ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက် နံနက်(၀၇၃၀) နာရီအချိန် မကွေးမြို့၊ ဗိုလ်ချုပ်ပန်းခြံ၌ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မိဘပြည်သူများနှင့် ကလေးသူငယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီးပြန်/ဆက်ဦးစီးမှူး ဦးညွန့်နိုင်တို့က လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် လေးစားအားကျဖွယ်၊ အတုယူဖွယ် ဂုဏ်ဒြပ်များကိုဖော်ညွှန်းသည့် ဆွေးနွေးပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ခြင်း၊ မသန်စွမ်းကလေးများနှင့် အေးချမ်းမေတ္တာ ပရဟိအသင်းမှ တေးသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ ပညာရေးဌာနမှ ကျောင်းသား(၃)ဦးက ဗိုလ်ချုပ်မိန့်ခွန်း ပြောကြားခြင်း ပြိုင်ပွဲများပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား ပဲပြုတ်နံပြားဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။