မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ရေးတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခန်းကဏ္ဍအပေါ် အရပ်ဖက်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲရလာဒ်များကို ပြန်လည်တင်ပြခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တက်ရောက်

ဆောင်ရွက်ချက်များ

(၂၉.၄.၂၀၁၈)ရက်နေ့၊ နေ့လယ်(၁၃၀၀)နာရီအချိန်တွင် မကွေးမြို့၊ မကွေးဟိုတယ်၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ရေးတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခန်းကဏ္ဍအပေါ် အရပ်ဖက်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲရလာဒ်များကို ပြန်လည်တင်ပြခြင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဧပြီလ (၂၈)ရက်နေ့ တွင်ဆွေးနွေးခဲ့သော မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီများ၏ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၏ သဘောထားအမြင်များ အပေါ် ဆွေးနွေးပွဲရလာဒ်များကို တင်ပြခဲ့ပြီး တက်ရောက်လာသော တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။