
ဖက်ဒရယ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဧပြီလ(၆)ရက်နေ့မှ (၇)ရက်နေ့အထိ နေ့စဉ် နံနက်(၀၉ဝဝ)နာရီအချိန်မှ (၁၆၃၀) နာရီအချိန်အထိ မကွေးမြို့၊ နတ်မောက်လမ်း၊ ရွာသစ်ရပ်ရှိ ထိန်ထိန်သာဟိုတယ်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်နှင့် Community Response Group (ComReG) အဖွဲ့တို့ပူးပေါင်း၍ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့် ရုံးအဖွဲ့များ၊ Community Response Group (ComReG) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ComReG တာဝန်ရှိသူမှ အမှာစကားများ ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများမှ လက်ရှိ မြန်မာပြည်အခြေအနေများနှင့် ဆက်စပ်ပြီး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။