ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၁၂) ၁၃၇၄ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ( ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် )

အမိန့်ကြေညာချက်များ

“ အထူးအစည်းအဝေး(၂/၂၀၁၂) စတင်ကျင်းပမည့်နေ့ရက်အားကြေညာခြင်း”

ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၂)ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် ( ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် )နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းကြေညာလိုက်သည်။

 

ရဲမြင့်

ဥက္ကဋ္ဌ

မကွေးတိုင်းဒေသကြီးလွှတ်တော်