ပွင့်ဖြူမြို့ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်အား ကြိုဆိုဖူးမျှော်ပူဇော်

ဆောင်ရွက်ချက်များ

ပွင့်ဖြူမြို့ စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်အား ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့၊ နံနက်(၀၉၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ပင့်ဆောင်အပူဇော်ခံခဲ့ ပါသည်။
စိန်ဖူးတော်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊
မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၀န်ထမ်းများ၊ တိုင်းဒေသကြီးလွွှတ်တော်ရုံးဝန်ထမ်းများမှကြိုဆို ဖူးမျှော်ကြည်ညိုခဲ့ကြပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွွှတ်တော်အဆောက်အဦအသစ်အား တာဝန်ယူတည်ဆောက် လျက်ရှိသည့် Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီမှ စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးအတွက် အလှူငွေ ကျပ်(၁၀)သိန်းအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများမှ လက်ခံခဲ့ပါသည်။