်မာမာဆောက်လုပ်ထားတဲ့ အိမ်တွေက ထရံတွေပွင့်သွားရုံ လောက်ပဲ ဖြစ်တာပါ။ ဓါတ်ပုံမှတ်တမ်းဆက်ပြီးတော့ပြပါမယ်။ (၃၆၉)လုံး ကလည်း တင်ပြရမယ်ဆိုရင် မြေစိုက်တဲတွေဘဲ ပျက်စီးသွားတာ ဖြစ်ပါတယ်။ တချို့ကလည်း ချောင်းဘေးမှာ ကျူးပြီးတော့မှ ရွာမြေမှာမနေဘဲနဲ့ ချောင်းစပ် ဖြစ်နိုင်တဲ့နေရာမှာ တဲလေးတွေဆောက်ပြီး နေတယ်။ နေပြီးတော့မှ အဲဒီတဲပါသွားတယ်။ အဲဒါမျိုးလေးတွေဖြစ်ခြင်း ဖြစ်ပါတယ်။
ဒါကအခိုင်အမာဆောက်ထားတဲ့ အိမ်ပါ။ ထိခိုက်မှုဟာဆိုရင် ထရံပွင့်သွားရုံ လောက်ပဲ ဖြစ်ပါတယ်။ ရွာမြေ(၁၀)ဧက ကမ်းပါးပြိုပြီးပဲ့ပါ သွားပါတယ်။ စိုက်ပျိုးမြေ(၆၂၃)ဧက ပါသွားပါတယ်။ သဲဖုံးလွှမ်းတာ စိုက်ပျိုးမြေ (၂၃၈)ဧက သဲဖုံးလွှမ်းသွားပါတယ်။ စုစုပေါင်း ရွာမြေ(၁၀)ဧက နှင့် စိုက်ပျိုးမြေ (၉၂၁)ဧက ပျက်စီးကြောင်းတင်ပြ အပ်ပါတယ်။ ထို့အတူပဲ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲပေါ့လေ။ ဘဲကတော့ သေတာမဟုတ်ဘူး ပျောက်သွားတာပါ။ ရေကြီးလာတော့ သူ့အုပ်စုလိုက် ကူးသွားရင်းနဲ့ ဘဲ(၂၅၅)ကောင် ဆိုပြီးတော့ နွား (၁၂၉)ကောင် ဆုံးရှုံးပါတယ်။ တင်ပြပါအတိုင်းဖြစ်ပါတယ်။ ဒါကတော့ စိုက်ပျိုးမြေကို သဲဖုံးလွှမ်းသွားတဲ့ အနေအထားပြ မြေပုံဖြစ်ပါတယ်။ ချောင်းရဲ့ Alignment ပြောင်းသွားပြီး တော့မှ စိုက်ပျိုးမြေထဲကို Flood ဖြစ်သွားတဲ့ သဘောပါ။ ဒါလည်း စိုက်ပျိုးမြေသဲဖုံးလွှမ်းသွားတဲ့ပုံပါ။ဒါတော့ စေတုတ္တရာမြို့နယ်ရဲ့ တပွင် တိုက်နယ်ဆေးရုံဆိုတာ မုန်းတမံရဲ့ မြောက်ဘက်မှာရှိပါတယ်။ အဲဒီမှာ တိုက်နယ်ဆေးရုံက Under Construction ဖြစ်ပါတယ်။ ဌာနကိုမအပ်ရသေးပါဘူး။ ကုမ္ပဏီရဲ့လက်ရှိ Under Construction ဖြစ်ပါတယ်။ သို့သော်လည်း သဲဖုံးလွှမ်းသွားပြီးတော့ နှုံးထိုင်သွားတဲ့ အနေအထား မျိုး ဖြစ်ပါတယ်။ သူလည်းပျက်စီးမှုတန်ဖိုး သိန်း(၉၀၀)ကျော် ရှိတယ်ဆိုပြီးတော့ တင်ပြပါတယ်။ ကျွန်တော်လည်း အဆောက်အအုံ ကြီးကြပ်မှုကော်မတီနဲ့ သေချာပြန်ပြီးစစ်ခိုင်းထားပါတယ်။ ဒါကတော့ သက်ဆိုင်ရာ တိုင်းဦးစီးနဲ့ ကော်မတီနဲ့ တင်ဒါစည်းမျဉ်းအတိုင်း ဆက်ဆောင်ရွက် သွားရမယ့် ကိစ္စပဲဖြစ်ပါတယ်။ ဒါလည်း တပွင်တိုက်နယ်ဆေးရုံ ဖြစ်ပါတယ်။ ဒါ မိုးဦးဘက်မှာ ခုန တင်ပြသလိုဘဲ ချောင်း Alignment တွေပြောင်းရေတွေဖြစ်တဲ့အတွက် ဗူးဆိုတာမုန်းရဲ့အပေါ်ဘက် ပါ။ အဲ့ဒီမှာ ဒေသကနေလုပ်ထားတဲ့ သစ်ခက်ဆည် လေးတွေရေမျောပြီးပါသွားတာကို အချိန်မီ စိုက်ပျိုးနိုင်အောင်လို့ ဆည်တွေပြန်လုပ်ပေးတဲ့ မှတ်တမ်းဓာတ်ပုံဘဲဖြစ်ပါတယ်။ ဒါပြုပြင်ပြီး ရေသွင်းပြီးတော့မှ မိုးစပါးဧက (၄၀၀) ကျော် စိုက်ပျိုးနေတဲ့ နေရာဘဲ ဖြစ်ပါတယ်။ ဒါတော့ ရွာချင်းဆက်လမ်းတွေ ချောင်း Alignment ပြောင်းသွားတဲ့အတွက် ရွာချင်းဆက် လမ်းတွေပါသွားတဲ့ ဟာပါ။ ဒါကျေးလက်ဦးစီးလမ်းပါ။ ချောင်း Alignment ဒီလိုဖြစ်သွားတဲ့ အတွက် လမ်းရဲ့ Alignment ကို ပြန်ရှာပြီးတော့မှ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါတော့ ကျေးရွာချင်းဆက်လမ်းပုံပါ။ ဒါတော့ ပွင့်ဖြူက လျှပ်စစ် ထရန်စဖော်မာဝင်းထဲမှာ Control Panel တွေ ရေဝင်သွားတဲ့ အတွက် လျှပ်စစ်မီးလိုင်းတွေ အကုန် Out သွားတယ်။ သို့သော်လည်း (၁)ပတ်အတွင်းမှာ မြို့နယ်ရော၊ ကျေးရွာတွေရော အားလုံးမီးလင်းရေး ဆောင်ရွက်ပေးပြီး ဖြစ်ပါ တယ်။ ဒါ Panel ထဲ ရေဝင်တာကို ပြင်နေတာပါ။ ထို့အတူဘဲ ကမ်းပါးပြိုကျ တဲ့ မှတ်တမ်းဓာတ်ပုံဘဲဖြစ်ပါတယ်။ ဒါတော့ နိုင်ငံတော်သမ္မတကြီး လာပြီးတော့မှ ရေဘေးသင့် ပြည်သူတွေကို အားပေး စကားပြောကြားနေတာ ဖြစ်ပါတယ်။ ဒါတော့ ဒုတိယသမ္မတ(၁) ဒေါက်တာ စိုင်းမောက်ခမ်း လာပြီးတော့မှ ပွင့်ဖြူမြို့နယ်ရဲ့ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ လက်ရှိ Collection ကို လာရောက်ပြီး ကြည့်ရှုအားပေးခြင်းဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ ကြည့်ရှုတဲ့အချိန်မှာ ဆေးရုံရော၊ ကျောင်းတွေရော အကုန်လုံးဟာ Function ဖြစ်နေပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ ကလေးဘက်က ဆင်းလာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘက်ကအားလုံး မူလအနေအထားဖြစ်တဲ့အတွက် တော်တော်လေး စိတ်ချမ်းသာသွားပါတယ်။ ဒါကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လာရောက်ပြီးတော့ ကြည့်ရှုအားပေးခြင်းဘဲဖြစ်ပါတယ်။ ဒါတော့ ခုနက ပျက်သွားတဲ့ အိမ်လေးတွေကို ပြန်ဆောက်ဖို့အတွက် Estimate ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ အကြမ်းဖျင်း(၅)သိန်း နဲ့ တွက်ထားပါတယ်။ ဒါကိုတော့ ကျေးလက်ဦးစီးဌာနကနေ သူ့ရဲ့သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါတော့ အိမ်ရဲ့ Drawing ပုံစံဘဲဖြစ်ပါတယ်။ သွပ်မိုး၊ ထရံကာ၊ ဝါး၊ ကြမ်းပေါက်ခင်း ဒါလေး လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါတော့ လာရောက် လှူဒါန်းတဲ့ဟာတွေပါ။ ဌာနဆိုင်ရာ၊ လူမှုရေးအသင်းအဖွဲ့ အသီးသီးကနေပြီးတော့ သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းတွေ၊ ကျေးရွာတွေမှာ လာရောက် လှူဒါန်းသွားတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ စသဖြင့် အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းသွားတဲ့ စာရင်းဖြစ်ပါတယ်။ ဒါတော့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ စီမံခန့်ခွဲရေးရုံး၊ ကွပ်ကဲရေးရုံးတွေမှာ တရားဝင် လာရောက်လှူဒါန်းသွားတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ နဲ့ အသုံးအဆောင်ပစ္စည်း စာရင်းဖြစ်ပါတယ်။ ဒါကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ကနေပြီး ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြန့်ဝေမှုစာရင်းဘဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့ အခုအချိန်မှာ ကျွန်တော်တို့ လက်ထဲမှာ Top လုပ်ထားတဲ့ စာရင်းဘဲဖြစ်ပါတယ်။ ဒီဟာတွေဟာ အားလုံး Orthogonal ဖြစ်အောင်လို့ ဝင်၊ ထွက်အကုန်လုံးကို စာရင်း၊ ဇယားနဲ့ ကိုက်ညှိပြီးတော့ ကုန်သွယ် လယ်ယာ ဂိုဒေါင်မှာ စနစ်တကျထိန်းသိမ်းထားခြင်းဘဲဖြစ်ပါတယ်။ အဲဒါကို တင်ပြရရင်တော့ ကျွန်တော်တို့အနေနဲ့ တောင်သူတွေ ချက်ချင်း စပါးစိုက်နိုင်အောင်၊ သီးနှံတွေစိုက်နိုင်အောင် Function ဖြစ်အောင်လို့ ချက်ချင်းပြန်လုပ်ပါတယ်။ သို့သော်လည်း သီးနှံရဲ့သဘောသဘာဝအရ နောက်ထပ်သုံးလ၊ လေးလလောက်မှ ပေါ်လာပြီးတော့မှ စားရ၊ သောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောင်သီးနှံပေါ်လာတဲ့ အချိန်ထိ စားနိုင်အောင်လို့ Top လုပ်ထားခြင်းဘဲဖြစ်ပါတယ်။ ပြည်သူတွေအတွက် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ အစိုးရအဖွဲ့မှာ အကောင့်ထဲကို ထည့်ပြီးတော့ လှူဒါန်းသွားတဲ့ ရရှိ၊ သုံးစွဲ လက်ကျန်စာရင်းဘဲဖြစ်ပါတယ်။ ဒါလည်းအားလုံးကို ဘဏ်မှာဘဲ ထိန်းသိမ်းထားပြီးတော့မှ ဒီဟာကို Orthogonal ဖြစ်အောင် စာရင်းစစ်ခံပြီးတော့မှ ဆောင်ရွက်ထား တာဘဲဖြစ်ပါတယ်။ အားလုံး ငွေသားအားဖြင့် (၇၉၇၁)သိန်း ရှိပါတယ်။ ခုနက သုံးစွဲတာနဲ့ဆိုရင် လက်ကျန်(၆၂၂)သိန်း ကျန်ရှိသေးကြောင်း တင်ပြအပ်ပါတယ်။ ဒါလည်း ပြည်သူတွေအတွက် နောက်ဆုံးအခြေ အနေမှာ နောက်တစ်သီး ပေါ်တဲ့အချိန်မှာ စားနိုင်အောင်၊ နေနိုင်အောင်၊ ရပ်တည်နိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ထို့အတူဘဲ တင်ပြရမယ်ဆိုရင် ဈေးတွေမြုပ်ပါတယ်။ ပွင့်ဖြူဈေးလည်း မြုပ်တယ်။ ကုန်းဇောင်းဈေးလည်းမြုပ်တယ်။ ရွာတွေမှာလည်း ရှင်းရှင်း ပြောလို့ရှိရင် လယ်တွေ၊ ယာတွေလုပ်ကိုင်ကြတယ်ဆိုပေမယ့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ ခေါင်းရွက် ဗျပ်ထိုးလေးတွေ၊ အကြော်ဆိုင် လေးတွေ၊ ဆံသဆိုင်လေးတွေ ဒါတွေက အများကြီးကျန်ပါတယ်။ အဲဒီ ဟာတွေကိုပါ ကျွန်တော်တို့ သမအသင်းစုချုပ်နဲ့ရော စည်ပင်နဲ့ရော ပြန်ပြီးတော့မှ ငွေချေးပေးပြီးတော့ သင့်တော်တဲ့အချိန်ကျရင် ပြန်ဆပ်တဲ့ စနစ်နဲ့ ပြန်မတည်ပေးဖို့ အစီအစဉ်တွေ ဆောင်ရွက်လျှက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို တင်ပြပါမယ်။ ကျောင်းတွေပြန်လည်ဖွင့်လှစ်မှုဟာ ရေဘေးသင့်သွားတာ (၁၄၂)ကျောင်း ရှိတယ်။ အားလုံးဟာ (၁၈.၈.၂၀၁၅)မှာ အားလုံးဖွင့်လှစ်ပြီး နောက်ဆုံး ကျောင်း (၁၈.၈.၂၀၁၅) မှာ ဖွင့်လှစ်ပြီး Function ဖြစ်နေပြီဆိုတာ တင်ပြ ပါတယ်။ ကျောင်းတွေထဲ နှုံးဖို့သွားတာကို ဒီကကယ်ဆယ်ရေးအဖွဲ့များနဲ့ မီးသတ်အဖွဲ့တွေနဲ့ ဝိုင်းဆေးပြီးတော့ တော်တော်ကို သဲစုပ်ပန့်တွေနဲ့ ဖျော်ချပြီးလုပ်ယူရတာဖြစ်ပါတယ်။ ဒါကတော့ ပွင့်ဖြူကျောင်းမှာဘဲ ဖြစ်ပါတယ်။ ကျောင်းပြန်ဖွင့်နေတဲ့ မှတ်တမ်းဓါတ်ပုံပါ။ ဒါကတော့စေတုတ္တရာ ပွင့်ထောက်ဆိုတဲ့ရွာမှာဖြစ်ပါတယ်။ စာသင်ကျောင်း ကလည်း ယာယီကျောင်းဘဲ ဖြစ်တယ်။ သဲနှုံးဖုံးသွားတဲ့အတွက် ပြန်ပြီးသုံးလို့ကို မရတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် O2B တုန်းကထိန်းထားတဲ့ စာသင်ကျောင်း Camp တွေရှိပါတယ်။ အဲ့ဒီ Camp တွေကို ပို့ပေး ပြီးတော့မှ ဒီ Camp တွေထဲမှာ ကလေးတွေကို ကျောင်းဆက်သင်နိုင်အောင် လုပ်ပေးထားခြင်းဘဲဖြစ်ပါတယ်။ ဒါလည်း ကျွန်တော်တို့ ဆက်ဆောက် သွားမှာဖြစ်ပါတယ်။ ကျောင်းတွေနဲ့ ပတ်သက်လို့ အားလုံးထိခိုက်သွားတာ ကျောင်း (၁၇)ကျောင်းအတွက် (၁၅၃)သန်း ဌာနတွင်း တင်ပြပြီး ရန်ပုံငွေ ရရှိရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ငွေလုံးငွေရင်း ရန်ပုံငွေ ရလာရင် Pukka Building ကျွန်တော်တို့လုပ်ပါမယ်။ လောလောဆယ် တော့ ယာယီနဲ့စာသင်နိုင်အောင် ပြင်ထိန်းရန်ပုံငွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တင်ပြအပ်တယ်။ ဒါဆေးရုံဆေးခန်းမှာ ပွင့်ဖြူမြို့နယ်ဆေးရုံ ဆိုလို့ရှိရင် (၃)ပေနဲ့ (၄)ပေလောက် ဝင်သွားပါတယ်။ ဆေးတွေလည်းတချို့ ပြန်ပြီးဆယ်တင်ရတဲ့ ဟာလည်းရတယ် ပျက်စီးသွားတာလည်း ပျက်စီး တယ်။ သို့သော်လည်း ဆေးရုံဆေးခန်းတွေအားလုံးဟာ ဒီအချိန်မှာ Function ဖြစ်နေပြီ ဖြစ်ပါတယ်။တိုက်နယ်ဆေးရုံအနေနဲ့ ကုန်ဇောင်းဆေးရုံ ရေဝင်ပါတယ်။ တပွင်ကတော့ မအပ်သေးတဲ့အတွက် စာရင်းထဲမှာ Count လုပ်မထားပါဘူး။ ကုန်ဇောင်းဆေးရုံရေဝင်ပါတယ်။ အကုန်လုံး Function ဖြစ်နေပြီဖြစ်ပါတယ်။ ဆေးရုံတွေကို ဝိုင်းဆေးပြီးတော့မှ ပြန်လည်လုပ်ပေးတာဖြစ်ပါတယ်။ ရေတွင်း၊ ရေကန်တွေပျက်စီးသွားတာ တွေရှိတယ်။ ရေတွင်း၊ ရေကန်တွေနဲ့ ပတ်သက်လို့ ဆေးခတ်ပြုပြင်ခြင်း၊ ပြန်မှုတ်ခြင်း၊ ပြန်ဖော်ခြင်း၊ ဒါတွေအားလုံး ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဆေးခတ်ခြင်းက (၈၂၄၄) တွင်း ဖြစ်ပါတယ်။ ရေတွင်း၊ ရေကန်အားလုံး ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဒါကျွန်တော်တို့ လုပ်ပေးနေတဲ့ပုံပါ။ လယ်ယာကဏ္ဍကို ဆက်ပြီးတင်ပြပါမယ်။ ခုနကတင်ပြထားတဲ့အတိုင်းဘဲ မဲဇလီဝီရာကနေ ပြီးတော့မှ မြောက်မုန်း၊ တောင်မုန်း မြောင်းမကြီးတွေ ဆိုပြီးတော့ခွဲထွက်ပြီး လက်တံမြောင်းတွေနဲ့ ရေသောက်စနစ်ကို ပေးထား တာဖြစ်တယ်။ အဲဒါကြောင့်မလို့ ရေသောက်စနစ်တွေဟာ ရေကြီးရေလွှမ်း တာကြောင့် Structure တွေပျက်စီးသွားတာရှိတယ်။ မြောင်းတွေ ပျက်စီး သွားတာရှိတယ်။ အဲဒါကို တင်ပြပါ မဲဇလီဝီရာကနေ အောက်ကို လိုက်လာပြီးတော့မှ ပြင်လည်းပြင်၊ ရေလည်းပေး၊ မျိုးစပါးလည်းဖြန့်၊ ထယ်ထွန်လည်းဆက်ဝင် အဲဒါမျိုးနဲ့ အပေါ်ကနေအောက်ကို Follow Up လုပ်သွားတာ စက်တင်ဘာ (၂၅) ရက်နေ့ ဆို အားလုံးထွန်းတုံးပိတ် စိုက်ပျိုးပြီးဖြစ်မယ်ဆိုတာ တင်ပြအပ်ပါတယ်။ မြောင်းမကြီးတွေ ပျက်စီး သွားတာဟာ တင်ပြပါအတိုင်း တောင်မုန်းမြောင်းဆို (၈)နေရာ ပျက်ပါတယ်။ မြောက်မုန်း မြောင်းဆို နေရာ(၂၀) ပျက်ပါတယ်။ ကျန်တာ လက်တံမြောင်းတွေ ပျက်ပါတယ်။ အားလုံး ပြင်ပေးရမှာ (၁၈၇)ခု ဖြစ်ပါတယ်။ ဒါကို Temperate ပြင်ပေးပြီး ဖြစ်ပါတယ်။ Temperate ဆိုတာ မြောင်းကို ပြင်တဲ့အခါမှာ မြေသားကိုမကြိုက်လို့ရှိရင် Borrow ယူပြီးတော့မှ မြေသားကြိုက်တဲ့နေရာက ယူပြီးတော့မှ ဖြည့်ပြီး ပြင်ရပါတယ်။ အခုလောလောဆယ်တော့ အဲလိုမလုပ်သေးနိုင်ဘဲနဲ့ ရေပေးနိုင်အောင်ဘဲ ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။ ထို့အတူဘဲ မြောင်းမကြီးတွေထဲမှာ ခုနကတင်ပြသလိုဘဲ သဲနှုံးတွေဖို့သွားတယ်။ ဖို့သွားတဲ့အတွက်ကြောင့် ရေ Level ဟာ ပုံမှန်သတ်မှတ်ထားတာ (၈) ပေ ဆိုပေမယ့် မြောင်းကို အပြည့်လွှတ်နေသော်လည်း တကယ်(၈)ပေ Full Size အပြည့် မရှိပါဘူး။ ဒီသဲနှုံးတွေလည်း ပြန်ဖော်ရမယ်။ အချို့ Structure တွေလည်းစားသွားပြီးတော့ ငုတ်တုတ်ကျန်နေခဲ့တာတွေလည်း ပြန်ပြင်ပေးဖို့ ရှိသေးတယ် ဆိုတဲ့ အကြောင်း တင်ပြအပ်ပါတယ်။ စက်ယန္တရားနဲ့ ပြုပြင်တဲ့ ယန္တရားအရေအတွက်ပါ။ ဒါမှတ်တမ်း ဓါတ်ပုံပါ။ ဒါ မြောင်းမကြီးတွေ ပဲ့သွားတဲ့ဟာတွေပါ။ သီးနှံတွေထိခိုက်ပျက်စီးမှုတွေ အနေနဲ့ စပါးဆိုလို့ရှိရင် (၄၅၇၇၈) ဧက ထိခိုက် သွားပါတယ်။ ပျက်စီး တာက (၄၉၃၁၉) ဧက၊ ပြန်စိုက်တာက (၂၇၉၀) ဒါ ထိခိုက်ပျက်စီးတာ။ ခုအခြေအနေမှာတော့ တချို့က ပျိုးဆက်ရှိသေးတဲ့ဟာကိုပျိုးနဲ့စိုက်ပါတယ်။ အချို့ကတော့ တိုက်ရိုက်အစေ့ချ စနစ်နဲ့ပြန်လည် စိုက်ပျိုးလျှက်ရှိကြောင်း တင်ပြအပ်တယ်။ ဒါကတော့သီးနှံတွေ ထိခိုက်သွားတာပါ။ မိုးနှမ်းဆိုလို့ ရှိရင် (၁၇၉၂၁) ဧက ထိခိုက်တယ်။ (၁၂၀၀၀) ဧက ပျက်စီးတယ်။ ဒါကိုလည်း တင်ပြရမယ် ဆိုလို့ရှိရင် မိုးနှမ်းက စပါးစိုက်မယ့်နေရာမှာ ရေသွင်းနှမ်းအနေနဲ့ စိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကို မိုးစပါးအနေနဲ့ ပြန်ဖြည့်ပြီးတော့ စိုက်သွားမှာဖြစ်ပါတယ်။ အခြားသီးနှံတွေမှာ စေတုတ္တရာ ဘက်ကတော့ တောင်းဆိုတာ ထောပတ်ပဲတောင်းဆိုပါတယ်။ ထောပတ်ပဲမျိုး ရပြီဖြစ်ပါတယ်။ ပဲတီစိမ်းနဲ့ ထောပတ်ပဲ အစားထိုး စိုက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း တင်ပြအပ်ပါတယ်။ ဒါ ပြန်လည် စိုက်ပျိုးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ လျာထားဧက (၈၉၈၅၈) မှာ စိုက်ပြီး တာက (၄၂၆၂၉) ဧကဖြစ်ပါတယ်။ စိုက်ရန်ကျန် (၄၈၂၂၇) ဧက ဖြစ်ပါ တယ်။ အဲဒါတွေစိုက်ဖို့အတွက် စိုက်ရမယ့် ရက်ပေါင်းက (၃၆)ရက် ဖြစ်ပြီးတော့ အသုံးပြုရန် ကောက်စိုက်သမ ဦးရေ (၁၂၀၀၀) နဲ့ စိုက်သွားမှာ ဖြစ်တဲ့အကြောင်းတင်ပြအပ်ပါတယ်။ ဒါစိုက်ပျိုးနေတဲ့ မှတ်တမ်းဓါတ်ပုံပါ။ မျိုးစပါးတွေလိုအပ်ချက် တင်း (၄၆၀၀၀) လိုအပ်ပါတယ်။ လက်ထဲမှာ အားလုံးရပြီး ဖြစ်ပါတယ်။ တောင်သူတွေကိုလည်း ဖြန့်ပြီး ဖြစ်ပါတယ်။ အဲတော့ လက်ကျန် (၅၉၁၀) တင်းကျန်ပါတယ်။ ကျန်တယ်ဆိုတဲ့ အကြောင်းအရင်းက အချို့တောင်သူတွေမှာ ပျိုးခင်းကို ထိခိုက်သွားတယ် ဆိုပေမယ့်လည်း ပြန်စိုက်လို့ရမယ့် ပျိုးတွေ ကျန်ပါတယ်။ အချို့ကျတော့ မျိုးစပါးကိုလှောင်ထားတဲ့ စပါးကျီတွေအထိ ရေမဝင်သွားတဲ့အတွက် သူတို့လက်ထဲမှာ ကျန်နေသေးတဲ့ဟာတွေရှိပါတယ်။ ဒါကို ကျွန်တော်တို့ Top လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါတော့ ဖြန့်ဝေပေးတဲ့ပုံပဲဖြစ်ပါတယ်။ နောက်မွေးမြူရေးကဏ္ဍကို ဆက်ပြီးတင်ပြပါမယ်။ မွေးမြူရေးကဏ္ဍမှာ ရေဘေးသင့်တဲ့အတွက် ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသဖြင့် စုရပ်ပေါင်း(၂၈)ခုမှာ ရောက်ရှိလာပြီးတော့မှ ကောင်ရေ အနေနဲ့ ကျွဲ၊ နွား (၈၅၀၉)ကောင် ရောက်ရှိပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း တစ်ပြိုင်နက် တည်းပဲ တင်ပြပါအတိုင်း ဆောင်ရွက်ပေးထားပြီး ဖြစ်တဲ့အကြောင်း တင်ပြပါတယ်။ ခုချိန်မှာတော့ ဒီ ကျွဲ၊ နွားတွေ အားလုံးဟာ ကိုယ့်ရွာကို ပြန်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒါကတော့ ကျွဲ၊ နွားတွေ ခုနကပြောတဲ့ စခန်းတွေမှာ အစားအစာကို ပြန်ပြီးထောက်ပံ့ ပေးထားတာပဲ ဖြစ်ပါတယ်။ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်ဟာ ရေနံချောင်းနဲ့ဆက်စပ်နေတဲ့အတွက် ရေနံချောင်းဘက်ကို ဇက်တွေနဲ့ ဆွဲတင်ပြီးတော့မှ ရေနံချောင်းမှာ စခန်းတွေ ဖွင့်ပြီးတော့ ဆောင်ရွက်ပေးထားခြင်းပဲဖြစ်ပါတယ်။ ဒါတွေက အကုန်ပြန်ရောက်သွားပြီဖြစ်ပါတယ်။ စက်မှုလယ်ယာ ကဏ္ဍကို တင်ပြပါမယ်။ စက်မှုလယ်ယာကဏ္ဍမှာ အဓိကကတော့ ပွင့်ဖြူရဲ့မဲဇလီရေသောက်မှာ လက်တွန်းထွန်စက်ပေါင်း (၂၃၀၀)ကျော်ရှိပါတယ်။ အဲထဲမှာ တောင်သူပိုင် လက်တွန်းထွန်စက် (၅၄၈) ဟာ ရေမြုပ်သွားပါတယ်။ စက်တွေပျက် သွားပါတယ်။ ဒါတွေအားလုံးကိုလည်း Machinist Team နဲ့ တောင်မုန်း၊ မြောက်မုန်းမြောင်း (၂) ခုကိုခွဲပြီး ဆင်းပြီးတော့မှ တစ်ခါတည်း တောက်လျှောက်ပြင်ပေးပြီး ဆောင်ရွက်ပေးတဲ့ဟာပဲ ဖြစ်ပါတယ်။ ဒါ အားလုံးပြီးပြီ ဖြစ်ပါတယ်။ ထို့အတူပဲ ထွန်စက်ကြီးတွေကို စခန်းတွေကနေ ခွဲစုပြီးတော့မှ ကျွဲ၊ နွားတွေက အသင့်မဖြစ်သေးဘူး။ နွားမဝယ်နိုင်ဘူး။ တချို့ကျတော့ လယ်ပဲရှိတယ်။ နွားငှားရတယ်။ ထွန်တုံးထွန်တံ ငှားရတယ်။ အဲဒါမျိုးတွေ ရှိတဲ့အတွက် ဒီလိုဒုက္ခတွေ မရောက်အောင်လို့ လက်တွန်းထွန်စက်ကိုလည်း ပြင်ပြီးဝင်တယ်။ ထွန်စက်ကြီးတွေနဲ့လည်း တစ်ပြိုင်နက် ထွန်ပေးပြီး ဆောင်ရွက်တာပဲဖြစ်ပါတယ်။ ဒါကတော့ ထွန်ယက်ပြီးနဲ့ ထွန်ယက်ရန်ကျန် ဖြစ်ပါတယ်။ အားလုံး Target အနေနဲ့ ကတော့ စက်တင်ဘာ ပထမပတ်မှာ အားလုံးအပြီးဆိုပြီးတော့ Target ထားပြီး ဆောင်ရွက်လျှက်ရှိပါတယ်။ ခုနက မုန်း Flood ဖြစ်သလိုပဲ တစ်ခြားသော မြို့နယ်တွေမှာလည်း တစ်ပြိုင်နက်တည်းဖြစ်တဲ့ ဟာကို လွှတ်တော်ကိုယ်စားလှယ်ကြီးများအတွက် ပြုစုတင်ပြခြင်းပဲဖြစ်ပါတယ်။ ဒါကတော့ ဂန့်ဂေါ-ပုလဲ လမ်းဘဲ ဖြစ်ပါတယ်။ ဂန့်ဂေါ-ပုလဲ လမ်းမှာ ပြုပြင်ထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ခုနကတင်ပြသလိုပဲ မိုးရေချိန် များတဲ့အတွက် အချို့သော နေရာတွေမှာ မြေကြီး Slide ဖြစ်တဲ့ ဟာတွေရှိပါတယ်။ ဒါတွေလည်း ဆောက်လုပ်ရေးဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးနဲ့ တိုက်ရိုက်ညှိနှိုင်းပြီး ဆောင်ရွက်လျှက်ရှိကြောင်း တင်ပြအပ်ပါ တယ်။ ဒါလည်း ဂန့်ဂေါ-ပုလဲ လမ်းက ဖြစ်တဲ့ဟာကို ဆောင်ရွက်ထားတာပဲ ဖြစ်ပါတယ်။ ထို့အတူဘဲ ဂန့်ဂေါမြို့နယ်မှာ မြစ်သာရေလှောင်တမံ လုပ်နေတာရှိပါတယ်။ အဲဒီမှာ အောက်က လုပ်နိုင်ဖို့ အတွက် အပေါ်မှာ Diversion Forbidden ယာယီရေထိန်းတမံ လုပ်ပြီးတော့မှ အောက်မှာ လုပ်ငန်းတွေလုပ်နေပါတယ်။ အဲဒီတော့ Forbidden ထဲကို ရေဝင်လာတဲ့ ဟာကို Diversion Channel နဲ့ ရေလွှဲမြောင်း လွှဲထုတ်ရတာပေါ့။ အဲလို လွှဲထုတ်တဲ့ဟာမှာ မြစ်သာမြစ်တလျှောက်မှာ ရေများတဲ့အတွက် ရေဟာ တစ်ဖက်က ကမ်းမှာရှိတဲ့ ပြင်သာရွာကို သွားထိုးပါတယ်။ သွားထိုးတဲ့ အတွက် ပြင်သာရွာက တင်ပြပါ စာသင်ကျောင်းပဲ ဖြစ်ပါတယ်။ ဒီစာသင်ကျောင်းကတော့ လုံးဝရေထဲပါသွားပါတယ်။ ဒါလည်းအားလုံး ပြန်ပြင်ပေးရမှာ ဖြစ်တဲ့အကြောင်း တင်ပြအပ်ပါတယ်။ နတ်ရေကန် ရှောင်ကွင်းလမ်းဆိုတာ မင်းဘူး-အမ်း လမ်းမှာပါ။ ဒါလည်း မြေသားတွေ Slide ဖြစ်တဲ့ဟာပဲ ဖြစ်ပါတယ်။ ဒါတွေလည်း အခု ပြုပြင်ပေးလျှက် ရှိကြောင်းတင်ပြအပ်ပါတယ်။ အောက်ကနေပြီး ယာယီအားဖြင့် ကတ္တရာ ပုံးခွံတွေထဲကို မြေအပြည့်ဖြည့်ပြီးတော့မှ ရိုက်လာခြင်းပဲဖြစ်ပါတယ်။ အပေါ်ကိုဆက်ပြီး တက်သွားတဲ့ဟာပါ။ သဘာဝဘေးဒဏ်နဲ့ပတ်သက်လို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ၊ ပြန်လည်ရပ်တည်နိုင်အောင် လုပ်နေတဲ့ဟာတွေ၊ မူလထက်ပိုမို အဆင့်မြင့်လာအောင်လို့ အကူအညီယူပြီး ဆောင်ရွက်တဲ့ဟာတွေကို မျှဝေတင်ပြခြင်းပဲ ဖြစ်ပါတယ်။ ထို့အတူပဲ မကြာခင်ကျင်းပတော့မယ့် အထွေထွေ ရွေးကောက်ပွဲကြီးကိုလည်း အောင်အောင်မြင်မြင် ချောချောမွေ့မွေ့နဲ့ လုပ်နိုင်အောင် ရွေးကောက်ပွဲ အကြိုကာလကော၊ ရွေးကောက်ပွဲအပြီးကာလကော တည်တည်ငြိမ်ငြိမ် ဖြစ်အောင် အစိုးရဖွဲ့အနေနဲ့ကြိုးစားဆောင်ရွက် သွားမယ်ဆိုတာ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။